You Are Here: Home - ပင်မစာမျက်နှာ , အတွီးစချေတိ , အမျိုးသားရီး , ဆောင်းပါး - အမျိုးသားရေးအတွက်တွေးခေါ်ခြင်း လူမျိုးတမျိုး၏တော်လှန်ရေး

အမျိုးသားရေးအတွက်တွေးခေါ်ခြင်း လူမျိုးတမျိုး၏တော်လှန်ရေး(သို့
မဟုတ်)တိုးတက်ရေးသည် ယင်းပြည်သူလူထူထောက်ခံမှု မဟိခကေ သို့တည်းမဟုတ် ပါဝင်ပူးပေါင်းဆောင်ရွက်မှုမဟိခကေ ယင်းလူမျိုးအဖွဲ့အစည်းတိရေ အောင်မြင်တိုးတက်မှု မဟိဆိုစွာ လက်ဟိမှာသာဓကပြစရာတိ သာဓကတိအများကြီးဟိပါရေ။ ကျွန်တော်ရို့ရခိုင်အမျိုးသားရို့မှာလေ့ တော်လှန်ရေး၌ ပြည်သူလူထုပါဝင်မပူးပေါင်းခြင်း၊ တော်လှန်ရေးခေါင်းဆောင်တိက ပြည်သူလူထုကို မစည်းရုံးတတ်ခြင်း၊ ငါဆိုရေအတ္တဇွဲကိုထားပနာ တယူသန်ကြီးနိန်ကတ်ခြင်းကြောင်း ဒေနိန့်ထက်ထိအောင် မအောင်မြင်ကတ်ခြင်းဖြစ်ပါရေ။ ယင်းတော်လှန်းအောင်မြင်နိုင်ဖို့အတွက် မိမိရို့ကိုအယင်ဆုံးစံပြဖြစ်အောင် ပုံသွင်းပစ်ရပါဖို့။ သို့မှသာ ယင်းနောက်မှလာရေလူတိလည်း ထိုလမ်းသို့လိုက်ကတ်ပါဖို့။ သူတပါးကိုကျင့်စဉ်အမှန်ကို ပြောဆိုဆုံးမနိန်ပြီးကေ ကိုယ်ကလွဲလျှော်နိန်ကေ ယင်းလူရေခေါင်းဆောင်ကောင်းမပီသရုံသာမက တော်လှန်ရေး၏ ကျင့်ထုံးကျငိ့စဉ်ကို ချိုးဖေါက်ဖျက်စီးရာရောက်သည်။ ၁၉၇၅-၇၆-ခုနှစ်လောက်က ဗိုလ်မှူးခိုင်မိုးလင်းဦးစီးရေ ရခိုင့်လွတ်မြောက်ရေးတပ်မတော်ရေ ဇာကြောင့်အင်အားခိုင်မာခပါရေလေး၊ ဗိုလ်မှူးခိုင်မိုးလင်းကိုယ်တိုင် တော်လှန်ရေးမှာ ဘ၀ကိုမြှုပ်နှံပြီးကေ လှမ်းမှန်အတိုင်းလျှောက်လို့ပြည်သူတိက ယုံကြည်မှူဟိလာပြီးကေ အင်အားတိလေ့ တဖြည်းဖြည်းတိုးတက်လာရေ။ ယင်းတိုးတက်မှူနန့်အတူ ရခိုင်ပြည်မှာ နယ်ချဲ့ဝါဒအဆုံးသတ်စီဖို့ ချီတက်တေလမ်းမှာ ခြီမှုန်းခံရပြီးကေ ရန်သူဘားမှာလုံးဝလက်နက်မချဆိုရေ သူ့စကားနန့်အညီ သူ့ကိုသူအဆုံးစီရင်လားခပါရေ။ ဗိုလ်မှူးခိုင်မိုးလင်းရေ သူ့ဘ၀ကို တော်လှန်ရေးမှာ မြှုပ်နှံထားရုံမက အသက်ကိုပီးပြီးကေ ရခိုင်လူမျိုးအတွက်တိုက်ပွဲဝင်လားခရေ။ သူ့ဘ၀ဆုံးလားခကေလေ့ တော်လှန်ရေးမဆုံးစီဖို့ သူစီစဉ်ထားနိုင်ခရေ။ ဥက္ကဌကြီး အသက်ဆုံးယှုံးလားခကေလေ့ ဒေနိန့်ထက်တိုင် ကရင်ပြည်သူရို့က နာမည်ကိုတထွတ်ထွတ်ပြောပနာ သူ့ခေတ်တော်လှန်ရေးအကြောင်းကို ပြောဆိုနိန်ကတ်တုန်းပင်။ ကရင်ပြည်သူရို့ကတောင် လေးစားကြည်ညိုရေ ဥက္ကဌကြီးခိုင်မိုးရေ ရခိုင်သားရို့ရင်ထဲမှာ ဇာကြောင့်မရောက်နိုင်ကတ်လေး၊ ဇာတွက်ကြောင့်မသိကတ်စွာလေ။ နအဖရို့အုပ်ချုပ်မှုလက်အောက်မှာ ပြည်သူရို့၏နား၊ မျက်စိတိအပိတ်ခံထားရခြင်းကြောင့်တကြောင်း၊ ရခိုင်ခေါင်းဆောင်ကြီးရို့တိက ပြည်သူလူထုထဲကို တော်လှန်ရေးမျိုးစိ မချပီးနိုင်လို့ပင်ဖြစ်ပါရေ။ အဂုလက်ဟိအနိန်အထားမှာလေ့ ရခိုင်လက်နက်ကိုင်အဖွဲ့တိ အမျိုးမျိုးကွဲပြားနိန်ကတ်ပြီးကေ တချို့ကဖယ်ဒရယ်၊ တချို့ကဒီမိုကရေစီ၊ တချို့ကလွတ်လတ်ရေးဆိုပြီးကေ သံစုံဟစ်အော်နိန်ကတ်တေ။ ကျွန်တော်ရို့အနာဂတ်ခရီးဆက်ဖို့အတွက် အတိတ်ကိုဖယ်ထားခလို့မရပါ။ ကျွန်တော်ရို့ရခိုင်ပြည်ရေ အယင်က နိုင်ငံတခုအဖြစ် ရပ်တည်နိန်ခရေ။ ထို့အတူ ရခိုင်ပြည်သူရို့၏စိတ်ထဲမှာလေ့ သူများနန့်ပူးပေါင်းပြီးနိန်ဖို့ထက် ကိုယ်ပိုင်အုပ်ချုပ်ရေးစနစ်ကို လိုချင်ကတ်ဖို့မှာ မုချမလွဲပါ။ တော်လှန်ရေးအနာဂတ်အတွက်ကို ကျွန်တော်ရို့အဖွဲ့အစည်းတိက ဆုံးဖြတ်လို့မရဘဲ ပြည်သူလူထုတိကရာ ဆုံးဖြတ်ရပါဖို့။ ကိုယ်ရို့အဖွဲ့အစည်းအချင်းချင်း သဘောထားကွဲလွဲနိန်ကတ်ကေ ရခိုင်လွတ်လပ်ရေးသည်လည်း ၀ီးသထက်ဝီးလားဖို့ထင်ပါရေ။ အရှီတီမောနိုင်ငံရေ လွတ်လပ်ရေးကို ပြည်သူတိထောက်ခံမှု စစ်ပွဲနန့် ရယူလားခရေ။ သူရို့ရေ အင်အားကြီးမားရေ လက်နက်ကိုင်အဖွဲ့အစည်းမဟုတ်၊ ယေကေလေ့ လူထုတရပ်လုံးက ထောက်ခံကူညီပူးပေါင်းခကတ်တေ။ သူရို့၏ခေါင်းဆောင်ကြီး ယှာနာနာဂါ(စ်)မာအို၏ မှန်ကန်ရေလမ်းစဉ်အောက်မှာ အလျှော့မပီးတိုက်ပွဲဝင်ခလို့ အဂုကိုယ်ပိုင်ဒီမိုကရေစီနိုင်ငံကို အောင်မြင်စွာထူထောင်ခကတ်တေ။ ကျွန်တော်ရို့၏ အဓိကသော့ချက်ရေ မူဝါဒလမ်းစဉ်မှန်ဖို့၊ ခေါင်းဆောင်ကောင်းဖို့နန့် ပြည်သူလူထုကို စည်းရုံးကတ်ရဖို့ပင်ဖြစ်တေ။ ရခိုင်တော်လှန်ရေး ဖြတ်သန်းလာကတ်တေ အချိန်တိမှာ ကိုယ်ရို့အချင်းချင်း ပဋိပက္ခဖြစ်ကတ်စွာတိ၊ တယူသန်ဝါဒတိကို ကျင့်သုံးကတ်စွာတိ၊ ကိုယ်ကျင့်တရားတိပျက်ပြားပနာ အမျိုးမျိုးပျက်စီးခကတ်စွာတိကို ခေါင်းဆောင်တယောက်ပြောပြလို့ သိရပါရေ။ ရခိုင်လူမျိုးတိရေ ဒေါသကြီးရုံမက အရာရာမှာဗိုလ်ကျချင်ရေစိတ်ဓာတ်၊ အကြီးအကဲပြောရေစကားကိုမနာခံ၊ ကလန်ကဆန်စိတ်ဓာတ်အများဆုံးဟိရေလူမျိုးပါ။ ယင်းပိုင်စိတ်အလိုနောက်ကို လိုက်ကတ်ခြင်းကြောင်းလည်း အများကြီးပျက်စီးဆုံးယှုံးလားခကတ်ပါသည်။ တော်လှန်ရေးသမားကောင်းတာဝန်နန့် စစ်သားတယောက်တာဝန်မတူပါ။ စစ်သားတယောက်တာဝန်ရေ မိမိရို့၏လမ်းမှာ ဆူးငြောင့်ခလုပ်တိကို ယှင်းပစ်ရုံသာဟိပါသည်။ တော်လှန်ရေးသမားတယောက်၏ တာဝန်မှာကား မိမိရို့ကိုပိတ်လှောင်ထားရေ လှောင်ခြိုင့်ကိုချိုးဖျက်ပနာ လွတ်လပ်စွာပျံသန်းဖို့အတွက် ကြိုးစားနိန်ရခြင်းပါ။ ယင်းပိုင်ကွာခြားရေ တာဝန်တိကို ထမ်းဆောင်နိန်ရရေအတွက် မိမိကိုယ်ကိုထိမ်းချုပ်ပြုပြင်ဖို့ အများကြီးလိုအပ်လာပါရေ။ တချို့က တော်လှန်ရေးမှာ ပင်ပမ်းလို့မခံနိုင်ကတ်၊ တချို့က အစားအစာချို့တည်းလို့တကြောင်း၊ အနိန်အထိုင်ကြပ်တည်းလို့တကြောင်း၊ အကြောင်းအမျိုးမျိုးနန့် တော်လှန်ရေးလမ်းမှာ ပြတ်ကျန်နိန်ခရေ လူတိအများကြီးပါ။ ကျွန်တော်ရို့သည် မိဖအိမ်မှာနိန်တုန်းက မကြောင်းကြ မတောင်းတ စားခကတ်၊ သောက်ခကတ်စွာမှန်ပါရေ။ ယေကေလေ့ သာမန်ပြည်သူတယောက်ကနိန်ပြီးကေ တိုင်းပြည်၏အာဇာနီရဲဘော်တယောက်အဖြစ် တာဝန်ထမ်းရွက်ရာမှာ ဒေအခက်အခဲက ဟိစမြဲပါရာ။ ကျွန်တော်ရို့မှာ ကိုယ့်ကိုကိုယ် အယင်ပြုပြင်ရပါဖို့။ ခရီးတခုထွက်ပြီးကေ ဇာနည်းနှင့်ပင်လားလား၊ စိတ်ဓာတ်ရေ ကောင်းကောင်းအရေးကြီးပါရေ။ ကားနန့်လားကေလေ့ ခေါင်းမုန်းရေ၊ သင်္ဘောနန့်လားကေလေ့ လှိုင်းမုန်းရေ စသည်ဖြင့် ကြေနပ်မှုအပြည့်အ၀မဟိကတ်၊ ကျွန်တော်ရို့ စကားပုံတခုဟိရမဟုတ်ပါလာ၊ လူအလိုကိုနတ်မလိုက်နိုင်လတ်၊ ယင်းပိုင်ကွာဟရေ ဒွိဟစိတ်တိကို ညှိနှိုင်းပနာ တဖြည်းဖြည်းပုံသွင်းလားရပါဖို့။ တော်လှန်ရေးကို ကျွန်တော်ရို့မျိုးဆက်သစ်လူငယ်ချေတိက မထမ်းဆောင်ခကေ ရခိုင်ပြည်ရေ တခြားတိုင်းရင်းသားတိကြားမှာ ကောင်းကောင်း ရှက်စရာကောင်းပါဖို့။ ရခိုင်ရေ အတိတ်ကဇာပိုင်ခမ်းနားခရေ၊ ဇာပိုင်သတ္တိဟိခရေဆိုပြီးကေ ထိုင်ပြီးပြောနိန်ကတ်လို့ အလကားရာ။ အတိတ်ကိုရာကြည့်နိန်ကတ်တေ လူတိရေ အနာဂတ်နန့်လွဲချော်တတ်တေလတ်။ ဒေပိုင်အော်ဟစ်နိန်ပြီး အလုပ်မလုပ်ကေ လီလုံးထွားရလူမျိုး၊ အပြောကြီးရေလူမျိုးတိလို့ ထင်ကတ်ပါဖို့။ တော်လှန်ရေး၏အခြီခံဇတ်မြစ်သည် ပြည်သူတိဖြစ်၏ဆိုရေအတိုင်း ပြည်သူတိက တတက်တအားပါဝင်လုပ်ဆောင်မှသာလျှင် တော်လှန်ရေးခရီးရေ တိုတောင်းပါဖို့။ ၁၇၈၄-ခု ဒီဇင်ဘာ၃၁-ရက် ရခိုင်နိုင်ငံတော် အချုပ်အခြာအာဏာ ကျဆုံးလားခရေနိန့်ကပင်စပြီးကေ ရခိုင်ရို့၏ ကိုယ်ပိုင်လွတ်လပ်ခွင့်သည်လည်းကောင်း၊ အသက်အန္တရာယ်သည်လည်းကောင်း၊ တစုံတရာစိတ်မချရခပါ။ မဟာဝါဒီရို့သည် ရခိုင်သိန်းပေါင်းများစွာကိုသတ်ပြီးကေ ရခိုင်ရို့၏ယဉ်ကျေးမှု အမွီအနှစ်တိကို ဖျက်စီးပစ်ခပြီးကေ လူမှုအဆင့်အတန်းမှာလည်း ချွတ်ခြုံကျအောင်၊ နာလံမထူနိုင်အောင်အထိ ဖိနှိပ်ချုပချယ်နိန်ကတ်တုန်းပင်။ ရခိုင်ပြည်မှာ သယံဇာတများစွာဟိသည်။ သို့သော် ရခိုင်ပြည်ကထွက်သော သယံဇာတတိကို ရခိုင်သားတိခံစားခွင့်ရကေ ကမ္ဘာမှာအဆင့်အတန်းမြင့်မြင့်နန့် ခေတ်ရီစီးကြောင်းအတိုင်း နိန်နိုင်၏။ အဂုလက်ဟိအနိန်အထားမှာ တစုံတရာခံစားခွင့်မရရုံတောင်မက အဓမ္မလုပ်အားပီးခိုင်းစီခြင်း ခံရကတ်တေ။ ရခိုင်သမီးပျိုတိ၏ အပျိုစင်ဘ၀တိကို အဓမ္မသိမ်းပိုက်လိုက်ကတ်တေ။ ရခိုင်လူငယ်ချေတိ အကျင့်စာရိတ္တပျက်ပြားအောင် အမျိုးမျိုးဖျက်စီးနိန်ကတ်တေ။ ဒေဖြစ်ပျက်နိန်ပုံတိကို ထောက်ကြည့်ခြင်းအားဖြင့် ရခိုင်ရို့ကို သူရို့ကျွန်အဖြစ် ဆက်လက်ဖိနှိပ်ဂုတ်သွီးစုပ်ဖို့ ဆန္ဒဟိနိန်တုန်းပင်။ ရခိုင်ရို့၏သယံဇာတလည်း အများကြီးထွက်နိန်စွာကို အဂုဆိုကေ ရခိုင့်ပင်လယ်ပြင်ကထွက်တေ ရွှီဂတ်(စ်)ဆိုကေ သူရို့အတွက် ဒေါ်လာသန်းပေါင်းများစွာရဟိဖို့ဖြစ်တေ။ ရှိတန်းစခန်း၌ တာဝန်ထမ်းဆောင်နိန်ကတ်တေ ရဲဘော်တိမှာ အဓိကရည်ရွယ်ချက်မှာ ရခိုင်ပြည်လွတ်လပ်ဖို့နန့် ပြည်သူတိစည်းလုံးညီညွတ်ရေးရဟိဖို့ပင်ဖြစ်ပါရေ။ ရဲဘော်ရို့၏ အသက်နန့်ဘ၀ကိုလည်း ပြည်သူတိအားလုံး ကျွန်ဘ၀ကလွတ်မြောက်စီဖို့ ပီးလှူထားကတ်ရရေ။ ရဲဘော်ရို့မှာ မျှော်လင့်ချက် အခြားတစုံတရာမဟိပါ။ တော်လှန်ရေးသည် ပြည်သူလူထုကြားထဲက တဖြည်းဖြည်း စိမ့်ထွက်လာရပါဖို့။ ကျွန်တော်ရို့၏ အနီးကပ်ဆုံးမဟာမိတ် ကရင်ရို့မှာ လိုအပ်ကေ ကျောင်းတက်နိန်ကတ်တေ ကျောင်းသားချေတိကအစ သီနတ်ကိုင်ဗျာယ် ရှိတန်းထွက်ကတ်တေ။ မဟိဟိစွာကို ရက်ရက်ရောရော ပီးကမ်းကျွေးမွေးရေ။ ယင်းအတွက်ကြောင့် ကရင့်တော်လှန်ရေး ဒေနိန့်ထက်တိုင်အောင် ရှင်သန်ကြီးထွားနိန်စွာဖြစ်တေ။ သူရို့ရေ ရန်သူရို့၏အမျိုးမျိုးစစ်ဆင်နိန်စွာကိုတောင် လုံးဝစိတ်ဓာတ်မကျဘဲ တစည်းတလုံးတည်း ခုခံကာကွယ်ကတ်တေ။ သူရို့၏နယ်မြီတချို့ကို ထိမ်းချုပ်ထားနိုင်ပြီး ပြည်သူတချို့ကို ကာကွယ်ပီးနိန်ကတ်တုန်းပင်။ သူရို့၏တော်လှန်ရေးကို ကမ္ဘာကလည်းအသိအမှတ်ပြုရေ။ အမျိုးသားအောင်လံတော်တခုတည်းအောက်မှာ တက်ကြွစွာအသက်ပီး တိုက်ပွဲဝင်နိန်ကတ်တေ။ ကျွန်တော်ရို့မှာ ကောင်းကောင်းကြီး မျိုးချစ်စိတ်ဓာတ်တိ ထက်သန်ရေလူတိရာ တော်လှန်ရေးနိန်မြီကို ရောက်လာပြီးကေ ကျန်ရေလူငယ်ချေတိက မဆိုင်ရေပိုင်လက်ဖက်ကြည့်နိန်ကတ်တေ။ ရခိုင့်တော်လှန်ရေးရေ ကျွန်တော်တယောက်တည်း ကျွန်တော်ရို့တဖွဲ့တည်းနန့် ဆိုင်စွာမဟုတ်ပါ။ ရခိုင်သားအားလုံးနန့်သက်ဆိုင်ပါရေ။ ကျွန်တော်ရို့ရခိုင်မှာ လူငယ်လူရွယ်ချေတိ အများကြီးဟိပါရေ။ ပြည်ပမှာရောက်နိန်ကတ်တေ ရခိုင်အရေအတွက် သောင်းဂဏန်းများစွာဟိပါရေ။ ဒေလူတိက တော်လှန်ရေးကိုခြီစုံပစ်ဝင်ဖို့စွာကိုထား၊ တော်လှန်ရေးအတွက် ထောက်ပံ့ငွီဘတ်၅၀-၁၀၀-လောက်တောင်မထည့်ဘဲ အမျိုးမျိုးပြောဆိုဝေဖန်နိန်ကတ်စွာကို ကျွန်တော်ကိုယ်တိုင်တွိဖူးခပါရေ။ တော်လှန်ရေးတခုရှင်သန်ဖို့ စိတ်ဓာတ်အား လူအားလိုရေပိုင် ငွေအားလည်းအများကြီးလိုပါရေ။ တောထဲမှာနိန်ရေ တော်လှန်ရေးရဲဘော်တိမှာ ဇာကရလို့စားပါဖို့လေး၊ အဖွဲ့အစည်းမှာ စီပွါးရေးလည်းမဟိ၊ ထောက်ပံ့ငွေချေတိကိုမှီခိုပနာ ငပိရည်နှင့်ကျင်လုံးနိန်ကတ်ရစွာက တခါတရီဆိုကေ အိမ်ကိုသတိရမိရေ။ ယေကေလေ့သော ရခိုင်ပြည်သူရို့၏ ငြိမ်းချမ်းမှုအတွက် အစားအသောက်၊ ကျမ္မာရေးချို့တဲ့ ချွတ်ယွင်းရေကြားထဲက မပြည့်စုံရေလက်နက်တိနန့် မျိုးချစ်စိတ်ဓာတ်ကို အရင်းခံပြီးကေ စိတ်ရှည်ရှည်ထား ရှိဆက်နိန်ကတ်တုန်းပင်။ ရှိလူကြီးအဆိုအရ ရခိုင်လူမျိုးဆိုစွာ ဇွဲလုံးလအရင်းခံပြီးကေ မှန်ကန်ရေကျင့်စဉ်ကိုကျင့်လို့ ရခိုင်မျိုးဆက် ဒေလောက်ရှည်နိန်ကတ်စွာဝေးလို့ ပြောကတ်ပါရေ။ တည်နိန်ရာအနိန်အထားအရ ရခိုင်ပြည်ကို နောက်ဘက်မှာ ကုလားပြည်တိက ၀ိုင်းရံထားပါရေ။ အရှိဘက်မှာဆိုကေ ဗမာလူမျိုးကြီးတိက ရပ်တည်လာရပါရေ။ ရခိုင်ပြည်သမိုင်းမှာလေ့ စွန့််စားမှုအမျိုးမျိုးတိ တွိရပါရေ။ ရခိုင်ဘုရင်ရို့လက်ထက်က စစ်တကောင်းကိုသိမ်းယူပြီးကေ မဂိုရို့၏ရန်က ကာကွယ်ဖို့အတွက် ခံတပ်ကြီးတည်ဆောက်ပနာ အမျိုးမျိုးတားစီးခရကတ်တေ။ နောက်ပြီးကေ ဗမာဘုရင် တပင်ရွှေထီး မြောက်ဦးမြို့ကို အကြိမ်ကြိမ်လာရောက်တိုက်ခိုက်စွာကို ညီညီညွတ်ညွတ်နန့် ခုခံကာကွယ်ပြီးကေ လက်စားချေရေအနိန်နန့် နန္ဒဘုရင်လက်ထက် ဟံသာဝတီကိုသိမ်းပြီးကေ ပြန်လာကတ်တေ။ ရခိုင်ဘုရင်ရို့ရေ လူများတိကိုလားပြီးကေ ရန်မစ။ မိမိကိုကျူးကျော်လာကေလေ့ ခေါင်းငုံ့မခံ။ ယင်းအတွက်ကြောင့် ရခိုင်သမိုင်းရေ ဂုဏ်သိက္ခာဟိဟိနန့် နှစ်ပေါင်း၅-ထောင်ကျော် ဖြတ်သန်းလာလတ်တေ ဖြစ်တေလို့ ကျွန်တော်အငယ်ချက ကျောင်းထိုင်ဘုန်းကြီး ပြောကြားမိန်းကြားဖူးပါရေ။ ရခိုင်လူမျိုးတိရာ အဂုပိုင်ဖြစ်နိန်ကတ်ဖို့ဆိုကေ အယင်ကပင် ကုလားဇတ်ထဲကို ဆွဲသွင်းခံလားခရဗျာယ်။ အဂုလက်ဟိအခြေအနေရေ ရခိုင်ရို့အတွက် ကောင်းကောင်းအရေးကြီးရေအချိန်ကို ရောက်နိန်ဗျာယ်။ ခေါ်တောကုလားတိလည်း ရိုဟင်ဂျာဆိုပြီးကေ အဖွဲ့အစည်းတိဖွဲ့လို့ တပ်ထူထောင်ပြီးကေ ရခိုင်ပြည်ကိုရိုဟင်ဂျာပြည်အဖြစ် ပြောင်းလဲပစ်ဖို့လုပ်နိန်ရေပိုင် ဗမာစစ်အစိုးရကလေ့ ရခိုင်ကိုလူမျိုးဖျောက်ပစ်ဖို့အတွက် အကွက်ကျကျစီစဉ် ရီးဆွဲနိန်ကတ်တေ။ အနာဂတ်ကိုနှလုံးရည်နန့်တိုက်လို့မရဗျာယ်။ ပြည်ပကဖိအားပီးဖို့စွာတိ ကုလသမဂ္ဂက အရေးယူဖို့စွာတိတခုတည်းကိုရာ စောင့်ဆိုင်းနိန်ဖို့ဆိုကေ သူများကကိုယ့်အိမ်ကို လာဆောက်ပီးဖို့စွာကို စောင့်နိန်ရပိုင်ဖြစ်လားပါဖို့။ ကိုယ့်အားကိုယ်ကိုးဆိုရေ စကားပုံရေ လူသားတိအတွက်အမှန်အကန် အသင့်တော်ဆုံးဖြစ်တေ။ ရခိုင်ပြည်ကိုချစ်တေလို့ ပါးစပ်ကပြောနိန်ရုံနန့်မရသိမ့်။ အိမ်ဆောက်ဖို့အတွက် နမူနာကိုစက္ကူထက်မှာရီးဆွဲပနာ အပြင်မှာဥပေက္ခာပြုထားကေ ယင်းစီမံကိန်းတခုရေ စာရွက်ချေတရွက်နန့်တတူ ဆွီးလားလီဖို့။ ရန်သူရို့သည် နည်းအမျိုးမျိုးသုံးပြီးကေ ရခိုင်သမိုင်းနန့်တတူ လူမျိုးပါပျောက်လားအောင် အစီစဉ်ကျကျ ပုံသွင်းယူနိန်ရေ။ မိမိရင်ဝကိုဓားစိုက်ဝင်လာပြီးမှ ငါ့ကိုထိုးစွာလာဂူးဆိုရေ နောင်တရခါမှဆိုကေ အသတ်ခံရကတ်တေ ရခိုင်သားရို့အတွက် ဇာလောက်စိတ်နာဖို့ကောင်းပါလဲ။ ကိုယ့်တိုင်းပြည်မှာ ဆန်ဟိယင့်သားနန့် ထမင်းငတ်ရရေအဖြစ်မျိုး မိမိရို့စိုက်ပျိုးပီးလိုက်တေဆန်ကို ၀ယ်စွာကိုတောင်မရောင်းဘဲ ရခိုင်သားရို့ကိုသီကြောင်းကြံရေ။ ယင်းကို မခံနိုင်ရေလူတိက ဆန္ဒပြရေခါ ရက်ရက်စက်စက် ပစ်သတ်ပြီးကေ မသီနိုင်သိရေလူတိကိုပါ တွင်းထဲထည့် မြီဖို့သတ်စွာတိကို ရခိုင်သားတိမိန့်နိုင်ကတ်ပါယင့်လား။ နယ်ချဲ့လက်အောက်ကလွတ်မြောက်ဖို့အတွက် ရွီးလမ်းက တလမ်းတည်းရာဟိရေ။ ယင်းလမ်းမှာ တော်လှန်ရေးကို ပြည်သူရို့ဘ၀နန့်တသားတည်းကျအောင် တည်ဆောက်ဖန်တီးယူလားရဖို့ဖြစ်တေ။ ရခိုင်ပြည်သည်ငါရို့ပြည် ရခိုင်မြီသည်ငါရို့မြီမှန်ကေလေ့ အဂုကျွန်တော်ရို့မပိုင်ပါ။ ဗမာစစ်အစိုးရသာ အပိုင်စီးထားပါရေ။ ရခိုင်ပြည်သူရို့မှာကား ကြိုးဆွဲရာကနိန်ကတ်ရရေ ရုပ်သီးချေတိပိုင်ဖြစ်နိန်ကတ်ပါရေ။ ဒေနိန်ရာက အဂုပြောင်းဆိုကေပြောင်း၊ ဒေအိမ်ကိုဖျက်ဆိုကေဖျက် သူရို့ရာစင်္ကြာဝတေးမင်းလုပ်နိန်ကတ်တေ။ ရခိုင်အထင်ကရပုဂ္ဂိုလ်ကြီးတိကို အမျိုးမျိုးသောပုဒ်မတိတတ်ပြီးကေ ဖမ်းစီးထောင်ချသတ်ဖြတ်ပစ်တေ။ ရခိုင်မြန်မာပဏ္ဍိတ်သမိုင်းပညာသျှင် အဖိုးဦးသာထွန်းသီဆုံးလားခြင်းသည် သူရို့သတ်ရို့ဖြစ်တေ။ အဖိုးတယောက်သီလားစွာ သူရို့အတွက် ကောင်းကျိုးဟိကေလေ့ ရခိုင်ပြည်သူရို့မှာကား ဆီမီးခွက်လီတိုက်လို့ သီလားခရေပိုင် မှောင်မိုက်ပြီးကေ ကျန်နိန်ခရေ။ အမှန်အတိုင်းရွီးရဖို့ဆိုကေ အဖိုးဟိနိန်ခြင်းသည် သူရို့အတွက်မလုံမလဲ ကြောက်ရွံ့နိန်ရသည်။ သူရို့စီအစဉ်မှာ ရှိကရိုးမတောင်ကြီးကာထားရေပိုင် အဟန့်အတားဖြစ်စီသည်။ ယင်းပိုင်ခေါင်းဆောင်ကြီးတိ တဖြည်းဖြည်းချိုးနှိမ်ခံရရေ။ ရခိုင်လူမျိုးရို့မှာ ယှုံးလားရေလို့ မယူဆက်ကတ်တေ လူတိဟိကတ်သိရေ။ တချို့ကဗမာလက်ပါးစေအဖြစ် အမှုထမ်းကောင်း ထမ်းနိန်ကတ်တုန်းဖြစ်သည်။ အာဏာသျှင်အစိုးရ စရိုက်လက္ခဏာမှာ ပြည်သူလူထုကို အမျိုးမျိုးဖိနှိပ်ချုပ်ချပ်ဖို့ဖြစ်တေပိုင် ထိုအဖိအနှိပ်ခံလက်အောက်မှလွတ်အောင် ရုန်းထွက်ဖို့တာဝန်က အဖိအနှိပ်ခံပြည်သူရို့အတွက်ဖြစ်ပါရေ။ စစ်အစိုးရ၏ သက်ဆိုးရှည်အောင် အဓိကပံ့ပိုးနိန်ကတ်စွာက မိမိရို့ထဲက လောက်ကောင်တိပင်ဖြစ်သည်။ လက်တဆုပ်စာချေကို မက်မောပြီးကေ ကိုယ့်လူမျိုးကိုကိုယ် နှိပ်စက်ဖို့မငဲ့ညှာရေ သူရို့ပိုင်လူမျိုးတိရေ ရွံစရာအကောင်းဆုံး လူစားတိပင်ဖြစ်တေ။ ယင်းပိုင်ရန်သူကို အင်အားဖြည့်တင်းထားလို့လည်း အာဏာသျှင်အစိုးရ ဂုပိုင်ကျမ္မာစွာ တွိနိန်ကြားနိန်ကတ်ရစွာဖြစ်တေ။ ယေကေလေ့ သူရို့တိရေ တော်လှန်ရေးအင်အားစုတိကို အမြစ်ပြတ်အောင်ခြီမှုန်းလို့မရ။ အခြေအနေတိကို ခြုံငုံသုံးသပ်ကြည့်ဖို့ဆိုကေ သူရို့တိမှာ လက်နက်အင်အား၊ လူအင်အားသာပါလိမ့်မေ။ ယေကေလေ့ စိတ်ဓာတ်ရေးရာနန့် သေနင်္ဂဗျူဟာမှာ တော်လှန်ရေးရဲဘော်တိကို လုံးဝယှဉ်မရပါ။ တော်လှန်ရေးဆိုစွာလေ့ ပြည့်စုံရေ တော်လှန်ရေးမဟိပါ။ ပြီးပြည့်စုံရေ တော်လှန်ရေးအဖွဲ့အစည်းတိရေ မျှော်လင့်ချက်ပြည့်ဝလားခကတ်ဗျာယ်၊ လွတ်လပ်ရေးရလားခကတ်ဗျာယ်။ ကျွန်တော်ရို့ရခိုင့်တော်လှန်ရေးမှာလေ့ နိန့်ကျလိုက်၊ မြင့်တက်လိုက် အမျိုးမျိုးဖြတ်သန်းနိန်ကတ်တေ။ ယေကေလေ့ ရေရှည်တည့်တံ့မှုဟိအောင် မတည်ဆောက်နိုင်ခကတ်။ ကျွန်တော်ရို့အနိန်နန့် ရှိကကျင့်သုံးလားခရေ နည်းဗျူဟာထဲက ကောင်းရေနည်းဗျူဟာနန့် ကျင့်စဉ်တိကိုလိုက်နာပြီးကေ မှားနိန်ရေလမ်းစဉ်တိကို ပြုပြင်ပြီးကေ ရှိဆက်ဖို့လိုပါရေ။ အဖွဲ့အစည်းတခုကို ထိမ်းကွပ်အုပ်ချုပ်ရေးမှာ စည်းကမ်းကောင်းဖို့နန့် လမ်းစဉ်မှန်ကန်ဖို့လိုပါလိမ္မည်။ နောက်ပြီးကေ ပြည်သူလူထု၏ မျိုးချစ်စိတ်ဓာတ်တက်ကြွဖို့ အဓိကအရင်းခံကို မီးမောင်းထိုးပြဖို့ လိုအပ်ပါရေ။ ရခိုင်ရို့၏ ကိုယ်ပိုင်လွတ်လပ်ရေးသည် ဒေအတိုင်းဆက်လားနိန်ကေ အနာဂါတ်မှာ မတွေးဝံ့စရာဖြစ်လာလိမ္မည်။ ကျွန်တော်ရို့မှာက နယ်ချဲ့တိကို တော်လှန်ရေးကာလမှာတောင် ပြည်သူတိပူးပေါင်းပါဝင်မှုမဟိခကေ အကယ်၍လွတ်လပ်ရေးရပြီး နိုင်ငံထူထောင်ခလို့ ပြဿနာတခုခုကြောင့် ပြည်ပက ရန်စကျူးကျော်လာကေ ဇာပိုင်ဖြေယှင်းကတ်ပါဖို့လဲ။ ဒူးတိနှဖူးတွိရင်ဆိုင်နိန်ရရေ အန္တရာယ်ကိုတောင် ကာကွယ်တွန်းလှန်ချင်စိတ် မဟိပိုင်ဖြစ်နိန်ကတ်ကေ နောက်ကျလာဖို့အန္တရာယ်ကို ကာကွယ်ဖို့ဆိုစွာ ရယ်စရာသဘောဖြစ်နိန်ကတ်ဖို့လားမသိ။ အမေရိကန်နိုင်ငံရေ ဒေတသက်မှာ လူမျိုးခြားလက်အောက်သို့ မကျရောက်ပါ။ ယေကေလေ့ သူရို့အတွက်သော်၎င်း၊ အခြားလူမျိုးတိအတွက်သော်လည်းကောင်း၊ အန္တရာယ်ကျရောက်ဖို့စွာကိုလည်းကောင်း၊ သူရို့လုံးဝအဖြစ်မခံကတ်၊ ကြိုတင်ကာကွယ်ကတ်တေ။ မြောက်ကိုးရီးယား၊ အီရန်ကိစ္စရို့ရေ သူရို့တနိုင်ငံတည်းတွက်မဟုတ်ဘဲ တကမ္ဘာလုံးကို အန္တရာယ်ပီးနိုင်သည်သည်။ ယင်းအတွက်ကြောင့် အမေရိကန်က ကမကထပြုပြီးကေ ယင်းကိစ္စတိကို ကိုင်တွယ်ဖြီယှင်းဖို့ ကြိုးစားနိန်စွာတိကို တွိရရေ။ လိုအပ်လာကေ စစ်ရေးအရ အရေးယူဖို့အတွက် လက်တွန့်သူတိမဟုတ်။ ပြည်သူလူထုတိကပါ၊ စစ်တပ်ကပါ ယင်းဆုံးဖြတ်ချက်ကို ထောက်ခံကြောင့် ထောက်ခံနိုင်ပါရေ။ ဇာဖြစ်လို့လဲဆိုကေ ယင်းကိစ္စတိက သူရို့ကိုအန္တရာယ်အများဆုံးပီးနိုင်ရေ မဟုတ်ပါလား။ ပြည်သူလူထုရေ ဇာနိုငံမှာမဆို ပင်မရီစီးကြောင်းတခုဖြစ်တေ။ ပြည်သူမဟိဘဲ အစိုးရဖွဲ့လို့မရ။ ယင်းပြည်သူကို ဦးဆောင်ဖို့အတွက် နိုင်ငံ၊ လူမျိုးခေါင်းဆောင်မဟိဘဲ နိုင်ငံနန့်လူမျိုးမတည်တံ့နိုင်။ ရခိုင်ရို့မှာ အဂုလက်ဟိခေါင်းဆောင်ကြီး၊ ခေါင်းဆောင်ကောင်းတိ အများကြီးဟိသည်။ ယင်းခေါင်းဆောင်တိရေ သူရို့ဘ၀တခုတည်းကိုရာ တည်ဆောက်ဖို့ဆိုကေ အီးချမ်းစွာတည်ဆောက် နိန်ထိုင်နိုင်ကတ်တေ။ ယေကေလေ့ ရခိုင်ပီသစွာ ရခိုင်မလွတ် ငါမလွတ်ဆိုရေ သာဓကချေကို နှလုံးသွင်းပြီးကေ နိန့်မအိပ် ညမအိပ် ရခိုင်ပြည်အရေးကို အပြင်းအထန်ဆောင်ရွက်နိန်ကတ်တေ။ ရခိုင်လူထုလည်း မရုန်းသာ မရွံ့သာ ဖိနှိပ်ခံနိန်ရပြီးကေ မျိုးချစ်စိတ်ထက်သန်မှု အားနည်းနိန်ကတ်တေ။ ဒေနှစ်ခုကိုချင့်ချိန်ကြည့်ကေ မညီမျှရေအတွက်ကြောင့် အောင်မြင်မှုမရနိုင်။ နိဂုံးချုပ်အနိန်နန့် ရခိုင့်အာဇာနည်ဥက္ကဌကြီး ဗိုလ်မှူးခိုင်မိုးလင်း အဆိုအမိန့်ငါးခုထဲက နောက်ဆုံးအချက်ဖြစ်တေ ရန်သူ့ထံလက်မြှောက်အယှုံးပီးခြင်းသည် အဖိနှိပ်ခံပြည်သူများအတွက် ခွင့်မလွတ်နိုင်သော ရာဇ၀တ်မှုကို ကျူးလွန်ရာရောက်သည်လို့အဆိုအမိန့် ထုတ်ဖေါ်ပြထားခပါရေ။ အဂုရခိုင်ရို့ရေ ပြစ်မှုကျူးလွန်နိန်ကတ်ဗျာယ်။ ယင်းအတွက်ကြောင့် ယင်းအပြစ်ကိုဆီးကြောသန့်စင်ရေအနိန်နန့် ရခိုင်ပြည်လွတ်လပ်ရေး တိုက်ပွဲဝင်ယင်း ရခိုင့်လွတ်လပ်ရေးအတွက် တဖက်တလမ်းက ကူညီကတ်ယင်း ဆီးကြောကတ်ပါစို့၊ သန့်စင်ကတ်ပါစို့။ ရဲဘော်ဇာနီသည် အသက်၁၈-နှစ်ရာ အပြင်းပြည့်သိရေ ရဲဘော်လူငယ်တယောက်ဖြစ်ပြီး ရခိုင့်တော်လှန်ရေးထဲသို့ လွန်ခဲ့သော၎-လခန့်က ၀င်ရောက်လာသူ ရဲဘော်တယောက်ဖြစ်သည်။ သူ့အား ရခိုင့်စံပြမျိုးချစ်လူငယ်၊ ရဲဘော်တယောက်အဖြစ် ရခိုင့်လွတ်လပ်ရေးစာစောင်မှ ဂုဏ်ပြုလိုက်ပါသည်။ ရခိုင်ပြညသူများနှင့် ရခိုင့်တော်လှန်ရေးရဲဘော်၊ ခေါင်းဆောင်များအားလုံး ရခိုင့်တော်လှန်ရေး လက်ဟိအနိန်အထားကို သဘောပေါက်နားလည်ပြီး၊ ခေတ်မှီသင့်တော်ရေ တော်လှန်ရေးလမ်းကြောင်းတခုကိုရွီးချယ်နိုင်ကတ်ပါစီ။
......................
Mrfubu Chay facebook 
Blogger Widgets