You Are Here:
Home -
ပင်မစာမျက်နှာ
,
ဘာသာပြန်
,
ဆောင်းပါး
-
နိုင်ငံဆိုစွာ ဇာလဲ
နိုင်ငံဆိုစွာ ဇာလဲ
Posted by Unknown on 3:17 AM //
နိုင်ငံတခုဆိုစွာ အခြေခံကျကျပြောရကေ အဖွဲ့ အစည်းတခုပင်ဖြစ်တေ။ အဂယင့် အသေခြာဟိရေ လူမှုအဖွဲ့ အစည်းတခုပင်ဖြစ်တေ။ ယင်းအဖွဲ့ အစည်းရေ လူမျိုးရီးအဖွဲ့ အစည်းမဟုတ်တေပိုင် လူမျိုးနွယ်စုအဖွဲ့ အစည်းလဲမဟုတ်။ ခစ်သစ်အီတာလီ နိုင်ငံကို ရိုမန်တိ၊ ကျူတွင်တိ(teutons)၊ အထရက်စကန်တိ(Etruscans)၊ ဂရိတိ နန့် အာရပ်တိပိုင် လူမျိုးတိနန့် ဖွဲ့ စည်းခရေ။ ပြင်သစ်နိုင်ငံကို ဂေါလူမျိုးတိ(Gauls)၊ ရိုမန်တိ၊ ဘြိုက်တွင်တိ၊ ကျူတွင်တိနန့် ဖွဲ့ စည်းခရေ။ ယင်းပိုင်ဗျာယ် ဗြိတိသျှိတိ၊ ဂျာမန်လူမျိုးတိလဲ ကွဲပြားခြားနားရေ လူမျိုးရီးကိုအခြေခံရေ လူမျိုးစုတိနန့် နိုင်ငံတိ တည်ဆောက်ခခြင်းဖြစ်တေ။ ယေဇုနန့် နိုင်ငံတခုဆိုစွာ လူမျိုးရီး နန့် လူမျိုးစုတခုတည်းနန့်တည်ဆောက်ထားစွာမဟုတ်၊ ကြာညောင်းရေသမိုင်းတခုကို ဖြတ်သန်းလာရေ လူမှုအဖွဲ့ အစည်းက လူတိတည်ဆောက်ထားရေ အရာတခုပင်ဖြစ်တေ။
ယေဒါလဲ သေခြာစွာတခုက ဆိုက်ရာစ်(Cyrus) ရို့ အလက်ဇ္ဖန္ဒား(Alexander) ရို့ တည်ထောင်ခရေ အင်ပါယာတိရေ သမိုငိးအစိုင်အလာကို ဖြတ်သန်းလာကတ်တေ မတူကွဲပြားရေ လူမျိုးစုတိ၊ လူမျိုးတိနန့် ပေါင်းစည်းထားကေလဲ နိုင်ငံတခုလို့ ခေါ်ဖို့မဟုတ်။ ယင်းဟင့်တိစွာ နိုင်ငံတိမဟုတ်၊ သူရို့တိစွာ သမန်ကာသျှန်ကာ ပြပြီလျှော့လျှော့ဆက်စပ်ထားရေ အစုအပေါင်းအဖွဲ့ တိရာဖြစ်ကတ်တေ။ စစ်အောင်နိုင်သူရို့ အောင်ပွဲတိ၊ ယှံးနှိမ့်မှုတိကြားက ပေါင်းစပ်တားရေ အုပ်စုပေါင်းတခုရာဖြစ်တေ။ ယေဇုနန့် နိုင်ငံဆိုစွာ သမန်ကာသျှန်ကာ ပြပြီလျှော့လျှော့ ပေါင်းစည်းထားရေ အဖွဲ့ မဟုတ်ဘဲ ခိုင်မာတောင်းတင်းရေ လူမှုအဖွဲ့ အစည်းတခုပင်ဖြစ်တေ။
ယေဒါလဲ ခိုင်မာတောင်းတင်းရေ လူမှုအဖွဲ့ အစည်းတိုင်းကို နိုင်ငံလို့ခေါ်လို့ မရ။ သြစတြီးယား(Austria) နန့် ရာသျှာ(Russia)စွာ ခိုင်မာရေ လူမှုအဖွဲ့ အစည်းတိပင်ဖြစ်ကတ်တေ။ ယေဒါလဲ တယောက်ကလဲ သူရို့ကို နိုင်ငံလို့ မခေါ်။ နိုင်ငံလူမှုအဖွဲ့ အစည်းနန့် တိုင်းပြည်လူမှုအဖွဲ့ အစည်းဇာပိုင်ကွာခြားလေ။ နိုင်ငံလူမှုအဖွဲ့ အစည်းတခုမှာ ဘုံဘာသာရပ်ဟိရဖို့ဖြစ်ပြီးကေ တိုင်းပြည်လူမှုအဖွဲ့ အစည်းတခုမှာ ဘုံဘာသာရပ်သီးသန့်ဟိဖို့မလို။ သြစတြီးယားတိုင်းပြည်က ချက်စ်နို်င်ငံနန့် ရာသျှားတိုင်းပြည်က ပိုလန်နိုင်ငံတိစွာ ဘုံဘာသာရပ်မဟိဘဲ သူရို့တိကို နိုင်ငံလို့ ခေါ်လို့ရဖို့မဟုတ်။ ယေဒါလဲ သြစတြီးယားနန့် ရာသျှားတိုင်းပြည်တိ နယ်နမိတ်အထဲမှာ စကားအမျိုးမျိုးပြောရေလူတိပါဝင်ကေလဲ တိုင်းပြည်တခုအဖြစ် သူရို့တိ ခိုင်မာရပ်တည်မှုကတော့ ဟိနိန်ဖို့စွာပင်ဖြစ်တေ။ ဒေနိန်ရာမှာ အစိုးရက တရားဝင် ပြဠာန်းထားရေ ဘာသာစကားကို မဆိုလိုဘဲ လူတိကပြောရေ ဘာသာစကားကို ပြောခြင်းဖြစ်တေ။ ယေဇုနန့် ဘုံဘာသာစကားရေ နိုင်ငံတခုဖြစ်ဖို့ လက္ခဏာတိထဲက တခုပင်ဖြစ်တေ။
ယေဒါလဲ နိုင်ငံချင်းမတူကေလဲ ဘာသာစကားချင်းတူနိုင်ရေပိုင်၊ ဘာသာစကားတူတိုင်းလဲ တစ်နိုင်ငံတည်းဖြစ်ချင်မှဖြစ်ဖို့။ နိုင်ငံတိုင်းအတွက် ဘုံဘာသာစကားတခုစီဟိရဖို့ဖြစ်ကေလဲ မတူရေနိုင်ငံတိအတွက် တစ်နိုင်ငံနန့် တစ်နိုင်ငံ ဘာသာစကားကွဲစရာမလိုအပ်။ တချိန်တည်းမှာ ဘာသာစကားပေါင်း အများကြီး ပြောရေ တခုတည်းသော နိုင်ငံဆိုစွာ မဟိ။ ယေဒါလဲ ဘာသာစကားတခုတည်းကိုပင် တတူတူ ပြောရေ နိုင်ငံနှစ်ခုကတော့ ဟိနိုင်ရေ။ အင်္ဂလိပ်နန့် အမေရိကန်တိရေ ဘာသာစကားတခုတည်းကိုပင်ပြောပြီးကေ သူရို့တိရေ နိုင်ငံတခုတည်းအဖြစ် ဖွဲ့ စည်းထားခြင်းမဟုတ်။ နော်ဝေးလူမျိုးတိ နန့် ဒိန်းလူမျိုးတိ၊ အင်္ဂလိပ်လူမျိုးတိနန့် အိုင်းရစ် (Irish) လူမျိုးတိလဲ ယင်းပိုင် ဘာသာစကားချင်းအတူတူ ပြောကေလဲ နိုင်ငံချင်းမတူကတ်စွာဗျာယ် ဖြစ်တေ။
ယေကေ အင်္ဂလိပ်နန့် အမေရိကန်တိရေ ဘာသာစကားတမျိုးတည်းကို အတူတူ ပြောပါယင့်သားနန့် ပဇာဖြစ်လို့ နိုင်ငံတခုတည်းဖြစ်မနိန်ရလဲ ဆိုစွာကိုမိန်းရဖို့ဖြစ်တေ။ ပထမအကြောင်းအရင်းက သူရို့တိရေ တတူတူ မနိန်ကတ်၊ မတူရေ ဒေသအသီးသီးမှာ အခြေချနိန်ထိုင်ကတ်လို့ပင်ဖြစ်တေ။ နိုင်ငံတခုဆိုစွာ ကြာညောင်းရေအချိန်ကာလတိကို ဖြတ်သန်းပြီးကေ အတူတူနိန်ထိုင်ခကတ်တေ မျိုးဆက်တိကြားထဲက စနစ်ကျရေ ကူးလူးဆက်ဆံမှုတိကြောင့် ပေါ်ပေါက်လာခြင်းပင်ဖြစ်တေ။ ယေဒါလဲ ဘုံပိုင်ရေ နိန်ရာဒေသတခုမဟိဘဲ လူတိရေ အချိန်အကြာကြီး တတူတူမနိန်ထိုင်ကတ်။ အင်္ဂလိပ်လူမျိုးတိနန့် အမေရိကန်တိရေ တချိန်က အင်္ဂလန်မှာ အတူတူနိန်ထိုင်ခကတ်ပြီးကေ နိုင်ငံတခုအဖြစ်ဖွဲ့ စည်းခကတ်တေ။ နောက်ကြာလာခါ အင်္ဂလိပ်လူမျိုးတချို့ ရေ နီမြီဒေသ မတူရေ အမေရိကားတိုက်ကို လားခကတ်ပြီးကေ ယင်းနိန်ရာသစ်မှာနိန်ထိုင်ယင်း အမေရိကန်နိုင်ငံဆိုပြီးကေ တည်ထောင်ကတ်တေ။ နီရာဒေသ မတူခြင်းရေ မတူရေ နိုင်ငံတိကို ဖြစ်ပေါ်စီရေ။ ယေဇုနန့် တူညီရေ ဘုံနီရာဒေသရေ နိုင်ငံတခုဖြစ်ဖို့ စရိုက်လက္ခဏာတိထဲက တခုလို့ ဆိုနိုင်ရေ။
ယေဒါလဲ ဒေချင့်ရေ အားလုံးမဟုတ်သိမ့်။ ဘုံနီရာဒေသ တူစွာနန့်လဲ နိုင်ငံတခုမဖြစ်နိုင်သိမ့်။ ယင်းနိုင်ငံက အမျိုးမျိုးကွဲနိန်ကတ်တေ နီရာဒေသတိကို သွီးစည်းပီးဖို့အတွက် ဒေသတွင်းကို အခြေခံရေ စီးပွားရီးဆက်စပ်မှုလဲ ထပ်လိုသိမ့်ရေ။ ယင်းပိုင်ဆက်စပ်မှုရေ အင်္ဂလန်နန့် အမေရိကမှာ မဟိကတ်။ ယေဇုနန့် သူရို့ရေ ကွဲပြားရေ နိုင်ငံတိ ဖြစ်လာကတ်တေ။ လုပ်အားခွဲဝေမှုစနစ် နန့် တိုးတက်တေ ဆက်သွယ်ရီးစနစ်တိဟိယင့်သားနန့် အမေရိကန်နိုင်ငံက ကွဲပြားရေ ဒေသအသီးသီးစွာ စီးပွားရီးအရဆက်နွယ်မှု မဟိခကေ အမေရိကန်စွာ နိုင်ငံဖြစ်လာဖို့မဟုတ်။
ဂျော်ဂျီယန် (Georgians) တိကို သာဓကတခုအနိန်နန့် ယူလိုက်လို့ရရေ။ ဥပဒေပြန်လို့ပြင်ဆင်ခြင်းမဟိခင်မှာ ဂျော်ဂျီယန်တိရေ ဘုံနီရာဒေသတခုတည်းမှာနိန်ပြီးကေ တူညီရေ ဘာသာစကားကိုပင် ပြောခကတ်စွာဗျာယ်ဖြစ်တေ။ ယေဒါလဲ စကားကို ကပ်လို့ ပြောရကေ သူရို့တိကို နိုင်ငံတခုအဖြစ် ဖွဲ့ စည်းနိန်ထိုင်ခစွာမဟုတ်လို့ ပြောရဖို့ဖြစ်တေ။ ဇာဖြစ်လို့ဆိုကေ ယင်းခါက သူရို့တိရေ အချင်းချင်းဆက်စပ်ခြင်းမဟိ၊ သူတလူငါတမင်း အုပ်ချုပ်ခကတ်ပြီးကေ တူညီရေ ဘုံစီးပွားရီးစနစ်ကိုလဲ မကျင့်သုံးနိုင်ခကတ်လို့ပင်ဖြစ်တေ။ နှစ်ကို ရာနန့်ချီလို့ အချင်းချင်း သတ်ဖြတ်လုယက်ပနာ စစ်ပွဲတိဆင်နွဲခကတ်ပြီးကေ ပါချန် (Persians) နန့် တာခ် (Turks) တိကိုလဲ သွီးထိုးလုံ့ဆော်ပီးပြီးကေ အချင်းချင်း ဆန့်ကျင်ခကတ်တေ။ အတည်တကျမဟုတ်ဘဲ ရွှီကြာပင်ပေါက်တေပိုင် ပေါ်လာရေ မင်းသားအုပ်ချုပ်တေဒေသအပေါင်းအစုက တချို့ အောင်မြင်ခကတ်တေ ဘုရင်တိကလဲ အုပ်ချုပ်ပေါင်းစည်းရီးပိုင်းကို ပေါ်ယံသဘောလောက် ရာ စည်းလုံးပီးနိုင်ခကတ်တေ။ ယေဒါလဲ ယက်ပြတ်စိတ်ပြောင်းတတ်တေ မင်းသားတိ၊ မတူညီရေ လယ်သမားအောက်ခြီလူတန်းစားတိကြောင့် ပြန်လို့ ပြိုကွဲခြင်းတိ မကြာမကြာ ဖြစ်ခကတ်တေ။ ယင်းပိုင်ဗျာယ် စီးပွားရီးအရလဲ ပေါင်းစည်းလို့ မရရေ ဂျော်ဂျီယာပင် ဖြစ်ခရေ။ မြီသျှင်ပဒေသရာဇ်စနစ်တိချုပ်ငြိမ်းလားလို့ နိုင်ငံက စီးပွားရီးအခြေအနိန်တိ တိုးတက်လာရေ ၁၉ ရာစုနှောင်းပိုင်းလောက်ကျခါမှ ဂျော်ဂျီယာရေ နိုင်ငံတခု အသွင်ကိုဆောင်လာရေ။ ဆက်သွယ်ရီးတိုးတက်လာမှုနန့် အရင်းသျှင်စနစ်လက်ခံကျင့်သုံးလာခြင်းရေ စီးပွားရီးအရ လုံးဝမပေါင်းစပ်နိုင်ဘဲ ကွဲနိန်ကတ်တေ ဂျော်ဂျီယာဒေသအသီးသီးက နီမြီချေတိကို လုပ်အားခွဲဝေဆောင်ရွက်ခြင်း (Division of labour) စနစ်နန့် တစုတည်းတစည်းတည်းဖြစ်အောင် ပေါင်းစည်းပီးလိုက်တေ။ မြီသျှင်ပဒေသရာဇ်စနစ်ကနိန် အရင်းသျှင်စနစ်ကို တိုးတက်ဖြစ်ပေါ်ခရေ တခြားနိုင်ငံတိမှာလဲ ယင်းပိုင် အတူတူပင်ဖြစ်တေလို့ ပြောရဖို့။ ယေဇုနန့် ဘုံစီးပွားရီး (၀ါ) စီးပွားရီးအရ ပေါင်းစည်းမှုဟိခြင်းရေ နိုင်ငံဖြစ်ရခြင်း စရိုက်လက္ခဏာတိထဲက တခုလို့ ပြောရဖို့ဖြစ်တေ။
ယေဒါလဲ ဒေချင့်စွာ အားလုံးမဟုတ်သိမ့်။ အထက်က ပြောခစွာနန့် မတူရေအချက်တခုဖြစ်တေ လူသားတိဧ။် နိုင်ငံတခုအဖြစ် ဖွဲ့ စည်းလိုရေ စိတ်ခံစားခြင်း သွင်ပြင်လက္ခဏာတခုကိုပါ ထည့်သွင်းစိုင်းစားရဖို့ ဖြစ်တေ။ နိုင်ငံတိ အချင်းချင်းရေ လူနိန်မှုဘ၀အခြေအနိန်ချင်းမတူကတ်တေပိုင် စိတ်သွင်ပြင်လက္ခဏာချင်းလဲ မတူကတ်။ ယေဇုနန့် နိုင်ငံတိမှာ သီးခြားစီဖြစ်နိန်ရေ ယိုင်ကျေးမှုတိဟိနိန်စွာ ဖြစ်တေ။ အင်္ဂလန်၊ အမေရိကန် နန့် အိုင်ယာလန်က လူတိရေ ဘာသာစကားတမျိုးတည်းပြောပြီးကေ သုံးနိုင်ငံသီးခြားဖွဲ့ စည်းထားရေပိုင် ယင်းနိုင်ငံကလူတိရေ တနိုင်ငံနန့်တနိုင်ငံ မတူရေ အခြေအနိန်တိဟိနိန်ရေအတွက်နန့် သူရို့တိဧ။် မတူရေ စိတ်ပိုင်းဆိုင်ရာဖွဲ့စည်းမှုတိရေ မျိုးဆက်တခုကနိန်တခုကို လက်ဆင့်ကမ်းပြောင်းယူလာရယ်ဆိုရယ် အချက်ကို ပါထည့်တွက်ရဖို့ဖြစ်တေ။
ယင်းစိတ်ပိုင်းဆိုင်ရာဖွဲ့ စည်းမှု (သို့မဟုတ်) အမျိုးသားရီးလက္ခဏာဆိုစွာရေ လက်ဆုတ်လက်ကိုင် ပြလို့မရရေ အရာတခုပင်ဖြစ်တေ။ ယေဒါလဲ ယင်းချင့်သည်ပင် နိုင်ငံတစ်ခုဧ။် ဖြစ်တည်မှုထဲမှာပါရေ ကွဲပြားရေ သီးခြားယိုင်ကျေးမှုတခုကို ဖြစ်ပေါ်စွာစီစွာ သိသာထင်ယှားရေအတွက်နန့် အဂယင့်ဟိနိန်ရေ အဟိတရားတခုဖြစ်ပြီးကေ မျက်ကွယ်ပြုပစ်လို့ မရ။ အမျိုးသားရီးလက္ခဏာတရပ်စွာ တခါကျီ အပြီးသတ်ပြုလုပ်ထားရေ အရာတခုမဟုတ်ဆိုစွာကိုတော့ ပြောစရာမလိုလို့ထင်ပါရေ။ ဒေဟင့်ရေ လူနိန်မှုဘ၀ အခြေအနိန်တိ ပြောင်းလဲခြင်းကနိန် တိုးတက်ဖြစ်ပေါ်လာစွာဖြစ်တေ။ ယေဒါလဲ ယင်းအမျိုးသားရီးလက္ခဏာ ဖြစ်တည်ဟိလာရေ အချိန်တိုင်းစွာ နိုင်ငံတစ်နိုင်ငံအတွက် ရုပ်လက္ခဏာတခုကို ထင်ဟပ်ပုံဖော်လိုက်ခြင်းပင်ဖြစ်တေ။ ယေကေ အဂု အကျွန်ရို့တိမှာ နိုင်ငံတခုလို့ ဆိုရဖို့အတွက် စရိုက်လက္ခဏာတိ ရလာဗျာယ်ဖြစ်တေ။
နိုင်ငံဆိုစွာ သမိုင်းအစိုင်အလာအရ ဖွဲ့ စည်းထားရေ တည်မြဲခိုင်ခံ့ရေ လူမှုအသိုင်းအ၀ိုင်းတခုဖြစ်ပြီးကေ တူညီရေ ဘာသာစကား၊ ဘုံနီရာဒေသ၊ စီးပွားရီးအခြေအနိန်နန့် တူညီရေ ယိုင်ကျေးမှုတခုအဖြစ် သိသာထင်ယှားဟိရေ စိတ်ပိုင်းဆိုင်ရာအဖွဲ့ အစည်းတခုပင်ဖြစ်တေ။
နိုင်ငံတခုရေ တခြားသမိုင်းဖြစ်ရပ်တိပိုင် ပြောင်းလဲစီးဆင်းတတ်တေ သဘောဟိပြီးကေ နိုင်ငံတိုင်းအတွက် ဖြစ်တည်ခြင်းသမိုင်းဆိုစွာဟိပြီးကေ အစပြုခြင်းပြုခြင်းနန့် အဆုံးသတ်ခြင်းဆိုစွာလဲ ဟိရေ။
အထက်က တင်ပြခရေ စရိုက်လက္ခဏာတိကို ခွဲခြားပြီးကေ နိုင်ငံတခုဆိုပနာ အဓိပ္ပာယ်ဖွင့်လို့ရဖို့မဟုတ်။ အထက်က လက္ဓဏာ တခုခုလောက် တချို့ နိုင်ငံတိအတွက် လစ်လှပ်နိန်ရေဆိုကေ ယင်းနိုင်ငံရေ နိုင်ငံတခုဖြစ်တည်ခြင်းကနိန် ယုတ်လျော့လားနိုင်ရေ။ လူတိရေ တူညီရေ အမျိုးသားရီးလက္ခဏာ (စိတ်ဓာတ်) ဟိကတ်ပြီးကေ သူရို့စွာ စီးပွားရီးအရ ပေါင်းစည်းခြင်းမဟိ၊ နီရာဒေသကွဲပြားပြီးကေ နီထိုင်ကတ်တေ၊ တူညီရေ ဘာသာစကားလဲ မဟိဆိုကေ နိုင်ငံတခုထောင်လို့ ရဖို့မဟုတ်။ ယေဇုနန့် အကျွန်ရို့အမြင်အရ ရာသျှားတိ၊ ဂယ်လီသျှန်တိ၊ အမေရိကန်တိ၊ ဂျော်ဂျီယန်တိ နန့် ကော်ကေ့သျှန်တိဖြစ်တေ ကုန်းမြင့်ဒေသက ဂျူးလူမျိုးတိရေ နိုင်ငံတခုတည်အဖြစ်ရပ်တည်နိန်ခြင်းမဟုတ်။ ယင်းပိုင်ဗျာယ် တနီရာတည်းမှာအတူတူ နီထိုင်ပြီးကေ တူညီရေ စီးပွားရီး ဆက်ဆံကူးလူးမှုတိဟိပြီးကေ တူညီရေ ဘုံဘာသာစကားမဟိ၊ တူညီရေ အမျိုးသားရီးလက္ခဏာနန့် စိတ်ဓာတ်မဟိကေလဲ နိုင်ငံတခုလို့ ခေါ်လို့ရဖို့မဟုတ်။ ဥပမာ ဘောတိတ် (Baltic) ဒေသက ဂျာမန်တိနန့် လတ်စ် (Letts) လူမျိုးတိပိုင်ဖြစ်တေ။
နောက်ဆုံးအနိန်နန့် ပြောရကေ နော်ဝေလူမျိုး (Norwegians) တိနန့် ဒိန်းလူမျိုး (Danes) တိရေ ဘာသာစကားတခုတည်းကို ပြောကတ်တေ။ ယေဒါလဲ တခြားစရိုက်လက္ခဏာတိ မဟိရေအတွက်နန့် နိုင်ငံတစ်ခု တည်ထောင်လို့မရ။ အထက်ပါ စရိုက်လက္ခဏာတိ အားလုံးတပြိုင်တည်းဟိနိန်မှရာ အကျွန်ရို့တိ နိုင်ငံတခုအဖြစ် ထောင်လို့ ရဖို့ပင်ဖြစ်ပါရေ။
မောင်မောင်
(JOSEPH STALIN ရီးရေ The Nation ကိုဘာသာပြန်ပါသည်။)