You Are Here: Home - ကဗ်ာ , ပင္မစာမ်က္နွာ - ရခိုင္စစ္သား


၁။ မုတ္ဆိတ္မြီးငုတ္တို
စိတ်ညိုညိုနင့်
စိတ်လိုလက်ရ
ငယ်သွီးကြွလျှက်
လက်နက်ကိုင်ခြင်းမဟုတ်ပါ။

၂။ တောတောင်ကကြမ်း
မြီရိုင်းလမ်းမှာ
ပန်းတိုင်းမယိုင်
စမ်းတိုင်းမအီး
အေခရီးကို
လိုလိုချင်ချင်မဟုတ်ပါ။

၃။ မေတ္တာရင်ခွင် ချိုက်ရင်ခွင်ကို
သူလျှင်ကြောခိုင်း
စိတ်အရိုင်းကြောင့်
စိုင်ကျလာခြင်းမဟုတ်ပါ။

၎။ ငါရို့မွီးမြီ၊ဌာနီသာစွ။
ရက္ခမဏ္ဍိုင်၊ပြည်ရခိုင်၏။
ဂနိုင်ဘဝ၊တဇပြင်ကို မမြင်ချင်လို့။

၅။ ရခိုင်ဘဝ
စည်ပင်ခလဲ
ပစ္စက္ခမြင်ကွင်း
ဆင်းရဲတွင်းကို
အချင်းလက်မခံနိုင်လို့။

၆။ ဖိနှိပ်ကျွန်ပြု
ရခိုင်မှုပျောက်ကွယ်
မီးလောင်မြေသို့
လူနွယ်မတူ
လူမြင်မကောင်း
သူ့ပြည်ဟောင်းကို
အကောင်းပကတိ
မဖြစ်သိတိုင်
အပြောင်းအလဲရှိစီချင်လို့။

၇။ တောကြားတောင်ကြား၊ လူလားလူလာ။
ပြတ်ကင်းရာနယ်၊ ရန်သူမျက်ကွယ်ကို။
ချို့ဝှက်သူခိုး၊ ဓါးကိုဓါးချင်း
စစ်ပွဲခင်းလို့၊ နင်ပြားဘဝက- ရုန်းထချင်လို့။
                        သျှင်ရဲ(DPA)
အေကဗျာကို “ရိုးမပုံရိပ်မဂ္ဂဇင်း”မှာ ဖေါ်ပြဖူးပါရေ
Photo  ALP
Blogger Widgets