You Are Here: Home - ပင်မစာမျက်နှာ , ဆောင်းပါး - ရခိုင်နိုင်ငံပိုင် ရှင်မဖြူကျွန်းဟာ ဗမာပိုင်ခဲ့ တယ်-ပြီးတော့


နိဒန်း ။။။။။။။ ။။။။။။။။။။။။။

ဒီကနေ့  ပြောစရာတွေကို ပြောကြရေးကြတဲ့ အခါမှာ သမိုင်းနဲ့  ပါတ်သက်တာတွေ ရှိလာရင် သမိုင်းရဲ့ နောက်ခံဖြစ်စဉ်တွေကို လေ့လာသိထားပြီးမှ
ပြောကြဆိုကြမှ ကောင်းတယ်။ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းမှာ
တိုင်းရင်းသားလူမျိုး ( ၁၃၅ ) မျိုး နေထိုင်ကြတယ်။ ဒီ( ၁၃၅ ) မျိုး နဲ့ 
ပါတ်သက်လာရင် ဒီတိုင်းရင်းသားလူမျိုးတွေရဲ့  နောက်ခံသမိုင်းစီကို
အထင်အရှား ရှိနေတဲ့ အတွက် တိတိကျကျလေ့လာမှတ်သားပြီးမှ
ပြောကြရေးကြတာကောင်းတယ်။ ဒါတွေတောင်မှ ကာယကံရှင်တွေဖြစ်တဲ့ 
တိုင်းရင်းသားလူမျိုးတွေလောက် အရာခပ်သိမ်းဟာ ပြည့်စုံမှာ မဟုတ်ဘူး။
ဒါကြောင့်မျက်မှောက်ကာလမှာ ဖြစ်ပျက်နေတဲ့  အစိပ်အပိုင်းတခုအနေနဲ့ 
ကာယကံရှင်ဖြစ်တဲ့  သမိုင်းဖြစ်ရပ်မှန်ဖက်က ရပ်တည်ပြီး ဒီကနေ့ 
ပြောချင်တယ်။ သမိုင်းဆိုတာ စက္ကူစုတ်မဟုတ်ဘူးဆိုတာ ပိုလို့ သိစေချင်လို့ 
ပြောတာဖြစ်တယ်။ ဒါပေမဲ့  ဖြစ်ပျက်နေခဲ့ တဲ့  အကြောင်းအရာတွေကို
ပြန်လည်တုန့် ပြန်ပြီး ပြသနာကို အငြင်းပွါးအောင်
ပြုလုပ်တာမဟုတ်ဘူးဆိုတာကိုတော့ နားလည်ထားပေးရပါလိမ့်မယ်။ ဖြစ်ပျက်နေခဲ
့တဲ့  ဆိုတာက တချိန်က အတိတ်မှာ သမိုင်းမှာ ဖြစ်ပျက်ခဲ့ တာကို
အငြင်းပွါးအောင် မပြုလုပ်ဘူးဆိုတာ ပြောတာဖြစ်တယ်။ အခုမျက်မှောက်ကာလမှာ
ဖြစ်ပျက်လာနေတာကို ပြောတာမဟုတ်ဘူး ။ ဘာဖြစ်လို့ ဆိုရင် ပြသနာတရပ်ကို
ကိုယ်တွယ် မဖြေရှင်းတတ်တဲ့  သမတဦးသိန်းစိန်အစိုးရရဲ့  လက်ထက်မှာ
အချုပ်အချာအာဏာ နယြေ်မတည်တန့် ခိုင်မြဲရေးဆိုတာ ကုန်းမြေကိုချည်း
ခေါ်ဝေါ်လေသလားဆိုတာ မပြောတတ်အောင် ဖြစ်မိတယ်။ သူတို့ တွေ အသုံးမကျလို့ 
အခုလို ဘ၈င်္လားပင်လယ်ပြင်ရေပြင်နက်ကို ဆုံးရှုံးပေးလိုက်ရတာထက်
ရှင်မဖြူကျွန်းခေါ် စိန့် မာတင်ကျွန်းကို ပေးလိုက်ရာတာက
နိုင်ငံရေးပြသနာတရပ်ကို မကိုင်တွယ် တတ်တာဘဲဖြစ်တယ်လို့ 
သုံးသပ်ပြရမှာဖြစ်တယ် ။ နိုင်ငံတနိုင်ငံမှာ အချုပ်အချာ အာဏာပိုင်
နယ်နယ်နမိတ်ဆိုတာ ကုန်းရေမြေလေ ပိုင်စိုးခြင်းကို ခေါ်ဝေါ်ခြင်းဖြစ်တယ်။
ဒီမြေဒီရေဒီလေကို အချုပ်အချာ မပိုင်စိုးနိုင်ခဲ့ ရင် ဒါကို
အုပ်ချုပ်သူအစိုးရအဖို့  နိုင်ငံတော်အချုပ်အချာ အာဏာစိုးမိုးရာနယ်မြေလို့ သတ်မှတ်လို့  မရတော့ဘူး ။

ဘင်္ဂလားပင်လယ်ပြင် နောက်ခံသမိုင်း၊ ၊၊၊၊၊၊ ၊၊၊၊၊၊
တချိန်က ဘင်္ဂလားပင်လယ်ပြင်သမိုင်းကို ရခိုင်နိုင်ငံက
ကောင်းကောင်းကြီး မုန်တိုင်းတွေ ရိုက်ခပ်နိုင်ခဲ့ တယ်။ ဒေ့ခ်ျနိုင်ငံ
၊ပေါတူဂီနိုင်ငံတွေနဲ့  -၁ရ-ရာစုလောက်မှာ အကြီးအကျယ်
ကုန်သွယ်ဖက်နိုင်ငံအဖြစ် စီးပွါးရေးပြုလုပ်ဆက်ဆံခဲ့ ကြတယ် ။
အနောက်နိုင်ငံသား ရခိုင်သမိုင်းသုတေသီ -Dr-Jacques P Leider -ဒေါက်တာ
ဂျက်လေဒါက -၁၆၆၆-ခုနှစ်မှာ ရခိုင်နိုင်ငံဟာ ဒေ့ခ်ျတွေနဲ့ 
ဆက်ဆံရေးမပြေမလည်ဖြစ်ရာကနေပြီး စစ်တကောင်းကို လက်လွှတ်ပေးခဲ့ ရသလို
အဲဒီအချိန်မှာ ဘင်္ဂလားပင်လယ်ပြင်ကို စိုးမိုးရာကနေ
အာဏာစက်ဆုတ်ယုတ်သွားရတယ်လို့  ဆိုပါတယ် ။ ဒေ့ခ်ျ ၊ပေါတူဂီ ၊
အာရှေးနိုင်ငံ ။ ဂူဂျာရတ် စတဲ့  နိုင်ငံတွေနဲ့  ကုန်သွယ်ဖက်အကြီးအကျယ်
လုပ်ခဲ့ ကြတာဟာ စစ်တကောင်းကို ပိုင်စိုးခဲ့ တဲ့  ရခိုင်နိုင်ငံရဲ့ 
-၁ရ-ရာစု ကာလဖြစ်တယ်လို့  ထောက်ပြကြပါတယ်။ အနောက်နိုင်ငံသား- Stephen Van
Galden -စတီဗန် ဗန် ဟားလ်ဒန်ကတော့ -၁ရ-ရာစုမှာ ဘင်္ဂလားပင်လယ်ပြင်ကို
ကြီးစိုးခဲ့ တဲ့  ရခိုင်နိုင်ငံဟာ အနောက်နိုင်ငံက ဒေ့ခ်ျနဲ့ 
ပေါတူဂီနိုင်ငံအချင်းချင်း စားခွက်လုရာကနေပြီး ရခိုင်တွေဖက်က
ဒေ့ခ်ျနိုင်ငံက နောက်ပိုင်းမှာ ပူးပေါင်းဆောင်ရွက်ခြင်း မရှိခဲ့ လို့ 
ဒီလို ဆုံးရှုံးသွားရခြင်းဖြစ်တယ်လို့  အသိအမှတ်ပြုပါတယ်။ မည်သို
့ပင်ဆိုစေ စစ်တကောင်းကို ရခိုင်နိုင်ငံပိုင်စိုးခဲ့ တာနဲ့ 
ဘ၈င်္လားပင်လယ်ပြင်ကို ရခိုင်တွေ ကြီးစိုးခဲ့ တာကတော့ သမိုင်းမှာ အထင်အရှား
ရှိနေခဲ့ တာပါဘဲ ။ ဘဂ္ဂင်္ါး-၁၂-မြို့  နဲ့  ဒက္ကားမြို့ အထိ ကို
ရခိုင်နိုင်ငံက ပိုင်စိုးခဲ့ တာတွေဟာ ရခိုင်သမိုင်းမှာ အထင်အရှား ရှိနေခဲ
့တယ်။ တချိန်ထဲမှာဘဲ ပြောချင်တာက ဒီလို အခုအချိန်မှာ
နယ်မြေပိုင်ဆိုင်မှုကို ချပြနေတာဟာ ရခိုင်လူမျိုးတွေ
ကိုယ့်မင်းကိုယ့်ချင်းနဲ့  နေထိုင်လာခဲ့ ကြတာကို သမိုင်းမှာ တကယ်ရှိနေခဲ
့တာကို သိစေချင်လို့ ဖြစ်တယ်။
ဘိုးတော်မောင်ဝိုင်းက ရခိုင်နိုင်ငံကို သိမ်းပိုက်သွားတဲ့ အခါ
ရခိုင်ပိုင် အချုပ်အချာ နယ်မြေဒေသတွေကို ဗမာတွေ ပိုင်ဆိုင်သွားတယ် ။
နှစ်( ၄၀ ) စိုးမိုးအုပ်ချုပ်သွားတဲ့ အခါမှာ ရခိုင်နိုင်ငံပိုင်တဲ့ 
ရှင်မဖြူကျွန်းဟာ ဗမာဘုရင် ပိုင်နက်နယ်မြေဖြစ်ခဲ့ တယ် ။
ရှင်မဖြူကျွန်းကို အင်္ဂလိပ်အစိုးရက သိမ်းပိုက်ဖို့ လုပ်တော့ အဲင်္ဒကျွန်းဟာ
စိန့် မာတင်ကျွန်းရယ်လို့  မခေါ်ဝေါ်သေးဘူး ။ မဟာဗန္ဓုလနဲ့ 
မြန်မာအစိုးရကို စာပေးပြီး တောင်းဆိုရာမှာ အဲဒီကျွန်းဟာ ( Shapuri )
ကျွန်းလို့ ဘဲ အသိအမှတ်ပြု ခေါ်ဝေါ်နေတုံးဘဲဖြစ်တယ် ။ စိန်
့မာတင်ကျွန်းရယ်လို့  မသတ်မှတ်ရသေးဘူး ။ အဲဒီကျွန်းမှာ ရခိုင်လူမျိုး
တပ်မှူး ခေါင်းစောက်ကေဟာ ဗမာဘုရင် စေလွှတ်လို့  နေခဲ့ ရာမှာ
အင်္ဂလိပ်အစိုးရရဲ့  ကုမ္ပဏီဝန်ထမ်းတွေက တိုက်ပွဲမှာ တိုက်ယင်း သတ်ဖြတ်လို့ 
သေဆုံးခဲ့ ရတယ် ။ အဲဒီအချိန်က ရှင်မဖြူကျွန်းဟာ ရခိုင်လူမျိုးတွေ
ပိုင်ဆိုင်ခဲ့ လို့  အဲဒီကျွန်းပေါ်မှာ နေထိုင်ခဲ့ ကြတယ်ဆိုတာ သမိုင်းမှာ
ငြင်းမရတဲ့  အချက်တွေဖြစ်တယ်။ အဲဒီလိုဘဲ ရခိုင်တပ်မှူး ခေါင်းစောက်ကေဟာ
အဲဒီရှင်မဖြူကျွန်း အရေး.အခင်းမှာ ကျဆုံးသွားရတဲ့  ရခိုင်လူမျိုး
တယောက်ဖြစ်တယ်။ ရှင်မဖြူ ( Shapuri ) ကျွန်းဟာ ရခိုင်နိုင်ငံတော်ကသာ
ပိုင်ဆိုင်ခဲ့ တဲ့  နယ်မြေဖြစ်လို့  အဲဒီအချိန်ကာလက ဘယ်လူမျိုး
တဦးတလေမှ မနေထိုင်ခဲ့ ရဘူးဆိုတာ သိသာနိုင်တယ် ။ ရှင်မဖြူကျွန်းကို
စာချုပ်ပြုလုပ်ပြီး ကိုလိနိလုပ်ကြတဲ့  အခါမှာ အဲဒီကျွန်းကို
ရခိုင်လူမျိုးတွေပိုင်တယ်လို့  မပြောရဘူးဆိုတာပါတယ် ။ အဲဒီကျွန်းမှာ
ရခိုင်လူမျိုးတွေ တက်ရောက်နေထိုင်လာခဲ့ ရင် ဖမ်းဆီးေ ထာင်ချမယ်ဆိုတာ
ပါတယ် ။ ပြီးတော့ မြန်မာနိုင်ငံအလံကို စိုက်ထူခွင့်ပေးမယ်ဆိုတာပါတယ်။
မြန်မာအလံတ်ာကို စိုက်ထူခွင့်ပေးမယ်ဆိုတာဟာ မြန်မာနိုင်ငံက ပိုင်ဆိုင်တယ်
ဆိုတဲ့  သဘောဘဲ ။ ဒါတွေဟာ ရှင်မဖြူကျွန်းခေါ် ( Shapuri ) ကျွန်းရဲ့ 
အရှေ့အိန္ဒိယကုမ္ပဏီနဲ့  စာချုပ်ချုပ်ဆိုရာမှာ ပါခဲ့ တဲ့ 
အချက်အလက်တွေဖြစ်တယ်။ ဒီလို ရှင်မဖြူ ကျွန်းခေါ် ( Shapuri )
ကျွန်းအကြောင်းကို ရခိုင်သမိုင်းသုတေသီ စာရေးဆရာကြီး ဦးစံရွှေဘုက ( THE
OLD ARAKAN ) စာအုပ်မှာအဂ်လိပ်ဘာသာနဲ့  သေသေချာချာ အတိအလင်းကို
ရေးသားဖေါ်ပြခဲ့ တာရှိတယ် ။ ဒီသမိုင်းဆိုင်ရာ စာအုပ်မှာ ရှင်မဖြူကျွန်းကို
ရခိုင်နိုင်ငံက ပိုင်ဆိုင်ပြီးနောက် ဗမာဘုရင်က ပိုင်ဆိုင်ခဲ့ လို့ သာ
အရှေ့အိန္ဒိယကုမ္ပဏိနဲ့  ဖြေရှင်းခဲ့ ရတယ်လို့  သက်ေသအထောက်အထားတွေနဲ့ 
ရှင်းရှင်းလင်းလင်း ဖေါ်ပြထားတယ် ။ မစ္စာရောဘတ်ဆင်( )
ရဲ့  ပေးစာတွေ နဲ့  စည်းကမ်းစာချုပ်တွေကို ကြ့ ည့်ရင် အဲဒီတုံးက
ဗမာပိုင်သော ရှင်မဖြူကျွန်းဟာ အင်္ဂလိပ်အစိုးရအတွက် နယ်ချဲ့ ရာမှာ
ခရီးတထောက် ကုန်းမြေသက်သက်သာဖြစ်ခဲ့ တယ်ဆိုတာကို ရခိုင်သမိုင်းမှာ
ရှိသလို အင်္ဂလိပ်ေ၈ဇက်မှာမှာလဲ ခုထိ ရှိနေဆဲ ဘဲဖြစ်တယ်။

မျက်မှောက်ကာလ သမိုင်းကို အဖြေရှာနည်း ။။။။ ။။။။။။။။
ပထမရှေးဦးစွာ ရှင်မဖြူကျွန်းခေါ် ( Shapuri ) ကို ရခိုင်နိုင်ငံက
ပိုင်ဆိုင်ခဲ့ တယ် ။ ဒုတိယအချက်အနေဖြင့် နှစ်( ၄၀ ) စစ်ပွဲနဲ့  ဗမာဘုရင်က
ရှင်မဖြူကျွန်းကို ပိုင်ဆိုင်ခဲ့ တယ် ။ ၁၈၂၄-ခုနှစ်မှာ အင်္ဂလိပ်အစိုးရက
ရှင်မဖြူကျါန်းခေါ် အုန်းကျွန်းခေါ် ( Shapuri ) ကို လက်နက်အားကိုးနဲ့ 
မတရားသိမ်းပိုက်သွားတယ် ။ ဒိလိုပိုင်ဆိုင်ခဲ့ သော နိုင်ငံနဲ့ 
လူမျိုးတွေဟာ ကာယကံရှင်ဖြစ်တဲ့  မူလ ပိုင်ရှင် ရခိုင်လူမျိုးတွေရဲ့ 
လက်ထဲက စစ်နိုင်သူများအဖြစ် ပိုင်ဆိုင်သွားကြခြင်းဖြစ်တယ် ။ ဒီတော့
ရခိုင်နိုင်ငံက ပိုင်ဆိုင်ခဲ့ တဲ့  ရှင်မဖြူ ကျွန်းကို ဗမာပိုင်တယ်ဆိုတာ
ငြင်းမရတဲ့ အချက်ဖြစ်တယ်။ ၁၉၄၈-ခုနှစ်မှာ အဲဒီအင်္ဂလိပ်အစိုးရကဘဲ
မြန်မာနိုင်ငံကို လွပ်လွပ်ရေးပေးတဲ့အခါ ဗမာပိုင်နယ်မြေဒေသတွေကို
အားလုံးလွပ်လွပ်ခွင့်ပေးရမှာဖြစ်တယ် ။ လွပ်လွပ်ရေးအရ ပေးရမှာဖြစ်တဲ့ 
နယ်မြေဒေသမှာ ဒီလိုချွင်းချန်ထားတတ်တယ်ဆိုတာဟာ အိန္ဒိယနိုင်ငံနဲ့ 
ပါကစ္စတန်နိုင်ငံတို့  အငြင်းပွါးနေတဲ့  ကက်ရှမီးယားပြည်နယ်ဖြစ်နေယ်ဆိုတာ
သိသာနိုင်တယ် ။ မြန်မာနိုင်ငံနဲ့  အိန္ဒိယနိုင်ငံဟာ အဲဒီအချိန်က
ကိုလိုနီဖြစ်နေတဲ့  အတွက် လွပ်လွပ်ရေးပေးတဲ့ အခါမှာ တနှစ်လောက်သာ
ကွာခြားပြီး လွပ်လွပ်ရေးပေးခဲ့ တာဖြစ်တယ် ။ နယ်ချဲ့  အုပ်စိုးခဲ့ သူ
အ၈င်္လိပ်အစိုးရဟာ သူကိုလိုနီပြုလုပ်ခဲ့ တဲ့  နယ်မြေဒေသတွေကို
ကိုလိုနီဖျက်သိမ်းရေး ဥပဒေအရ ဒုတိယကမ္ဘာစစ်အပြီး လွပ်လွပ်ရေးပေးတဲ့ အခါ
အခုလို အိန္ဒိယနိုင်ငံနဲ့  ကက်ရှ်မီးယားပြည်နယ် ကို နှစ်ခြမ်းကွဲအောင်
လုပ်ခဲ ပြီး စစ်မီးထတောက်စောခဲ့ တာဖြစ်တယ်။ အခုအချိန်ထိ
အဲဒီနှစ်ခြမ်းဖြစ်သွားတဲ့  ကက်ရ်ျမီးယားဟာ အင်မတန်လှပတဲ့ 
ပြည်နယ်ဖြစ်ပါလျှက်နဲ့  ဆီးနှင်းတွေ လွှမ်ုးခုံနေတဲ့ နေရာတွေမှာ
သွေးစက်တွေနဲ့  ပြည့်လျှံ့နေတယ်။ ဒါဟာ အင်္ဂလိပ်အစိုးရက
လွပ်လွပ်ရေးပေးနည်းတခုဘဲဖြစ်တယ်။ အခုလဲဘဲ ရှင်မဖြူကျွန်းခေါ် ( Shapuri )
ကို လွပ်လွပ်ရေးပေးရာမှာ ဗမာပိုင်ဖြစ်ပါလျှက်နဲ
့မြန်မာနိုင်ငံလွပ်လွပ်ရေးရလာတဲ့ အခါ လွပ်လွပ်သောနယ်မြေအဖြစ်
အသိအမှတ်မြ့ပုခဲ့ ဘူး ။ ဒါဟာသမိုင်းနောက်ခံ ဖြေရှင်းနည်းတခုကို
ခက်ခဲအောင် ပြုလုပ်လိုက်ခြင်းဖြစ်တယ်လို့ မြင်တယ်။ လူမျိုးရေး
သွေးချောင်းစီး ဖြစ်အောင် ပြုလုပ်နည်းဖြစ်တယ် ။

အတိတ်ဆိုတာ ဒီကနေ့ ပစ္စုပန်ကာလရဲ့  အရေးကြီးဆုံးအချိန် ။။။။။။ ။။။။။။။
တချိန်က သမိုင်းဟာ ပဒေသရဇ်ကာလရဲ့  လက်နက်အားကိုးနဲ့ အင်ပါယာချဲ့ ထွင်ခဲ
့တယ်လို့  လွယ်လွယ်နဲ့ ပြောလို့ မရဘူး ။ တကယ်ရှိခဲ့ တဲ့ 
သမိုင်းဖြစ်ရပ်ကို လက်လွပ်စပယ် ပြောလို့ မရဘူး ။ အယင်က စစ်နိုင်သူတို့ 
နယ်ပယ်ချဲ့ ထွင်ကြလို့ ဘဲဖြစ်ဖြစ် ဆုံးရှုံးခဲ့ ကြလို့ ဘဲဖြစ်ဖြစ်
ဒါဟာသမိုင်းဘဲဖြစ်တယ်။ သမိုင်းမှာ သွေးစွန်းခဲ့ တာတွေကို မပြောလို
့မရဘူး။ သမိုင်းမှာ မှားခဲ့ တာကို မပြောလို့  မရဘူး ။ ဒီလိုဖြစ်ခဲ့ လို့ 
လူတွေ သေဆုံးခဲ့ ကြရတာကို အခုမျက်မှောက်ကာလမှာ နိုင်တဲ့ သူက
တောင်းပန်ရဲရမယ် ။ ဒိလိုဖြစ်ရပ်ဆိုးတွေကို မကြုံရအောင် ဖန်တီးယူရဲရမယ် ။
ဒါမှ လူကြီးလူကောင်းဆန်တယ်လို့  အသိအမှတ် ပြုနိုင်ကြရတယ်။ အယင်က
အင်ပါယာချဲ့ ထွင်ခဲ့ တာကို ခုအချိန်မှာ ပြောလို့ မရတော့ဘူး ။ ခုအချိန်မှာ
ရှင်မဖြူကျွန်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံပိုင်ဆိုင်သွားပြီဆိုတာ လက်ခံရမယ်
ဆိုတာမျိုးနဲ့ လောက်တော့ ပြောလို့ မရဘူး ။ ဘာဖြစ်လို့ ဆိုရင်
ဘင်္ဂလားပင်လယ်ပြင်ရဲ့  ရှင်မဖြူကျွန်းရဲ့  သွေးမြေကျခဲ့ တဲ့ 
သမိုင်းတွေထဲမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက အဲဒီအချိန်မှာ မရှိသေးသလို
ဘင်္ဂလီလူမျိုး တယောက်တလေတောင်မှ အဲဒီကျွန်းပေါ်မှာ တဲထိုးလို့  မနေခဲ
့ဖူးဖူး ။ ဒါကြောင့် အတိတ်ဟာ ခုအချိန်မှာ မျက်မှောက်ကာလရဲ
့ဆုံးဖြတ်ချက်အတွက် အရေးကြီးတာဖြစ်တယ် ။

ကက်ရှ်မီးယားလို စစ်မီးထတောက်လာမည်လော ။။။ ။။။။

အိန္ဒိယနိုင်ငံရဲ့  အလှပဆုံးပြည်နယ်တခုကို ပြောရရင် ကက်ရှ်မီးယားပြည်နယ်ဟာ
ဆီးနှင်းတွေနဲ့  ဆယ့်နှစ်လရာသီ ဝေနေတဲ့  အလှပဆုံး ပြည်နယ်ဆိုပြီး
လက်ညှိုးထိုးပြရမှာပါ ။ မိန်းမချောလေးတွေရဲ့  မျက်လုံးတွေဟာ
သမင်မမျက်လုံေးလးလို စိမ်းဝါနေပြီး လေးကိုင်းသဏ္ဍန်ရှိတဲ့  မျက်ခုံးတွေနဲ
့ သူတို့ ရဲ့ အလှတွေနဲ့  သူတို့  ပြည်နယ်ကို ဖန်ဆင်းနေကြတာဖြစ်တယ်။
အင်မန်အေးချမ်းလျတဲ့  ဆောင်းရာသီ မဟုတ်ရင်တောင် ဆီးနှင်းတွေကျဆင်းဝေနေတဲ
့ အဲဒီပြည်နယ်ကို ကမ္ဘာလှည့်ခရီးသည်တွေ အများကြီးလည်ပတ်သွားနေကြတတ်တယ်။
ဒါပေမဲ့  အင်မတန်အေးချမ်းဆိတ်ငြိမ်တဲ့  အဲဒီနယ်မြေမှာ
နိုင်ငံရေးမတည်မငြိမ်ဖြစ်လို့  သေနတ်သံတွေ ညံနေတယ် ။ ပေါက်ကွဲသံတွေ
ဆူဝေနေတယ် ။ လူတွေဟာ သေဆုံးနေကြရတယ် ။ မိန်းခလေးငယ်တွေဟာ သူတို့  ရဲ
့အလှတွေကို သေနတ်ကိုင်တဲ့ လက်များနဲ့  မိပ်ကပ်လိမ်းခြင်းကို မပြုလုပ်ရဘူး
။ပါကစ္စတန်နိုင်ငံရဲ့  ကတ်ရှ်မီးယားပြည်နယ်ထဲက ချစ်သူရည်စားကို
လက်ထပ်ပေါင်းသင်းမိတဲ့  အိန္ဒိယနိုင်ငံက ကောင်လေးတွေဟာ သူတို့  ရဲ့ 
အမိမြေအတွက် တိုက်ပွဲဝင်ကြရတယ်။ ဒီနေရာမှာ နှလုံးသားရဲ့  ပန်းနဲ
့ပေါက်ခြင်းမကစားရဘဲ ချစ်သူတွေဟာ သေနတ်နဲ့  ပစ်သတ်တမ်းကစားနေကြရတယ် ။
ပါကစ္စတန်နိုင်ငံထဲမှာပါသွားတဲ့ သူက အိန္ဒိယနိုင်ငံထဲပါသွားတဲ့ သူတွေကို
ရန်သူလို သဘောထားသွားကြရတယ် ။ ဒါဟာ အင်္ဂလိပ်အစိုးရက အိန္ဒိယနိုင်ငံနဲ့ 
ပါကစ္စတန်နိုင်ငံကို ကတ်ရှ်မီးယားပြည်နယ်ကို နှစ်ခြမ်းခွဲ ပြီး
လွပ်လွပ်ရေးပေးခဲ့ တဲ့  စနက်တံကြောင့်ဘဲဖြစ်တယ် ။ အခုလဲဘဲ
မြန်မာနိုင်ငံကို နယ်ချဲ့  သိမ်းပိုက်ခဲ့ တဲ့  အင်္ဂလိပ်အစိုးရဟာ
မြန်မာနိုင်ငံကို လွပ်လွပ်ရေးပေးတော့ ရှင်မဖြူကျွန်းကို သေသေချာချာ
ထည့်သွင်းဖေါ်ပြခြင်းမပြုဘူး။ ဒါပေမဲ့  စောစောကပြောသလို သမိုင်းဆိုတာ
မျက်မှောက်ကာလဖြစ်တဲ့ ပစ္စုပန်ကာလမှာ လွယ်လွယ်နဲ့  ဖယ်ထားလို့  မရဘူးဆိုတာ
ရှင်းနေတယ် ။ ကိုလိုနီလုပ်တုံးက ပါရှိနေခဲ့ တဲ့  နယ်မြေဒေသကို
လွပ်လွပ်ရေးပေးတဲ့ အခါ အဲဒီနေရာဒေသတွေဟာ မုချအကျုံးပါဝင်ပတ်သက်မှု
ရှိနေရမှာဘဲဖြစ်တယ် ။ ဒါကို နိုင်ငံတကာစာချုပ်စာတမ်းအရ ဘယ်သူမှ
ငြင်းချက်ထုတ်လို့ မ ရဘူး ။ တကယ်လို့  ငြင်းချက်ထုတ်လို့ ရှိရင်
တစ်ကပြန်စဖို့ အတွက် စစ်မီးတွေ ထတောက်ရမှာလားဆိုတာ မေးခွန်း
ထုတ်စရာဖြစ်နေတယ် ။

အဓိကတာဝန် ရှိသူ သမတဦးသိန်းစိန်ဖြစ်တယ် ။။။။။။ ။။။။။။။

နိုင်ငံတနိုင်ငံရဲ့  အချုပ်အချာ အာဏာပိုင်နယ်မြေကို တလက်မမှ မထိစေရဆိုတာ
နိုင်ငံတိုင်းရဲ့  နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှာ
ဖေါ်ပြထားတာရှိပါတယ် ။ ဒီနိုင်ငံတော် ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို
ထိမ်းသိမ်းလိုက်နာတဲ့ အတွက် ဒီအချုပ်အချာ အာဏာပိုင်နယ်မြေကို
ထိမ်းသိမ်းကာကွယ်စောင့်ရှောက်တဲ့ အနေနဲ့  လက်နက်ကိုင်တပ်မတော်သားတွေဟ
အသက်ကိုပဓာနမထားဘဲ အသက်ပေးကာကွယ် စောင့်ရောက်နေကြရတယ် ။ ခုတော့
သွေးမြေတစက်မှ မကျရဘဲ အချုပ်အချာအာဏာနယ်မြေကို လက်လွပ်စပယ်
ပေးလိုက်ရပြီဖြစ်တယ် ။ ဒီလိုလက်လွပ်စပယ်ပေးလိုက်တာဟာ အဓိကတာဝန်ရှိသူအဖြစ်
သမတဦးသိန်းစိန်မှာ ဖြေရှင်းရမဲ့  အကြောင်းအရာဖြစ်တယ် ။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ လက်နက်အားကိုးနဲ့  နယ်ချဲ့ လာတာမဟုတ်ဘဲ
တရားရုံးအဆင့် ဖြေရှင်းနည်းနဲ့  တောင်းဆိုခဲ့ တာဖြစ်တယ် ။ ဒါကို
အကောင်းဆုံးဖြေရှင်းနည်းဖြစ်ဖို့  အတွက် သမတဦးသိန်းစိန်က ဘယ်လိုမှ
မတည်ဆောက်နိုင်ခဲ့ ဘူး ။ ပြည်သူ့ လွှတ်တော်ညီလာခံမှာ ကျင်းပနေတဲ့ 
လွှတ်တော်ကိုယ်စားလှယ်တွေနဲ့  ဒီပြသနာဟာ နိုင်ငံတော်ရဲ့  အချုပ်အချာ
နယ်မြေနဲ့  ပတ်သက်နေတယ်ဆိုတာကို ချမပြခဲ့ ဘူး ။ မဆွေးနွေးခဲ့ ကြဘူး ။
စာတမ်း မဖတ်ခဲ့ ကြဘူး ။ ရှင်မဖြူကျွန်းရဲ့  သမိုင်းကို
ရခိုင်သမိုင်းသုတေသိတွေ သိကြပါလျှက်နဲ့  ဘာတခုမှ အကူအညီ မတောင်းခံခဲ့ ဘူး
။၁၉၇၄-ခုနှစ်မှာမှ ကမ္ဘာ့မြေပုံမှာ ဘ၈င်္လားဒေ့ရှ်နိုင်ငံရယ်လို့ 
လွပ်လွပ်ရေးရလာတဲ့  နိုင်ငံလေးတနိုင်ငံက ဘင်္ဂလားပင်လယ်ပြင်နဲ့  နီးလို့ 
ဒီပင်လယ်ပြင်ရဲ့  မိုင်-၂၀၀- ၀န်းကျင်ကို သူတို့ နိုင်ငံက
ပိုင်ဆိုင်ခွင့် တောင်းတယ်ဆိုတာကို ဘာမှ မပြောသာပေမဲ့  ဘာမှ မပါတ်သက်တဲ
့ရှင်မဖြူကျွန်းကို ပေးလိုက်တာကတော့ အဓိပ္ပါယ်ရှိတဲ့ 
လုပ်ရပ်တခုမဟုတ်ဘူးဆိုတာ ပြောရဲတယ် ။ ဒါတောင်မှ ပင်လယ်ပြင်
ရေအောက်မျက်နှာပြင်က သဘာဝဓါတ်ငွေ့  ထွက်လာလို့  အခုလို
တောင်းဆိုလာရခြင်းဖြစ်တယ် ။ မဟုတ်ရင် တောင်းဆိုမျာ မဟုတ်သေးဘူး ။ ဒီတော့
ကိုယ်ပိုင်တဲ့  နယ်မြေဒေသကို ဆံုးရှုံးစေခြင်းဟာ နိုင်ငံတော်ဖွဲ့  စည်းအုပ်ချုပ်ပုံအခြေံဥပဒေကို ချိုးဖေါက်ခြင်းဘဲဖြစ်တယ် ။ ဒီပြသနာမှာ
အဓိကတရားခံဟာ သမတဦးသိန်းစိန်ဖြစ်တယ်ဆိုတာ ပြောချင်တယ် ။။။

နိဂုံး ။။။။။ ။။။။။။။
နိဒန်းကနေပြီး နိဂုံးအထိ တင်ပြရာမှာ ဘ၈င်္လားပင်လယ်ပြင်ဟာ တချိန်က
ရခိုင်တွေ ကြီးစိုးရာနယ်မြေဖြစ်တယ်ဆိုတာ နားလည်သွားပါလိမ့်မယ် ။ ပြီးတော့
ရှင်မဖြူကျွန်းဟာ ရခိုင်နိုင်ငံက ပိုင်ခဲ့ တယ် ။ နောက်တော့ ဗမာဘုရင်က
ပိုင်ဆိုင်ခဲ့ တယ် ။ နောက်တော့ အင်္ဂလိပ်အစိုးရက ပိုင်ဆိုင်သွားတယ် ။
မြန်မာနိုင်ငံကို လွပ်လွပ်ရေးပေးတော့ ကိုလိုနီလုပ်တုံးက မြန်မာနိုင်ငံရဲ
့ နယ်မြေဖြစ်တဲ့  ရှင်မဖြူကျွန်းကို လွပ်လွပ်ရေးပေးရာမှာ မပြုလုပ်ခဲ့ ဘူး
။ အခြားတဖက်မှာ ဘာမှ မပါတ်သက်တဲ့  ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အခုအချိန်မှာ
စေတနာဗလပွနဲ့ ထိုးပေးလိုက်ရပြီ ။ နိုင်ငံတနိုင်ငံရဲ့  ပင်လယ်ပြင်
အကွာအဝေး နယ်နမိတ်ကို ဒီကနေ့  ကမ္ဘာ့နိုင်ငံအသီးသီးမှာ
ကျင့်သုံးချမှတ်ထားတဲ့  ဥပဒေအတိုင်း ဆောင်ရွက်ရတယ်ဆိုတာ နားလည်ပါတယ် ။
ဒါပေမဲ့  နားမလည်တာက ရှင်မဖြူကျွန်းကို ဘာမှ မပါတ်သက်ပါဘဲနဲ့ 
ပေးလိုက်ရတယ် ဆိုတာပါဘဲ ။ ဒါဟာ နိုင်ငံတော်ရဲ့  အချုပ်အချာ အာဏာကို
ထိပါးစော်ကား ခံလိုက်ရခြင်းလို့ မြင်ပါတယ် ။ ဘာမှ မပါတ်သက်ေသာ
ရှင်မဖြူနဲ့  ဘင်္ဂလားဒေ့ရှင်္နိုင်ငံဟာ ဒီကနေ့  အင်တာနတ်မှာ ရှိတဲ့  (
Wikipedia ) ဖေါ်ပြတာလောက်နဲ့ တော့ ဘာမှ တရားမ၀င်ဘူးဆိုတာ ပြောချင်တယ် ။
ဒါက ပြုစုသူက တင်ပြထားတာဖြစ်ပြီး ကိုယ်လိုရာ ဆွဲ တင်ထားတာဘဲဖြစ်တယ် ။
တကယ်လို့  ရှင်မဖြူကျွန်းကို မြန်မာနိုင်ငံထဲက မည်သူမဆို
ကမ္ဘာလှည့်ခရီးသည်များအတွက် တင်ပြထားတယ်ဆိုရင် အဲဒီအတိုင်း ဖေါ်ပြနေမှာပါဘဲ
။ ဒါက လက်တွေ့ ကျလှတာမဟုတ်ဘူးဆိုတာ ပြောတာဘဲဖြစ်တယ် ။ နောက်တချက်ကတော့
ရှင်မဖြူကျွ့န်းကို အုန်းကျွန်းလို့ ခေါ်ပြီး အ၈င်္လိပ်လို ( Shapuri ) လို
့ အဲဒီအချိန်က အသိအမှတ်ပြု ခေါ်ဝေါ်ခဲ့ ကြတယ် ။ စိန့် မာတင်ကျွန်းလို့ 
နောက်မှ နာမည်ပြောင်း ခေါ်ဝေါ်တာာသာဖြစ်တယ် ။ ဒါကြောင့် ရှင်မဖြူ ကျွန်း
သို့  မဟုတ် အုန်းကျွန်း သို့ မဟုတ် ( Shapuri ) သို့ မဟုတ် စိန့် မာတင်
ကျွန်းဟာ နာမည်လေးမျိုးတွင်တဲ့  ဘင်္ဂလားပင်လယ်ပြင်က ကျွန်းတကျွန်းဖြစ်တယ်
။ ဒီကျွန်းဟာ နတ်မမြစ်ဝကနေပြီး ၈- ကီလုမီတာလောက်သာ ဝေးပြီး မောင်တောမြို
့နယ်ဖက်က လူတွေဟာ တဲထိုးပြီး ညအိပ်ညနေ ငါးဖမ်းလုပ်ငန်းကို ခုအချိန်ထိ
လုပ်ကိုင် သက်မွေးနေကြတဲ့  နေရာဖြစ်တယ် ။ အသုံးမကျလှတဲ့ 
မြန်မာနိုင်ငံအစိုးရတွေက ဒီကျွန်းရဲ့ အရေးပါပုံကို ဘာမှ မသိရှိကြတဲ
့အတွက် လက်လွှတ်ဆုံးရှုံးခံလိုက်တာဖြစ်တယ် ။ ပကတိမျက်မှောက်ကလာမှာ
ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ မြန်မာနိုင်ငံလောက် နယ်နမိတ်မကျယ်ဝန်းသလို
လူဦးရေက -သန်း-၂၀၀- နီးပါးကို ရောက်နေပြီဖြစ်တယ် ။ လူဦးရေ
ပေါက်ဖွးမှုနုံး မြင့်မားလာလို့  သူတို့ မှာ နယ်မြေသစ် ရှာနေရပြီဖြစ်တယ်
။ မကြာခင် သူတို့ ဆီက လူဦးရေ တော်တော်များများဟာ မြန်မာနိုင်ငံကို
ကူးစက်ပြန့် ပွါး မလာဘူးလို့  မည်သူတဦးတလေကမျ တပ်အပ်သေချာ
မပြောရဲတော့တဲ့  အခြေအနေဖြစ်နေတယ် ။ ဒီကိစ္စပြသနာဟာ အနာဂါတ်ဟာ
ခြိမ်းခြောက်လာမဲ့  အရာဖြစ်သလို တားဆီးရမဲ့  တာဝန်ကလဲဘဲ အဓိက
သမတဦးသိန်းစိန်ရဲ့  တာဝန်အရှိဆုံးပြသနာဖြစ်တယ်လို့  ပြောချင်ပါတယ်။
တိတိလင်းလင်းပြောချင်တာကတော့ သမိုင်းကို စက္ကူစုတ်လို မလုပ်မိဖို့ လိုတယ်
ဆိုတာပါဘဲ ။ ဒါကြောင့် ရှင်မဖြူကျွန်းပြသနာဟာ မိုးမီးလောင်လာပြီး
အစစ်အမှန်ပြည်သူတွေ လက်ထဲ ရောက်လာရလိမ့်မယ်လို့ မြင်မိနေပါတယ် ။

အောင်သာနီ
ကိုးကားစာအုပ်များ ။
-1-Stephen Van Galden --( Leiden University ) Arakan at the turn of
the first Millennium of the Arakanese era ) /
-2-Dr Jacques P Leiden ၏ Arm"s ascent during the Mrauk -U period
စာတမ်း- Expansion and Integration : The Dynamics of Growth /
-3- U San Shwe Bu - The Old Arakan

Blogger Widgets