You Are Here:
Home -
ပင်မစာမျက်နှာ
,
သတင်း
,
ဆောင်းပါး
-
အဘတို့၏ ရခိုင်ပြည်ဖျက်စီးရေးစီမံကိန်းများ
အဘတို့၏ ရခိုင်ပြည်ဖျက်စီးရေးစီမံကိန်းများ
Posted by Unknown on 8:52 AM //
Zaw Hlainghtun Zawhlainghtun's Photos
လေးမြို့မြစ် ရေအားလျှပ်စစ်စီမံကိန်းအား ဒေသခံများအလို့မရှိ
ရခိုင်ပြည်နယ်အတွင်း လက်၇ှိစမ်းသပ်ပြုလုပ်နေသည့် ရေအားလျှပ်စစ်စီမံကိန်းများတွင် လေးမြို့ရေအားလျှပ်စစ်စီမံကိန်းသည် ထိခိုက်နစ်နာမှု အများဆုံးရှိနိုင်ပြီး ဒေသခံပြည်သူများ
အခက်အခဲနှင့်ကြုံတွေ့ကြရမည် ဖြစ်သဖြင့် ဆည်တည်ဆောက်ရေးစီမံကိန်းကို အလိုမရှိကြသဖြင့် ရခိုင်ပြည်နယ်အတွင်း လှုပ်ရှားမှူများ ပြုလုပ်နေကြ ။
မြစ်ပေါ်တွင် ဆည်တည်ဆောက်ခဲ့ပါက ၄င်းမြစ်ကို မှီခိုနေကြသူများ အခက်အခဲနှင့် ကြုံတွေ့ကြရမည် လေးမြို့မြစ်သည် အလျှား(144)မိုင်ရှိပြီး မြစ်လက်တက်
လေးခုသာရှိသည့်မြစ်ဖြစ်ပြီးဆည်တည်ဆောက်မည့်နေရာတွင် အဓိကမြစ်နှစ်ခုပါဝင်ကာ ၄င်းနေရာမှာ မကိုမြစ်နှင့် သံချောင်းမြစ်တို့်ဆုံ၇ာနေ၇ာဖြစ်သည်။
ဆည်ကို အမြင့်ပေ (558)ပေအထိတည်ဆောက်ကာ မဂ္ဂါဝပ် (600)ထုပ်လုပ်မည်ဖြစ်ကြောင်းသိရသည်။
မြစ်ကြောင်းတစ်လျှောက်တွင် ရခိုင်နှင့်ချင်းလူမျိုးတို့ နေထိုင်ကြပြီး ကျေးရွာပေါင်း (150)ကျော် တည်ရှိကာ မြောက်ဦးနှင့် မင်းပြား၊ မြေပုံမြို့နယ်များသို့
ဖြတ်သန်းစီးဆင်းလျှက်ရှိသည်။ ဆည်တည်ဆောက်လာခဲ့လျှင် ရေလွှမ်းမိုးမှုကြောင့် ကျေးရွာပေါင်း (70)နီးပါးမှာ ဆည်နှင့်မိုင် (40)အကွာသို့ ပြောင်းရွေ့ပေးကြ
ရမည်ဖြစ်သည်။ ဆည်၏ အောက်ဖက်တွင် နေထိုင်ကြသည့် ကျေးရွာများမှာလည်း ရေခန်းခြောက်မှုကြောင့်ပြောင်းရွှေ့ကြရမည်ဖြစ်သည်။
လေးမြို့မြစ်တွင် ရေခမ်းခြောက်သွားပါက ဆားငန်ရေ တိုးဝင်လာမှုကြောင့် ရခိုင်ပြည်၏ စိုက်ပျိုးရေလုပ်ငန်းများ အကြီးအကျယ် ပျက်စီးသွားမည်ဖြစ်သည်။
လယ်မြေများ မြေသြဇာခမ်း ခြောက်လာမည် သီးထပ်စိုက်ပျိုးခြင်းများကို ရပ်တန့််ပစ်ကြရမည်ဖြစ်သည်။ မြေနုကျွန်းများမှာလည်း ရေလွှမ်းမိုးမှု မရှိပါက လုံးဝ
စိုက်ပျိုးဖြစ်ထွန်းတော့မည် မဟုတ်သဖြင့် စီးပွားရေပျက်ကပ်နှင့် ကြုံတွေ့လာနိုင်သည်။
လေးမြို့မြစ်မှ ထွက်ရှိသည့် စိုက်ပျိုးသီးနှံများ အပြင် သစ်၊ ၀ါး လုပ်ငန်းများမှာလည်း သယ်ယူရန်အခက်အခဲဖြစ်ကာ ဒေသခံ ၀ါးခုတ်သများ၏ ဘ၀ရပ်တည်မှုမှာလည်း
အန္တရယ် နှင့် ကြုံတွေ့ကြရမည်ဖြစ်သည်။ ထိုကြောင့်လေးမြို့ဆည် တည်ဆောက်မှုကို မြောက်ဦးမြို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့မှ သွားရောက်လေ့လာပြီး
April လ ဒုတိယအပတ်မှ စတင်ကာ ပြည်သူလူထုများသိရှိနိုင်အောင် နှိုးဆော် ဆောင်ရွက်လျှက်ရှိသည် ။
မြစ်ကြောင်းစမ်းသပ်မှုကို 2008ခုနှစ်က စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ နေရာနှစ်ခုကို အတည်ပြုထားပြီးဖြစ်သည်။အထက်ဆည်ကို မကိုမြစ်နှင့်သံချောင်းမြစ်ဆုံရာ
မြစ်ဆုံ (ကိုဖေချေရွာ) အနီတွင် တည်ဆောက်မည်ဖြစ်ပြီး အောက်ဆည်ကို စိုင်ဒင်ရွာအနီတွင်တည်ဆောက်မည်ဖြစ်သည်။ စီမံကိန်းကို SHWE TAUNG HYDROPOWER co,ltd
နှင့် CHINA DATANG OVERSCAS INVESTMENT co,ltd (CDOIC) တို့မှဆောက်လုပ်ပြီး ထွက်ရှိလာသည့် လျှပ်စစ်ဓါတ်အားကို ဘင်္ဂလား ဒေ့ရှ် သို့ ရောင်းထားပြီးဖြစ်ကြောင်း
သိရသည်။
(သတင်းအချက်အလက်များကို မေးမြန်းလိုက မြောက်ဦးမြို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့သို့ ဆက်သွယ်မေးမြန်းနိုင်သည်)