
မေလ ၂၈ရက်နေ့တွင် ဖြစ်ပွားခဲ့သော မသီတာထွေးအား မဒီးကျင့်၊ လူသတ်သွားခဲ့သော မူဆင်လင်လူငယ် သုံးဦးအား ဥပဒေနှင့်အညီ အရေးယူပေးရန် ရမ်းဗြဲ-ကျောက်နီမော် လမ်းတစ်လျှောက်ရှိ ရွားပေါင်း ၂၀မှ စက်လှေ နှစ်စီးဖြင့် လူပေါင်း၅၀၀ခန့်နှင့် ဆိုင်ကယ်အစီး ၆၀ခန့်တို့ဖြင့် ရမ်းဗြဲမြို့ ရဲစခန်းနှင့် မြို့နယ်အုပ်ချူပ်ရေးရုံးသို့ ချီတက်ခဲ့ကြသည်။
"ကျွန်တော်တို့ မနေ့က နံနက် ၁၁နာရီလောက်ကနေ ချီတက်ခဲ့ကြတာပါ၊ ရဲစခန်းနဲ့ မြို့နယ်အုပ်ချူပ်ရေးရှေ့မှာ အခုဖမ်းဆီးထားတဲ့ တရားခံတွေကို တရားဥပဒေအရ အရေးယူပေးဖို့ တောင်းဆိုခဲ့ပါတယ်၊ ပြီးတော့ ရှေ့ဆက်ပြီး ဒီလိုဖြစ်ရပ်မျိုးတွေကို ကာကွယ်ပေးဖို့တောင်းဆိုကြပါတယ်၊ ခုအချိန်ထိတော့ ပြည်သူလူထုရဲ့ တောင်းဆိုချက်အရ မသီတာထွေးရဲ့ အလောင်းကိုလည်း မင်္သဂြိုလ်ရသေးဘူး၊"ဟု ဒေသခံလူငယ်တစ်ဦးက ပြောပြသည်။
ဆန္ဒပြပွဲတွင် အမျိုးသမီးလူထုမှ မကျေမနပ်ဖြစ်လာပြီး ရဲစခန်းရှိ ရဲများအား ခဲဖြင့်ပစ်ပေါက်ရာ ရဲများက သေနပ်လေးချက်ဖောက်ပြီး လူစုခွဲလိုက်ကြောင်းသိရှိရသည်။
"အမျိုးသမီးတွေက အခုလိုမျိုး မတရား မဒီးကျင့်၊ လူသတ်ခံသွားရတဲ့ မသီတာထွေးအတွက် တော်တော်လေး မကျေမနပ်ဖြစ်နေကြတာ၊ ဒေါသလည်း တော်တော်ထွက်နေကြတယ်၊ ရဲစခန်းကလည်း ဆန္ဒပြသူတွေကို ဘာမှ တစ်စုံတစ်ရာ ဖြေရှင်းပေးတာမရှိဆိုတော့ ပိုပြီးဒေါသထွက်လာကြတော့ ဒီလို အဓိကရုဏ်းတွေဖြစ်သွားရတာ"ဟု ကျောက်နီမော် အမျိုးသားဒီမိုကရေစီ အဖွဲ့ချူပ်ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဦးအောင်ဇံဝေမှာ Arakan Times သို့ပြောပြသွားသည်။
ဆန္ဒပြပွဲသို့ တောင်ကုတ်မြို့မှ ဒေသခံများ ချီတက်ရန် ကြိုးစားခဲ့သော်လည်း ရေလမ်းခရီးတွင် ရာသီဥတုဆိုးရွားနေသဖြင့် မလာနိုင်ခဲ့ကြောင်းသိရှိရသည်။
ကျောက်နီမော် မူဆလင်ရွာများမှ ဖြတ်သန်းသွားရသောလမ်းတစ်လျှောက်တွင် ယခင်ကတည်းက မိန်းခလေးများထံမှ ရွှေငွေများ လုယက်ခြင်းများရှိပြီး၊ ရဲစခန်းမှ တာဝန်ရှိသူများမှာလည်း လုယမှုများနှင့် ပက်သက်၍ အမှုလာဖွင့်တိုင်း မူဆလင်များထံမှ လာဘ်စားပြီး တရားလိုအဖြစ် အမှုဖွင့်ခွင့်မပေးကြောင်းသိရှိရသည်။
"ကျနော်တို့ကတော့ ဒီအမှုကိစ္စနဲ့ပက်သက်ပြီး ဘာသာရေးပဋိပက္ခတွေ၊ လူမျိုးရေး ပဋိပက္ခတွေ မဖြစ်စေချင်ပါဘူး၊ အခုဖမ်းဆီးထားတဲ့ တရားခံတွေကိုလည်း ထိထိရောက်ရောက် အရေးယူပြီး နောက်နောင်ကို ဒီလိုမျိုး မိန်းခလေးတွေကို ဗလက္ကာရပြုမှုတွေ မဖြစ်စေရအောင် ရဲများမှ တာဝန်ယူပေးဖို့ လိုအပ်ပါတယ်" ဟု ဦးအောင်ဇံဝေမှ ထပ်လောင်းပြောကြားသွားသည်။
ယခုရမ်းဗြဲမြို့နှင့် ကျောက်နီမော်တို့တွင် ရဲတပ်ဖွဲ့ဝင် ၄၀ခန့် လုံခြုံရေးချထားကြောင်းလည်း သိရှိရသည်။
..............................
arakantimes