You Are Here:
Home -
ထုတ်ပြန်ချက်
,
ပင်မစာမျက်နှာ
,
လက်ရှိအခြီနီ
-
Arakan Liberation Party (ALP)၏ သဘောထားထုတ်ပြန်ချက် ရက်စွဲ-၂၀၁၂၊ ဇွန်လ ၁၄ ရက်။
Arakan Liberation Party (ALP)၏ သဘောထားထုတ်ပြန်ချက် ရက်စွဲ-၂၀၁၂၊ ဇွန်လ ၁၄ ရက်။
Posted by Unknown on 6:29 PM //
မိမိတို့ရခိုင်ပြည်ကြီးသည်ကား မသာမာသူတို့၏ အစီအစဉ်ရှိရှိ ရက်စက်စွာဖျက်စီးမှုကြောင့် ပြာပုံအတိဖြင့် ညက်ညက်ကြေသည့်အဖြစ်သို့ ရောက်ရှိခဲ့ရပြီးဖြစ်သည်။ ယခုဖြစ်ပေါ်လာသော အဓိကရုဏ်းသည် သွေးရိုးသားရိုး ဖြစ်ပေါ်လာသော ကိစ္စတစ်ခုမဟုတ်ဟု မိမိတို့မှ အလေးအနက်ခံယူသည်။ ထိုအပြင် မြန်မာနိုင်ငံ၏ တည်ငြိမ်ရေးနှင့်လုံခြုံမှုကို ခြိမ်းခြောက်နေသော စိန်ခေါ်မှုတစ်ရပ်ဖြစ်သည်ဟု မှတ်ယူသည်။
အဓိကရုဏ်း၏ ဇတ်မြစ်ကို သေခြာစွာဖေါ်ထုတ်ရန်နှင့် အဓိကရုဏ်းနှင့် ဆက်စပ်ဆက်နွယ်မှုရှိသော မသမာသူများအားလုံးကို တရားနည်းလမ်းကျကျ မှန်ကန်စွာ အရေးယူဆောင်ရွက်ပေးပါရန် နိုင်ငံတော် အစိုးရထံသို့ ထပ်မံမေတ္တာရပ်ခံလိုက်သည်။
ယခုအခါ ရခိုင်ပြည်၏မြို့တော် စစ်တွေသည်ပင် ပြာပုံအတိဖြစ်သွားရပြီး လုံခြုံရေးကင်းမဲ့လျက်ရှိသည်။ နိုင်ငံတော်မှ ပုဒ်မ ၁၄၄ ကိုထုတ်ပြန်ပြီး အရေးပေါ်အခြေအနေ ကြေငြာထားသော်လည်း ထိုကြေငြာချက်မှာ ရုပ်ပြမျှသာဖြစ်နေပြီး၊ တစ်စုံတစ်ရာ အကြိုးသက်ရောက်မှုမရှိသည်ကို အထင်အရှားတွေမြင်နေရသည်။ အပြစ်မဲ့ပြည်သူထောင်ပေါင်းများစွာတို့မှာ အိုးမဲ့အိမ်မဲ့ဖြစ်သွားကြရပြီး ယာရီကယ်ဆယ်ရေးစခန်းများတွင် အကာအကွယ်မဲ့စွာဖြင့် စုပြုံခိုလုံလျက်ရှိနေကြရသည်။ ပြည်သူများစွာလဲ ဆက်လက်သေဆုံးနေကြဆဲ ဖြစ်သည်။ ထိုသို့ဖြစ်ရသည်မှာ နိုင်ငံတော်အစိုးရတွင် လုံးဝတာဝန်ရှိသည်။ ထိုအဖြစ်ဆိုးများကို ရခိုင်လွတ်မြောက်ရေးပါတီ(ALP)မှ ရတက်မအေးဖြစ်ရပြီး ရခိုင်ပြည်သူလူထုနှင့် ထပ်တူထပ်မျှခံစားရပါသည်။
သို့ဖြစ်၍ နေရာအနံ့အပြားရှိ တောရောမြို့ပါမကျန် လုံခြုံမှုအပြည့်အဝရစေရန် နိုင်ငံတော်မှ အထူးစီမံချက်များ ချက်မှတ်၍ ဆောင်ရွက်ပေးပါရန် နိုင်ငံတော်အစိုးရသို့ ပြင်းပြင်းထန်ထန် တောင်းဆိုပါသည်။
ထို့အပြင် အိုးမဲ့၊ အိမ်မဲ့ဖြစ်နေကြသော ရခိုင်ပြည်များအတွက် ပြန်လည်နေရာချထားရေးနှင့် စိတ်ချလုံခြုံစွာ ပြန်လည်လုပ်ကိုင်စားသောက်နိုင်ရေးကို နိုင်ငံတကာအကူအညီဖြင့် ဝိုင်းဝန်းလုပ်ဆောင်ပေးပါရန် နိုင်ငံတော် အစိုးရနှင့် နိုင်ငံတကာအစိုးရများသို့ တိုက်တွန်းမေတ္တာရပ်ခံအပ်ပါသည်။
ဗဟိုကော်မတီ
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)
ဆက်သွယ်ရန် +660861854641