You Are Here: Home - ပင်မစာမျက်နှာ , သတင်း - ဒေါက်တာ အေးမောင်နှင့် ဦးဦးလှစောတို့ ရတပ၏ ဥက္ကဌနှင့် အထွေထွေ အတွင်းရေးမှူး အဖြစ် ပြန် တင်မြောက်ခံရ

မင်းဆက်ခိုင်
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ညီလာခံတွင် ထိပ်ပိုင်း ခေါင်းဆောင် နှစ်ဦး ဖြစ်သော ဒေါက်တာ အေးမောင်နှင့် ဦးဦးလှစောတို့မှာ ပါတီ ဥက္ကဌနှင့် အတွင်းရေးမှူး အဖြစ် ပြန်လည် ရွှေးချယ် တင်မြှောက် ခံခဲ့ရသည်။
မေလ ၃၀ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့ထိ ကျင်းပခဲ့သော (၄) ရက်ကြာ ညီလာခံတွင် ဗဟိုကော်မီတီဝင် ၄၅ ဦးကို ပါတီ၏ ဖွဲ့စည်း အုပ်ချုပ်ပုံနှင့် အညီ ရွှေးကောက်တင်မြှောက်ခဲ့ပြီး အဆိုပါ ၄၅ ဦးမှ ဗဟို အလုပ် အမူဆောင် ကော်မီ (၂၁) ဦးကို ထပ်မံ ရွှေးကောက် တင်မြှောက်ခဲ့ကြသည်။
ဦးဦးလှစောမှာ ရမဲ ၄၂ မဲဖြင့် ရှေ့ဆုံးမှ ဦးဆောင်ခဲ့ပြီး ဒေါက်တာအေးမောင်မှာ ၃၉ မဲ ရရှိခဲ့သည်ဟု ပါတီ အတွင်း သတင်းရပ်ကွက်အရ သိရသည်။
တစ်ခြား ဗဟို အလုပ်အမူဆောင် ကော်မီတီ အဖြစ် ရွှေးချယ် တင်မြှောက်ခံရသူများမှာ ဦးမြင့်နိုင် (၃၉ မဲ)၊ ဦးခိုင်ပြည်စိုး (၃၈ မဲ)၊ ဦးဖေသန်း (၃၈ မဲ)၊ ဒေါ်အေးနုစိန် (၃၇ မဲ) ၊ ဦးအောင်မြကျော် (၃၇ မဲ)၊ ဦးသာထွန်းလှ (၃၇ မဲ)၊ ဦးတင်ဝင်း (၃၇ မဲ) ၊ ဦးဇော်အေးမောင် (၃၅ မဲ) ၊ ဦးထွန်းအောင်ကျော် (၃၀ မဲ)၊ ဦးအောင်ကျော်ဇံ (၃၀ မဲ) ၊ ဦးဘရှိန် (၂၉ မဲ)၊ ဦးတင်ဌေး (၂၇ မဲ)၊ ကိုခိုင်ကျော်မိုး ( ၂၆ မဲ)၊ ဒေါ်ခင်စောဝေ (၂၅ မဲ)၊ ဦးခိုင်ကောင်းစံ ( ၂၅ မဲ)၊ ဦးအုံးတင် (၂၅ မဲ)၊ ဦးအေးစံ (၂၄ မဲ)၊ ဒေါ်သန်းသန်းစိုး (၂၃ မဲ) နှင့် ဦးသာထွန်းလှ ( ၂၃ မဲ) တို့ ဖြစ်ကြသည်။
ပါတီ၏ ခေါင်းဆောင်ပိုင်း တာဝန်များတွင် ဥက္ကဌ – ဒေါက်တာအေးမောင်၊ ဒု-ဥက္ကဌ – ဦးတင်ဝင်း၊ ဒု-ဥက္ကဌ – ဦးအုန်းတင်၊ အထွေထွေအတွင်းရေးမှူး – ဦးလှစော၊ အတွင်းရေးမှူးအဖွဲ့ဝင် – ဦးခိုင်ပြည်စိုး၊ အတွင်းရေးမှူး အဖွဲ့ဝင် – ဦးသာထွန်းလှ၊ ဘဏ္ဍာရေးမှူး – ဦးမြင့်နိုင်၊ ဘဏ္ဍာရေးမှူး – ဦးအောင်မြကျော် တို့ ဖြစ်ကြသည်။
ယခု ညီလာခံတွင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ ရခိုင်ပြည်နယ် ၀န်ကြီး (၃) ဦးဖြစ်သော ဦးသာလူချေ၊ ဦးအောင်သန်းတင်နှင့် ဦးကျော်သိန်းတို့မှာ ဗဟို အလုပ်အမူဆောင် ကော်မီတီ ( CEC) မပါသည့် အပြင်  ဗဟိုကော်မီ ၅၄ ဦးတွင်ပင် ရွှေးချယ်ခြင်း မခံခဲ့ရကြောင်း သိရသည်။
ပါတီ သတင်းရပ်ကွက် အရ အဆိုပါ ၀န်ကြီး (၃)မှာ ပြည်နယ် အစိုးရ ၀န်ကြီးများ ဖြစ်ပြီးနောက် ပါတီ ပေါ်လစီ လမ်းစဉ်မှ သွေဖယ်သွားသည်သာမက သူတို့ (၃) ဦး၏  ညီလာခံတွင် တင်သွင်းသော အစီရင်ခံစာတွင်လည်း  ရခိုင်ပြည် သူလူထု အတွက် တစ်စုံတစ်ရာ အကျိုးပြုသော စကားတစ်လုံးမှ မပါဝင်သဖြင့် ညီလာခံကိုယ်စားလှယ်များမှ စိတ်ပျက်ကာ မရွှေးချယ်ဘဲ ချန်ထားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
Blogger Widgets