
ရွေ့ပြောင်းခံရသော မိသားစုနဲ့ နီစပ်သူတစ်ဦးက " အပြောင်းခံရတာထဲမှာ ကျနော့်ညီမလည်းပါတယ်၊ လူကြီးတွေက ငွေ (၂၀၀၀၀) နှစ်သောင်း စီပေးပြီးတော့ အတင်း အဓမ္မရွေ့ခိုင်းတယ်၊ ဧပြီလကုန်ကို နောက်ဆုံးထား ပြောင်းရမယ်ပြောတယ်၊ အိမ်သေးသေးလေးနဲ့ဆောက်နေတဲ့သူတွေကတော့ ပြောင်သွားကြပြီ၊ အိမ်ကြီးသမားတွေက မပြောင်းရသေးဘူး၊ ပြန်ဆောက်ရမှာ ငွေ (၂၀၀၀၀) နှစ်သောင်း နှင့်မလုံလောက်တဲ့အတွက် မပြောင်းဘဲနေကြတာ၊ " ဟုပြောသည်။
ပြောင်းရွေ့ခံရသော အိမ်ခြေ (၆၀) ခန့်မှာ ရေကန်ကြီးအနီးတွင်ရှိပြီး ရေကန်မှ ရေကိုတောင်ကုတ် တစ်မြို့လုံးသုံးနေခြင်းကြောင့် ရေကန်ညစ်ပတ်သည်ဟု အကြောင်းပြကာ တောင်ကုတ် မြို့မိ၊ မြို့ဘများက ပြောင်းရွေ့ခိုင်ကြောင်း သိရသည်။
ရေကန် အနီးတွင် အိမ်ဆောက်၍ နေကြသူများမှာ တိုးချဲ့ရပ်ကွက်အဖြစ် ခြံမြေများဝယ်ယူခြင်းမရှိဘဲ အခမဲ့ အိမ်ဆောက်၍ နေထိုင်ကြခြင်းဖြစ်သည်ဟု သတင်းထွက်ပေါ်လာကြောင်းသိရသည်။
"ကျနော်က အရင် အဲဒီနေရာမှာ မြေကွက် တစ်ကွက်ကို (တစ်သိန်း) နှင့်ဝယ်ထားခဲ့သေးတယ်၊ ကျနော်လည်း စီးပွါးရေး အဆင်မပြေတာနှင့် တစ်နှစ်က ပြန်ရောင်းလိုက်ရတာ၊ ဘယ်သူ့မြေကိုမှ အလကားမရပါဘူး၊ မြေကြီးရှိယင် ပိုင်ရှင်ရှိတာပဲ၊ ယခုလို အပြောင်းခံရတဲ့သူတွေမှာလည်း ၀ယ်ထားရတယ်၊ မြို့ထဲမှာ စီးပွါးရေး လုပ်နေတဲ့သူတွေမှာ ၀ဲကြီးကို ပြောင်းရမယ်ဆိုတော့ မိသားစု စီးပွါးရေးကို ထိခိုက်တာပေါ့" ဟု အမည် မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။
ပြောင်းရွေ့ခံရသော ရွာသားများကို အကြောင်းကြားလာချိန်၌ ယခုနှစ် မိုးကုန်မှ ပြောင်းရွေ့ရန် ရွာသားများအားလုံး တောင်းပန်သော်လည်း မရရှိကြောင်း သိရသည်။
................
arakantimes