You Are Here: Home - ပင်မစာမျက်နှာ , အတွီးစချေတိ - ပညာမာန

တခါက ပညာမန တက်နိန်ရေ လူငယ်တယောက် မြစ်ဆိပ်တခုကို ရောက်လာရေခါ ကဒိုးလောင်းက မြစ် လယ်ကို ရောက်နိန်ပါဗျာယ်။ နောက်ကဒိုးလောင်းကိုမစောင့်ချင်စွာနန့်အနားမှာချိုင်ထားရေလောင်း ဟောင်း
တစီးကို ငှားပနာ မြစ်ကို ဖြစ်ပါရေ။

မြစ်လယ်ကို ရောက်တေခါ လောင်းလှော်လာရေ ၀ါကြီးဖက်ကို လှည့်ပနာ " အခင်ကြီး ဒဿနိကဗေဒ ဆိုစွာ ကို သိပါလား။" လို့ မိန်းလိုက်ပါရေ။

"ကြားတောင် မကြားဖူးဝေ တူချေ။"လို့ လောင်းသမား ၀ါကြီးက ပြောလိုက်ပါရေ။

"ဟုတ်ပါရေ။ အခင်ကြီးရို့ ဇာကြားဖူးပါဖို့လဲ။ ဒဿနိကဗေဒ ဆိုစွာ အကြောင်းအရာတိုင်းကို ယုတ္တိကျကျ သုံးသပ်တတ်တေ ပညာရပ်ကို ပြောစွာပါ။ ကျွန်တော်က ဒဿနိကဇေဒနန့် ဘွဲ့ယူထားပါရေ။"

"ယကေ အခင်ကြီး မနုဿဗေဒ ဆိုစွာကို ကြားဖူးပါလား။"

"အင်ဟင့် ဝေ။"

"မနုဿဗေဒ ဆိုစွာ ကကောင်း အကျိုးသက်ရောက်မှုရှိရေ လူ့အတိုင်အပင်ခံ ပညာရပ်တမျိုးပါ။ ကျွန်တော် က မနုဿဗေဒမှာ မဟာဘွဲ့ ရထားပါရေ။"

"အခင်ကြီး ယုတ္တိဗေဒ ဆိုစွာကို ဘာဝါ"

"အင်ဟင့် ဝေ။"

"ယုတ္တိဗေဒဆိုစွာ သဘာဝ အမှန်တရားတိကို စနစ်တကျ လေ့လာရေ ဘာသာရပ်ပါ။ ကျွန်တော်က ယုတ္တိ ဗေဒ ပညာရပ်မှာ ပါရဂူဘွဲ့ ယူထားပါရေ အခင်ကြီး။"

လူငယ်က တတ်သမျှ ပညာရပ်တိကို ထုတ်ကျော်နိန်ရေ အချိန်မှာ လောင်းဝမ်းထဲကို ရီတိက တသောသော ၀င်လာပါရေ။ ၀ါကြီးက ရီပက်နန့် ပက်ထုတ်လို့ မနိုင်ရေခါ "အဝေ တူမောင်။ ယေကေ စကားမစပ် တူမောင် ကူးခပ်ဗေဒကို သိလာမသိ။"လို့ မိန်းလိုက်ပါရေ။

"ယေ။ အေပိုင်ပညာရပ်ကို ကျွန်တော် တခါလည်း မကြားဖူးပါ။"

"အေးဝေ။ အေအချန်မှာ ကူးခပ်ဗေဒ ဆိုရေ ရီကူးပညာကို မတတ်ကေတော့ခါ အသက်ရှင်ဖို့ လမ်းမမြင်ဝေ တူချေ။ အခင်ကြီးတော့ခါ ကူးခပ်ဗေဒကို လက်တွိ အသုံးချဗျာယ်ဝေ။"ဆိုပနာ လောင်းထက်က ဗြုန်းခနဲ ခုန်ဆင်းလားပါရေ။

ယင်းခါ လူငယ်က "အဘာလေး အခင်ကြီး။ ကျွန်တော့်ကို တယောက်တည်း မထားခပါကေ့။ ကျွန်တော် ရီမကူးတတ်ပါ။"လို့ အော်ငိုပြီးကေ တောင်းပန်ပါရေ။

ဝါကြီးလည်း သနားလားပနာ ပပင်ပပန်း ကယ်လိုက်ခါမှ ကမ်းစပ်ကို ရောက်လားကတ်ပါရေ။ ကမ်းစပ်မှာ တအော့အော့နန့် ရီတသောသော အန်ပြီးခါမှ လူငယ်လည်း မာနတိ ကျလားပါရေလတ်။

ဘ၀သင်ခန်းစာ။ ။ အတတ်ပညာ၊ အသိပညာ တမျိုး၊နှစ်မျိုးကို ကျွမ်းကျင်တတ်မြောက်ရုံနန့် ငါ့ပိုင်လူ မရှိဗျာယ်လို့ မာန မတက်ကတ်ပါကေ့။ လူတိုင်းစွာ ကိုယ့်ထက် ပညာရပ်တခုခုမှာ အားသာနိန်တတ်တေ ဆိုစွာကို သတိရကတ်ပါ သူငယ်ချင်းရို့။
Blogger Widgets