You Are Here: Home - ပင်မစာမျက်နှာ , လက်ရှိအခြီနီ , သတင်း - အိန္ဒိယအလုပ်သမားတိနန့် မြန်မာအလုပ်သမားတိ ရန်ဖြိုက်ကတ်လို့ ၅ ယောက် ဒဏ်ရာရ



ကျောက်ြဖူမြို့နယ် မဒေးကျွန်းရှိ ရီနံသိုလှောင်ဖို့အတွက် ဆောက်လုပ်ထားရေ တိုင်ကီတိ(ဓာတ်ပုံ-ရခိုင်ရိုးမ)
နယူးဒေလီ( ရခိုင်ရိုးမ)။  ။ ဒေဂု လ ၂၄ ရက်နိ ညဇာဖက် ၁၀နာရီခွဲ အချိန်လောက်မှာ ကျောက်ဖြူမြို့နန့် ၁၁ မိုင် အကွာ ပြတဲရွာတွင် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းတည်ဆောက်ရေး အခြီခံစခန်း (၁) အနားက  Punj Lloyd PTE Co.,Ltd ကုမ္ပဏီ က အိန္ဒိယအလုပ်သမား ၇၀ လောက်ရေ သူ့ရို့သောက်သုံးဖို့အတွက် ရီကို တာဝန်ယူထားရေ ပါရမီကုမ္ပဏီရုံးခန်းကို ကျောက်ခဲတိနန့် ဖြိုခွဲရာကနိန်  ပါရမီကုမ္ပဏီက ၀န်ထမ်းတိနန့် အပြန်အလှန် ရန်ဖြိုက်ခကြောင်း သတင်းရရှိပါရေ။

“ကုလားတိက ပါရမီရုံးကို ကျောက်ခဲတိနန့် ပစ်ကတ်ပါရေ၊ မှန်တိလည်း ကွဲလားပါရေ။ ယင်းခါ
ရုံးမှာ ရှိရေ ရုံးအုပ်ကိုဇော်ဇော်သိန်းက ကျောက်ခဲပစ်သံကြားလို့ ထွက်ကြည့်ခါ ကုလားတိကို မြင်လို့ သူရှင်းပြဖို့ လားရေအချိန်မှာ ကုလားတိက သူ့ကို လက်သီးဝိုင်းထိုးကတ်ပါရေ။ ယင်းချင့်ကို ဒေသခံ မြန်မာအလုပ်သမားတိ မြင်ခါ ၀င်ပနာ အပြန်အလှန်သတ်ကတ်စွာပါ’’ လို့  မျက်မြင် မြန်မာအလုပ်သမားတစ်ယောက် က ရခိုင်ရိုးမသို့ ပြောပါသည်။

“ယင်းပိုင် အပြန်အလှန်သတ်ကတ်လို့ အိန္ဒိယအလုပ်သမား ၄ ယောက် နန့်
မြန်မာအလုပ်သမား ၁ ယောက် ဒဏ်ရာရလားရေ” လို့ တာဝန်ရှိသူတစ်ယောက်က ပြောပါသည်။

ပါရမီကုမ္ပဏီရေ   Punj Lloyd PTE Co.,Ltd ကုမ္ပဏီက အလုပ်သမား (၄၀၀) အတွက်
တစ်ရက်ကို ရီဂါလံ တစ်သောင်းဖြန့်ဖြူးပီးနီရာ ယင်းရီကို မင်းတက်တောင်စမ်းရီက သွယ်တန်းထားစွာ ဖြိုက်ပြီးကေ နွီရာသီရောက်လာရေအတွက် ရီမှာ တစ်ရက်ကို ဂါလံ ရှစ်ထောင်ရာ ဖြန့်ဖြူးရပြီး အိန္ဒိယအလုပ်သမားတိက ရီမလုံလောက်ရေအတွက် ယင်းကုမ္ပဏီကို  ဒေါသဖြစ်ရာနိန် အဂုပိုင် ရန်ပွဲဖြစ်လားစွာလို့လည်း သိရပါသည်။

ယင်းမှာ တာဝန်ကျနိန်ရေ ကိုပါလေး ရဲအဖွဲ့က ဟန့်လိုက်ပြီးရေနောက် ကျောက်ဖြူမြို့မ ရဲစခန်းမှူးနန့် ခရိုင်မှူးရို့ လာပနာ အမှုမပေါ်ပေါက်ဖို့အတွက် နှစ်ဦးနှစ်ဖက် ညှိနှိုင်းခရေလို့ သိရပါရေ။

ကျောက်ဖြူဓာတ်ငွေ့ပိုက်လိုင်းဆက်လုပ်ငန်းမှာ အိန္ဒိယနိုင်ငံက အလုပ်သမား (၄၀၀) ရှိပြီးကေ ယင်း အိန္ဒိယအလုပ်သမားတိရေ အယင်က မြို့တွင်းမှာ နိန်ထိုင်ခွင့်ပီးထားကေလေ့ အကျင့်ဆိုးရေအတွက် ပြတဲရွာ အနားက သဘာဝဓာတ်ငွေ့ပိုက်လိုင်းတည်ဆောက်ရေး အခြခံစခန်း (၁) မှာ နိန်ထိုင်ခွင့်ပီးထားစွာ ဖြိုက်ပါသည်။

မြန်မာအလုပ်သမားတိက ယင်းကိစ္စကို မကျေနပ်တေပိုင် နောက် အိန္ဒိယအလုပ်သမားတိနန့် ကိုးရီးယားအလုပ်သမားတိကြား မပြေလည်မှုတိလည်း ရှိကြောင်းသိရပါသည်။

“ကုလားတိက ညစ်ပတ်တေ စည်းကမ်းမရှိ ယင်းကြောင့် ကိုးရီယားနိန်ရေ ဧရိယာအတွင်းကို အိန္ဒိယအလုပ်သမားတိကို ၀င်ခွင့်မပြုလို့ သတ်မှတ်ထားရေ ယင်းသူရို့ကားလာကေ စစ်ဆီးခံရစွာဗျာယ်၊ ယင်းသူရို့ကြောင့် နာမည်ပျက်တေ” လို့ (OGT) မှာ ၀င်လုပ်နိန်ရေ မြန်မာအလုပ်သမားတစ်ယောက် က ပြောပါသည်။

ကျောက်ဖြူ မြို့နယ် ဓာတ်ငွေ့စီမံကိန်းတွင် ပြည်ပ အလုပ်သမားတိဖြိုက်တေ တရုတ်၊ ကိုးရီးယား၊ အင်ဒိုနီးရှား၊ အိန္ဒိယ စရေ လူမျိုးတိက ပိုက်ဆက်လုပ်ငန်း ပိုက်လိုင်းသွယ်တန်းရေးလုပ်ငန်းတိမှာ လုပ်ကိုင်နိန်ကတ်ကြောင်း သိရပါသည်။
.................
ရခိုင်ရိုးမ
Blogger Widgets