နေ့စွဲ…၈၊၅၊၂၀၁၂
စာအမှတ်…၀၀၂
အကြောင်းအရာ။ ။ ၀ရသင်္ခဓမ္မရာဇာ မင်းလောင်း ကိုတွေ့ရှိခြင်းအကြောင်း
ခရစ်သက္ကရာဇ် ၂၀၁၂ ခု မေလ ၁ ရက် ရခိုင်သက္ကရာဇ် ၁၃၇၄ ခု ဒုတိယ တာကူးလ္ဆန်း ၁၁ ရက် အင်္ဂါနေ့တွင် ရခိုင်ပြည် အမျိုးသား တော်လှန်ရေး ပါတီ ၂ ခုမှ ဗဟိုကေါ်မီတီ ၂ ဦး၏ ဖိတ် ခေါ်ချက်အရ နေရာဒေသ တခုသို့ သွားရောက်ခဲ့ရသည်။ ထိုပုဂ္ဂိုလ် ၂ ဦးအပြင် အရပ်သား သမိုင်းပညာရှင် ၂ ဦး ကိုပါ တွေ့ရှိရသည်။ ထိုပုဂ္ဂိုလ် ၄ ဦးတို့သည် ဇာတာ တစောင် ကို တွက်ချက်စေရာ ဤဇာတာရှင်မှာ ရခိုင်ပြည်သူ လူထုအပေါင်း လိုလား တောင်းတ နေသော မင်းလောင်း ဖြစ်သည်ကို တွေ့ရလေသည်။ နောက်တနေ့ မင်းလောင်းနှင့် တွေ့၍ အသေးစိတ် စစ်ဆေး ကြည့်သောအခါ ၀ရသင်္ခဓမ္မရာဇာ အမည်ရှိသော မင်းမြတ်သည် ဘိသိတ်ခံယူ တော်မူပြီးသည့်နောက်၌
၁။ ။ ၈ နှစ် အတွင်း ရခိုင်ပြည်သူ အပေါင်းကို အလုံးစုံသော ဒုက္ခအပေါင်းမှ လွတ်ကင်းစေခြင်း
၂။ ။ ဗမာအမည်ခံ ပျူအောက်သား တို့၏ ညှင်းပန်းနှိုက်စက် မှုကြောင့် ဒုက္ခရောက်
နေကြသော လူမျိုးအပေါင်းတို့ကို လွတ်မြောက်စေမည့် မင်းမြတ်ဖြစ်ခြင်း
၃။ ။ စတုတ္ထ ဓည၀တီမြို့ကို တည်ထောင်၍ မင်းဆက် ၈၈ ဆက် စိုးစံမည့် ပထမ
မင်းဆက် ဖြစ်ခြင်း
၎။ ။ ဤ ၈၈ ဆက်သော မင်းဆက်တွင် မင်းမြတ် ၈ ပါးသည် စင်္ကြာဝတေးမင်း တို့ကဲ့သို့
ဘုန်းတန်းခိုး ထက်မြက်မည့် မင်းမြတ်များဖြစ်ခြင်း
တို့ကို တွေ့ရသည့် အတွက် အများပြည်သူအပေါင်း သိသင့် သိအပ်သည် ဟူသော
ခံယူ ချက်ဖြင့် သုခမိန် အဖွဲ့ကို ဖွဲ့စည်းကါ မင်းလောင်း၏ ဆန္ဒအရ၄င်း တော်လှန်ရေး ပုဂ္ဂိုလ် ကြီးတို့၏ သဘောထါး အရ၄င်း ရိုးရာ သမိုင်းပညာရှင် တို့၏ တိုက်တွန်းချက်အရ၄င်း
ဤ ကြော်ငြာစာကို အများပြည်သူ သိစေရန် ထုတ်ပြန်လိုက်သည်။
ပုံ
အမိန့်တော်ရ
ကျားကြီးကျော်ခိုင်အောင်
သုခမိန်အဖွဲ့
နောက်ဆက်တွဲ
http://www.maukkha.org/index.php/feature-article/2096-maukkha-arakan-ancient-city#.T6jvxD-WvIU.facebook
Tags:
ပင်မစာမျက်နှာ
,
လက်ရှိအခြီနီ