You Are Here: Home - ထုတ်ပြန်ချက် , ပင်မစာမျက်နှာ , အရေးကြီးသတင်းများ - စစ်တွေမြို့နယ် သံဃာ့ဂိုဏ်းပေါင်းစုံ သာရေးနာရေးအသင်း မှ အချက် ၃ ချက်ထုတ်ပြန်

စစ်တွေမြို့နယ် သံဃာ့ဂိုဏ်းပေါင်းစုံ သာရေးနာရေးအသင်း မှ ယနေ့ ဇွန် ၁၇ ရက် နေ့ မွန်းလွဲ ၁နာရီ ၃၀ မီနစ်က အစည်းအဝေးတစ်ရပ် ကျင်:ပခဲ့ပြီး
အချက် ၃ ချက်ထုတ်ပြန်ကြေညာခဲ့ကြောင်းသိရသည်။

ရခိုင်ပြည်နယ်တွင်း ရေရှည်တည်ငြိမ်အေးချမ်းရေးအတွက်ဦးတည် ပြုလုပ်သော သံဃာ့ဂိုဏ်းပေါင်းစုံတွေ့ဆုံပွဲအပြီးတွင် ဘင်္ဂါလီလူမျိုးများကို
ရခိုင်လူမျိုးများနှင့်ဝေးရာသို့ ပို့ထားရန်၊ ရခိုင်လူမျိုးများနှင့် ဘင်္ဂါလီလူမျိုးများကြား` လုံခြုံရေးအတွက် လုံခြုံရေးတပ်ချထားပေးရန်၊ နိုင်ငံသား
စီစစ်ရေးကဒ်မရှိသော ဘင်္ဂါလီလူမျိုးများကို ရခိုင်ပြည်နယ်နှင့် မြန်မာနိုင်ငံတွင် မထားရန် စသည့် အချက် ၃ ချက်ကို ၃ နာရီအကြာတွေ့ဆုံပွဲအပြီးတွင
ထုတ်ပြန်ကြေညာခဲ့သည်။ ယင်းကြေညာချက်အား သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများသို့ ရခိုင်လူမျိုးများကိုယ်စား တင်ပြတောင်းခံပေးသွား
မည်ဖြစ်ကြောင်း တစ်ပါတည်းထုတ်ပြန်ခဲ့သည်။

ယင်းအစည်းအဝေးအပြီးတွင် အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရသော ဒေသခံရခိုင်တိုင်းရင်းသားများအတွက် ကူညီကယ်ဆယ်ရေးများ ပြုလုပ်ပေးကြရန်
သဘောထားထုတ်ပြန်ခဲ့ပြီး အစည်းအဝေးတက်ရောက်လာသော သံဃာတော် အတော်များများက အလှူငွေများစုပေါင်းကောက်ခံခဲ့ကြသည်။


မိုးမြင့်မြတ်


Blogger Widgets