You Are Here: Home - ပင်မစာမျက်နှာ , အတွီးစချေတိ - ဂုဏ်သိပ်ခါ ရှိသောချစ်ခြင်း မိတ်တာ

 
လူတစ်ယောက်ကို ချစ်မိလိုက်ဗျယ်ဆိုကေ ရင်ဖိုလှိုက်မောစိတ်နန့် တူတူ၊ စိတ်ကြည်နူးချမ်းမြေ့  ပျော်ရျွှင်မှုတိ ခံစားလာနိုင်ပါရေ။ တချိန်တည်းမှာ ဗျယ် ယင်းသူက၊ ကို့ကိုယ် ပြန်ပြီးကေ ချစ်မှ ချစ်ပါဖို့လားဆိုရေ စိတ်နှလုံးပူပန်မှုကလေ့ ၀င်ရောက်လာနိုင်ပါရေ။ ဘ၀ဆိုစွာ လမ်းခရီးရေ ပင်လယ်ပြင်ခရီးတစ်ခုရာ ဆိုကေ အချစ်ဆိုစွာ လူတစ်ယောက်အတွက် ဘ၀ပင်လယ်မှာ ကြုံတွီရရေ မုန်းတိုင်းတစ်ခုပိုင်ဗျာ ဗျယ်။ သာမာန် ထူးမခြားနားရေ နေ့စဉ် လူမှုဘ၀ထဲမှာ ဖြတ်သန်းနီရရေ လူတစ်ယောက်ရေ လှိုင်းလီတည်ငြိမ်ရေ ပင်လယ်ပြင်မှာ ခရီးလားနီရစွာနန့်တူကေလေ့သော့ ၊ အချစ်ဆိုစွာ ကိုကြုံတွီရလာစွာ နန့် တပြိုင်နက် (မုန်တိုင်းမလာခင် ရောက်လာတတ်တေ) ကြည်လင်ချမ်းမြေ့  အီးမြရေ အချစ်လေပြေညှင်းချေတိနန့် တူတူ စိတ်နှလုံး ရျွှင်ရျွှင်မြူးမြူးဖြစ်လာတတ်ကတ်ပါရေ။ တည်ငြိမ်ရေ ရီပြင်မှာ ကျောက်ခဲချေတစ်လုံးကျလားခရေပိုင် လှပရေ လှိုင်းဂယက်ချေတစ်ခု ဖြစ်လားခပြီးကေ ပိုင်ကိုယ်တိုင်ကြုံမှ သိနိုင်ရေ၊ စာနန့် ရွီးသားဖော်ပြလို့မရရေ ခံစားချက်ချေတစ်ခုနန့် ပျော်ရျွှင်နီမိကတ်ပါရေ။ ယေဒါလေ့ သော့ ယင်းခံစားချက်ချေရေ ကြာကြာမခံပါ။ ကိုယ်ချစ်တေသူ ဘားက ကိုယ်လိုချင်ရေ အဖြေတစ်ခုကို ရချင်ရေ စိတ်နန့် နိန် နိန်ညည တပူပူတပင်ပင် အိပ်လည်းဒေစိတ် စားလည်းဒေစိတ်ဖြစ်ဗျယ် ပြင်းထန်ရေ မုန်းတိုင်းတစ်ခု က ရင်ထဲမှာ စတင်လာပါဗျယ်။ နှလုံးသားကို ဗဟိုပြုပြီးကေ တိုက်ခိုက်လာရေ ယင်းမုန်တိုင်းချေရေ၊ ပြင်းထန်ပြီးကေ တကယ်လို့ သူကိုတိုင်ရာ မုန်တိုင်းကို ကျွမ်းကျွမ်းကျင်ကျင် ရင်မဆိုင်နိုင်ခဆိုကေ၊ (တစ်ခါတစ်ခါ) ဘ၀ ကိုတောင် ပြောင်းပြန်ဆန်ခတ်ဖြစ်လားစီနိုင်ပါရေ။ တခြားတစ်ဖက်မှာကလေ့၊ တကယ်လို့ ကိုယ်ချစ်ရေ သူနန့် ရင်ခုန်သံချင်းစည်းချက်တူညီခလို၊့ ကိုယ့်ကိုလက်ခံခရေ ဆိုကေ ကဗာမှာ အပျော်ဆုံးလူတစ်ယောက်အဖြစ်၊ ကံအကောင်းဆုံးလူတစ်ယောက်အဖြစ် ကိုယ့်ကိုယ်ကို ထင်မိတတ်ကတ်ပါရေ။ ယေကေလေ့ သော့ ဇာတ်လမ်းကမဆုံးသိပါ၊ ဘ၀တစ်လျှောက်လုံးအတူတူ ရျွှေလက်ဆက်ခွင့် ရဖို့အတွက်၊ ဘ၀ကိုအတူတူဖြတ်သန်းခွင့်ဖို့အတွက် မိဘဆွေမျိုးအသိုင်းအ၀ိုင်းအားလုံးကို ရင်ဆိုင်ပြီးကေ လှိုင်းဆန်လီထန်ရေ ဒေမုန်တိုင်းခရီးကြမ်းတစ်ခုကိုဖြတ်သန်းကတ်ရပါသိရေ။ မိဘအသိုင်းအ၀ိုင်းကလည်းသဘောချင်းတူ၊ အယူချင်းထပ်၊ကိုယ်ရို့  ကိုယ်တိုင်ကလေ့ ကြိုက်နှစ်သက်လို့ ဆုံစည်းခွင့်ရရေ ဖူးစာဖက်တိကတော့ကာ လောကမှာ ဘုရားပီးရေဆုလာဒ်တပါးပိုင်ပါဗျာယ်။

အချစ်ဆိုစွာကို အဓိပယ်ဖွင့်ရေ ပုံစံချင်းတစ်ယောက်နန့် တစ်ယောက် အများကြီးကွဲပြားနိုင်ပါရေ။ ဇာပိုင်ပင် အဓိပယ်ဖွင့်ရေပင်ဖြစ်ဖြစ် ချစ်မိဗျယ်ဆိုကေ ဂုဏ်သိပ်ခါ ရှိရေ ချစ်ခြင်းမိတ်တာ မျိုးနန့်ချစ်နိုင်ကတ်ဖို့ ချစ်တတ်ကတ်ဖို့ဆိုကေ၊ ကောင်းကောင်း ကောင်းကတ်ပါဖို့။ ယင်းပိုင်မဟုတ်ဆိုကေ ဘ၀လမ်းခရီးမှာ အချစ်ခံရရေလူပါ၊ ချစ်တေလူပါ၊ အချစ်မုန်တိုင်းဒဏ်ကြောင့် ရုန်းရင်းဆန်ခတ် ဒုတ်ခရောက်လားနိုင်ကတ်တေ အခြေအနေတိများပါရေ။ လွတ်လပ်တေ ကလေချေတစ်ယောက်ရေ၊ လွတ်လပ်တေ ကလေ့မေချေတစ်ယောက်ကို၊ လွပ်လွပ်လပ်လပ် ချစ်ခွင့် ပန်ခွင့် ရှိရေ ပိုင်။ ကလေ့မေချေ ဖက်ကလေ့ လွတ်လွတ်လပ်လပ်နန့် စဉ်းစားပြီးကေ လက်ခံခွင့် (သို့ ) ငြင်းပယ်ပိုင်ခွင့် ရှိလီပါဖို့။ တကယ်လို့ လက်ခံဘဲနန့် ငြင်းပယ်လိုက်တေအချိန်အခါမှာ ဆိုကေလေ့ အခင်အမင်တိပျက်ပြယ်မလားဘဲနန့် (တဖက်လူထိခိုက်နာမကျင်စီအောင်) ငြင်ငြင်သာသာ နန့် ပညာသားပါပါ ငြင်းပယ်တတ်ဖို့ကလည်း အရည်းအချင်းတစ်ခု ဖြစ်တေပိုင်၊ ကိုယ်ချင်းစာနာ မြင့်မြတ်တေ စိတ်ဓါတ်အရည်အသွေးတစ်ခုပါဗျယ်။ တချို့ကလည်း ကိုယ့်ကိုလူတစ်ယောက်ကချစ်နီမှန်းသိစွာနန့် များသောအားဖြင့် ငါ ကောင်းစွံစွာမနှားဆိုပြီးကေ ဘ၀င်မြင့်မိရေစိတ်ချေဖြစ်လားတတ်ပါရေ။ ကိုယ်ကမချစ်မိ၊ မချစ်နိုင်ဆိုကေလေ့၊ တခြားလူကကိုယ့်ကို ချစ်နီစွာကို ကျေနပ်နီမိပြီးကေ အချစ်ခံချင်ရေစိတ်နန့် အီစီကလီ လုပ်ချင်ရေ၊ ကဇာတ်ချင်ရေ၊ ကြိုးရှည်ရှည်နန့်လှန်ထားချင်ရေသဘောမျိုးရှိနီမိတတ်ကတ်စွာကတော့ခါ၊ မထားကောင်းရေ စိတ်သဘောထားတစ်ခုပါရာ။ (ဖွင့်ပြောလာရေ လူတစ်ယောက်ကို လက်ခံသင့်၊လက်မခံသင့်၊အကဲခတ်ရေသဘောမျိုးနန့် အချိန်အတိုင်းအတာ တစ်ခုအထိစောင့်စားခိုင်းထားစွာမျိုးကတော့ ခါတစ်မျိုးပါ။) အငြင်းပယ်ခံရရေ ကလေချေဖက်ကလေ့၊ သဘောထားကြီးကြီးနန့် ရဲရဲဝံ၀ံနောက်ဆုတ်ပီးဖို့ သတ်တိရှိသင့်ပါရေ။ အမှန်တကယ်စစ်မှန်ရေချစ်ခြင်းနန့် မြတ်မြတ်နိုးနိုးတန်ဖိုးထားဗျယ်ချစ်တေဆိုကေ၊ ကလေ့မေချေစိတ်ချမ်းသာဖို့ အတွက်ကိုရာဦးစားပီးသင့်ရေမဟုတ်ပါလား။ ယင်းပိုင်ဆိုရေ အတွက်နန့် အချစ်ဆိုစွာ စွန့်လျွှတ်အနစ်နာခံခြင်းရာဖြစ်တေလို့ပဲမယူဆစီချင်ပါ။ အချစ်မှာ ကိုယ်ချစ်တေသူကို အသူပင်မဆို ပိုင်ဆိုင်ချင်ကတ်စွာရေ အမြဲတမ်းမှန်ကန်ရေ သဘာဝတစ်ခုပါဗျယ်။ ချစ်တေအတွက်နန့် ပိုင်ဆိုင်ချင်ရေ၊ ပိုင်ဆိုင်ချင်ရေ အတွက်နန့်ချစ်တေ။ ယေဒါလေ့ လေသော့၊ လုံးဝလေ့ မဖြစ်နိုင်ဗျယ် ဆိုရေ အခြေအနေချေတစ်ခု မှာ လက်လျော့လိုက်ခြင်းရေ၊ ကိုယ်ကိုတိုင်လေ့ လွတ်မြောက်လားခရေပိုင်၊ နောက်တစ်ချိန်ချိန်မှာ ကိုယ်နန့်သင့်တော်ရေ ဖူးစာရှင်နန့် တွီဆုံခွင့် ရဖို့အတွက် အဆင်သင့်နေရာယူလိုက်တေ သဘောမျိုးလေ့ဖြစ်လားပါဖို့။ (ကလေ့မေချေ ကိုယ် တိုင်ကလက်မခံဘဲနန့်) အတင်း အားဓမ ခေါင်းမာမာနန့် ဇွတ်တိုးဝင်စွာမျိုးကတော့ကာ မလုပ်သင့်မလုပ်ထိုက်ရေ အခြေအနေတစ်ခုပါဗျယ်။ ကလေ့မေချေကို ပြန်ပြီးကေ နားလည်စာနာစိတ်နန့် (ငါ့  ကိုမကြိုက်ရဖို့လားဆိုပြီးကေ နာကျည်းမုန်းတီးစိတ် ကင်းကင်းနန့်) အရှိကိုအရှိအတိုင်းလက်ခံပြီးကေ နောက်ဆုတ်ပီးသင့်ပါရေ။ ယေမှရာ နှစ်ဦးနှစ်ဖက် အီးအီးချမ်းချမ်းနန့် ပြေပြေလည်လည်ဖြစ်ကတ်ရပါဖို့။ မဟုတ်ကေ၊ ကလေ့မေချေက လက်မခံလိုက်စွာနန့်ပင် တစ်ယောက်နန့်တစ်ယောက် အခင်အမင်တိပျက်ပျယ်လားရေ။ တစ်ယောက်မျက်နှာကို တစ်ယောက် မမြင်နိုင်ဖြစ်လားကတ်တေဆိုစွာ ကတော့ ခါ လူမှုဆက်ဆံရေးနယ်ပယ်မှာ ဆုံးရှုံးမှုတစ်ရပ်ပါရာမနှား၊ အချေဆန်ရေ အပြုအမှုတစ်ရပ်ပါရာမနှား။

တချို့ကတော့ခါ အချစ်ကို အပျော်သဘော အပျင်းပြေကဇာတ်စရာတစ်ခုပိုင်သဘောထားကတ်စွာကတော့ ခါ၊ တစ်ခုပိုင်လေ့ နားလည်လက်ခံနိုင်စရာမရှိပါ။ (ရင်ခုန်စ ဆယ်ကျော်သက်အရွယ်တိခါက ဆိုတော့ခါ ထားလိုက်ပါဖိ။ ယင်းခါက စိတ်လှုပ်ရှားစ အရွယ်ဖြစ်လို့ ချစ်လိုက်၊ ကြိုက်လိုက်၊ ကွဲလိုက်နန့်၊ အပျော်ရည်းစားထားမိခကတ်ပါရေ။) ဒေဂု အရွယ်ရောက်လာကတ်တေ အခါမှာပါဝါ။ ယင်းပိုင် အချေ ခါက အလေ့အထဆိုးတိကို အချိန်ကုန် လူပန်းနန့် ဆက်ပြီးကေလုပ်ဆောင်သင့်ကတ်ပါသိယင့်လား။ အမှန်ဆိုကေ အရွယ်ရောက်လာရေ လူတစ်ယောက် အဖို့ ကိုယ်နန့် တစ်ဘ၀လုံးလက်တွဲလားဖို့ ရျွှေလက်တွဲဖော် အဖြစ် ရည်ရွယ်မိရေ လူကိုရာ ချစ်သူအဖြစ်ရွေးချယ်သတ်မှတ်သင့်ရေ မဟုတ်ပါလား။ အသိတရားရှိလာရေ လူတစ်ယောက်အဖို့၊ အချစ်ဆိုစွာကိုအသုံးချပြီးကေ့ လူတစ်ယောက်ကို အရူးမလုပ်သင့် မှန်းသိသိကြီးနန့် ပင်၊ လှည့်စားရစွာကိုပင် အရသာတစ်ခုအနေနဲ့ ခံစားကတ်စွာကတော့ကေ တဖက်လူကို ရက်စက်လွန်းရာကျပါရေ။ အရူးအလုပ်ခံရရေ လူမှာ ဇာလောက်ထိ စိတ်ပိုင်းဆိုင်ရာအရ နာကျင်ထိခိုက်လီဖို့လဲ ဆိုစွာကတော့ခါ ကာယကံ ရှင်ကိုယ်တိုင်ရာသိလီပါဖို့။ ပြောမပြတတ်လောက်အောင်ပါဗျယ်။ အချစ်ကို ဗန်းပြပြီးကေ အသဲကို စားတတ်တေ မမချေ တိကြောင့် ပူဆွေးသောက ဗျာပါဒနန့် ရင်နင့်သည်းကြွီ ဒုတ်ခရောက်လားလီကတ်ရရေ ကလေချေတိအဖြစ်အပျက်က ရင်နာစရာကောင်းလှရေပိုင်၊ အခြားတစ်ဖက်မှာလေ့ တစ်ချို့တစ်ချို့သော လူယုတ်မာ ပုရိသတိရေ သွီးသားဆန်ဒနန့် နှမချင်းမစာမနာ ပြုမှုတတ်ကတ်ပါသိရေ။ ရလာဒ် အဖြစ် အဖနာမည်မဖော်ဘဲ မွီးဖွားလာရေ အချေတိနန့်၊ လူမသိ သူမသိ ကိုယ်ဝန်ဖျက်ချယင်း အသက်ဆုံးရှုံးလားခရေ ကလေ့မေချေတိ၊ အရှက်နန့် အသက်လဲပြီးကေ ကိုယ့်ကိုယ်ကို အဆိပ်သောက်သီခရေကလေ့မေချေတိ၊ ဒေလောကမှာ ဇာလောက်ထိများလီပါဖို့လဲ။ ကံကံ၏ အကျိုးကို ယုံကြည်ပါရေ ဆိုရေ ဗုဒွဘာသာဝင်တိကိုယ်တိုင်က ဒေဂုပိုင် လူတစ်ဖက်သားကို ( သိသိယင်းနန့် ) ဒုတ်ခရောက်လားအောင် ပြုမှုပြီးခါမှ စိတ်ပျော်ရျွှင်လီဖို့ဆိုစွာ အောက်တန်းကျလှပါရေ။ ၀ဌ် ဆိုစွာ ထပ လိုက်တတ်တေ အတွက်နန့် ( ကြာစွာနန့်ယင်စွာရာ ရှိလီပါဖို့၊ ) တစ်နိန် နိန်ခါတော့ခါ၊ သူရို့ ကို မပြောင်းလဲမဖောက်ပြန်ရေ လောကဓမ နိယာမတရားကို ဒဏ်ခတ်လီပါဖို့။

အချစ် နန့် စစ်မှာ မတရား စွာ မရှိလို့ ကြားဖူးပါရေ။ ကိုယ်လိုချင်စွာ တစ်ခုကိုမရကေ၊ ရရေ နည်းနန့် ယူရေ ရဖို့၊ ယင်းချင့်ရာအမှန်ဆိုရေ အတွေးမျိုးရှိပါဖို့။ တနည်းအားဖြင့် ကိုယ်လိုချင်စွာကို အဓိကဦးတည် ဦးစားပီးရေ အယူအဆလို့ ဆိုရပါဖို။ ယင်း စိတ်ကူးမျိုးရေ လက်တွေ့  လူမှုဘ၀မှာ အမှန်တကယ် အကျိုးရှိပါယင့်လား။ အချေခါ ယင်းစိတ်ကူးမျိုးကိုကောင်းသဘောကျမိခပါရေ။ ယေဒါလေ့သော့ ကျွန်တော် ရို့  မစဉ်းစားမိစွာတစ်ချက်က ကိတ်စတစ်ခုမှာ ပါဝင်ပက်သက်နီရေလူတိအားလုံး စိတ်ကျေနပ်ပျော်ရျွှင်မှု၏ အရေးပါမှုကိုပါ။ ကိုယ်ချစ်တေ သူတစ်ယောက်ကို ပိုင်ဆိုင်ခွင့်ရချင်ရေဆိုရေ စိတ်ကူးရေ လူတိုင်းမှာ ရှိကတ်ဖို့စွာပါဗျယ်။ ယေကေလေ့ သော့ ကိုယ်က ချစ်တိုင်း ကိုယ်ကို့ ပြန်ပြီးကေချစ်ဖို့လို့ တစ်ထစ်ချပုံသေ ကားချပ် ချထားလို့ ရလီစွာကမဟုတ်ပါ။ ကိုယ်ကအရူးအမူးချစ်ပါယင့် ကိုယ့်ကို လုံးဝ တစိချေလေ့ ပြန်မချစ်နိုင်ရေလူကို ငွေကြေးဓနအင်အားနန့် မရမက သိမ်းပိုက်နိုင်ခလီရေ ဆိုပါအုံးသိ၊ သူ့ကို ရချင်ရာ ရဖို့ သူ့အချစ်ကိုက ရလီဖို့မဟုတ်ပါ။ သူကလေ့ မချစ်မနှစ်သက်သူနန့် အတူတကွနီနီရလို့ တမှိုင်မှိုင်တစ်တွေတွေနန့် ဖြစ်နီလီပါဖို့၊ ယင်းပိုင်ဖြစ်နီစွာကို မြင်နီရကေ၊ ကိုယ်ကိုယ်တိုင်ကလေ့ စိတ်ချမ်းသာနိုင်လီဖို့မဟုတ်ပါ။ အတူတူ နီရကေလေ့ စိတ်ချင်းက၀ီးနီကတ်ရေ အတွက်တစ်ယောက်နန့် တစ်ယောက် ကြင်ကြင်နာနာနွီးနွီးထွီးထွီးလေ့မရှိနိုင်ပါ။ ယပိုင်နန့် ကိုယ့်ဒုတ်ခကို ကိုယ်ရှာမိရေဆိုပိုင်ဖြစ်လီရေအတွက်နန့် တစ်ဦးတစ်ယောက်အတွက် လေ့ အကျိုးမရှိရေ ကိုလိုချင်စွာ၊ ကိုယ်ဖြစ်ချင်စွာကိုရာ အဓိက ဦးစားပီးရေ အယူအဆမျိုး ဖြစ်ပါဖို့။ တခြားတစ်ဖက်မှာ နောက်တစ်ခုကတော့ ခါ နှစ်ဦးနှစ်ဖက် အားလုံးသူစိတ်ချမ်းသာစီဖို့၊ စိတ်ကျေနပ်စီဖို့ ကိုရာ အဓိကဦးတည်ထားရေ အယူအဆပါ။ ပွင့်ပွင့်လင်းလင်းနန့် သူ့ခံစားချက်ကိုယ့်ခံစားချက် အမြင်ချင်းဖလှယ်ပြီးကေ၊ သူ့လိုအပ်ချက်ကိုယ့်လိုအပ်ချက်ကို ညှိုညှိုနိုင်းနိုင်းတိုင်တိုင်ပင်ပင်နန့် ဆွေးနွေးဖလှယ်ကတ်စွာမျိုးပါ။ ဒေချင့်မှာ ကိုယ်ချစ်တေသူကို ပိုင်ဆိုင်ခွင့်ရချင်မှ ရပါဖို့။ ယေဒါလေ့သော့ အားလုံးသူစိတ်ချမ်းသာကတ်ဇီပါဖို့။ ကိုယ်ချစ်တေသူကို စွန့်လျွှတ်ရလို့ တနားချေလောက်တော့ခါ ပူဆွေးကောင်းပူဆွေးရပါလိမ့်မေ။ ယေကေလေ့ ပထမအခြေအနေ မျိုးမှာပိုင်တစ်သက်လုံးချည်းယာ နှစ်ဦးနှစ်ဖက်စလုံးရေ စိတ်မချမ်းမသာဖြစ်နီလီကတ်ရဖို့မဟုတ်။ နာမည်ကြီး အိမ်ဒိယ ဇာတ်လမ်းတစ်ခုဖြစ်တေ ကိုးချေကိုးချေဟိုတာရေ ဇာတ်ကား၊ နောက်ဆုံးပိတ်ဇတ်သိမ်းခန်းမှာ မင်းသမီးက သူမချစ်တေ သူဌေးတစ်ယောက်နန့် လက်ထပ်ဖို့ကျလားခရေ။ မင်းသားက လေ့ ယင်း လက်ထပ်ပွဲကိုလာပြီးကေ မင်းသမီးနန့် မျက်နှာချင်းဆုံရေခါ နှစ်ယောက်စလုံးစိတ်ခံစားချက်တိပေါက်ပွဲပြီးကေ ၀မ်းပန်းတနည်း ဖြစ်လားခကတ်တေ။ ယင်းချင့်ကို အရိပ်ကျလားခရေ သူဌေးက သူကိုယ်တိုင်ဗျယ် သူ့လက်ထပ်ပွဲမှာ မင်းသားနန့် မင်းသမီးကိုလက်ဆက်ပီးလိုက်တေ။ ဇာတ်သိမ်းခန်းမှာ အားလုံးသူပျော်ပျော်ရျွှင်ရျွှင်နန့် ပြီးဆုံးလာခကတ်တေ။

အမှန်ဆိုကေ အချစ်ဆိုစွာ စိတ်ခံစားချက်အာရုံချေတစ်ခုရာ ဖြစ်တေ။ ယင်းစိတ်ခံစားချက်အာရုံချေရေ တန်ခိုးပါဝါ ကြီးမားပါရေ။ သူ့တန်ခိုးကြောင့် ဘ၀တိကိုပျက်စီးဆုံးရှုံးလားစီရေ၊ လူမှုဆက်ဆံရေးနယ်ပယ်မှာလည်း ဆုံးရှုံးမှုတိဖြစ်လားတတ်စီရေပိုင်။ တစ်ပြိုင်တည်းမှာ သူ့စွမ်းပါးကားကြောင့် ဘ၀တစ်ခုကိုထွန်းလင်းတောက်ပလားစီရေ။ စွမ်းအားစွမ်းအင်တိလေ့ ပြည့်ဝလားစီရေ။ သားသမီးဆိုရေ ဘ၀ကနီ မိဘဆိုရေ ဘ၀အသစ်တစ်ခုမွီးဖွားဖြစ်တည်လာဖို့အတွက်လေ့ ပေါင်းကူးပီးသိရေ။ ယေအတွက်နန့် အချစ်မှာ မပြစ်မရှိ။ အပြစ်နန့် ချစ်စွာမှာရာအပြစ်ရှိရေ။ မီးဝေးကေ ဂျိတ်မာရေဆိုရေအတိုင်း ယင်းအချစ်စိတ်အာရုံရေ တစ်ခါတစ်ခါမှာ ပျက်စီးပျောက်ကွယ်လားတတ်တေ သဘောသဘ၀လည်းရှိရေ။ မပျက်စီးမပျောက်ကွယ်ရအောင် လုပ်ဖို့က ကိုယ်ရို့ကိုယ်တိုင်မှာ တာဝန်ရှိကတ်တေ။ တစ်ယောက်နန့် တစ်ယောက် နွေးနွေးထွေးထွေးကြင်ကြင်နာနာနန့် အချစ်မီးအိမ်ချေကိုအမြဲမပြတ်ထွန်းညှိုထားတတ်ကတ်ဖို့လိုရေ။ လောကမှာ ပန်းပေါင်းရာထောင်ချီလို့ နိန်စိုင် နိန်တိုင်းဖူးပွင့်နီကတ်ကေလေ့၊ ရင်ထဲက အချစ်ပန်းပွင့်ချေတစ်ပွင့်ငုံဖူးလာဖို့ကခက်ခဲရေ အရာတစ်ခုဖြစ်တေ။ ယေအတွက်နန့် အချစ်ပန်းချေတစ်ပွင့် ဆိုစွာ ရှားပါးတော်ဝင် သဇင်တစ်ခက်ဖြစ်တေ။ ယင်းပိုင် ရှားပါးရေ အချစ်ပန်းပွင့်ချေတိကို တမြတ်တနိုးနန့် တန်ဖိုးထားသင့်ရေ။ သေချာစွာတစ်ခုက လူသားတိအားလုံးရေ အချစ်ဆိုရေ၀ဲဂယှက်ထဲက၊ ဇာခါလေ့ မလွတ်မြောက်နိုင်လီကေလေ့သော့၊ ဂုဏ်သိပ်ခါ ရှိရှိရာချစ်တတ်လီခကတ်ဖို့ဆိုကေ အရာအားလုံးအီးချမ်းနိုင်လီကတ်ဖို့။

မိုးမြင့်ကြယ်

၂၈.၅၂၀၁၂
Blogger Widgets