You Are Here: Home - ပင်မစာမျက်နှာ , ပီးစာ - မဇ္ဈိမ သတင်းဌာန၏ တာဝန်ရှိသူများသို့

ကိုယ်ဒီစာကို မရေးချင်ဘူး ။ ဒါပေမဲ့  ရခိုင်လူမျိုးတွေနဲ့  ကရင်
လူမျိုးတွေက အခုလို တောင်းဆိုတာကို သိတော့ မရေးလို့  မရတော့ဘူး။
ကိုယ်ရေးရမှာ ဖြစ်လာတယ် ။ သတင်းမှာ ဖေါ်ပြကတည်းကတည်းက မှားနေပြီ ဆိုတာ
ကိုယ်သိတယ် ။ လွဲ နေပြီဆိုတာ သိတယ် ။ ဒါပေမဲ့  ကိုယ်စဉ်းစားမိတာ
တခုရှိနေတယ်။ ဒါကတော့ တလောက ပြည်တွင်းဝင်ပြီး မိဇျိမ္မ သတင်းဋ္ဌါန အနေနဲ့ 
လုပ်မယ် ဆိုတာနဲ့  ဆက်စပ်နေသလားလို့ ။
ဒီသတင်း ဖေါ်ပြတာဟာ ပြည်တွင်းက လူတွေ သုံးတဲ့ 
သတင်းအရေးအသားမျိုးဖြစ်နေတယ်။ ဒါကို စစ်အစိုးရရဲ့  လက်ကိုင်ဒုတ်တွေသာ
သုံးကြတတ်တာသာဖြစ်တယ်။ ဒီကနေ့  ပြည်ပမှာ နယ်စပ်ဒေသတွေမှာ သူုပုန်ဆိုတာ
မရှိဘူးဆိုတာ လူတိုင်း သိတယ်။ ဒါကို ဘာဖြစ်လို့  ပြည်ပမှာ ထုတ်ဝေတဲ့ 
မီဒီယာတခုက ဘာကြောင့်များ သူပုန်လို့  ရေးသား ဖေါ်ပြရတာလဲ ။ ဒါဟာ
မရိုးမသား မှူ ဖြစ်သွားပြီဆိုရင် ကိုယ်ဘာမှ မပြောလိုဘူး ။ စစ်အစိုးရ
လက်ကိုင်ဒုတ်တွေလို ရေးသားချင်သလို ရေးသားလို့  ရတါပေါ့ ။
ဒါပေမဲ့  စစ်အစိုးရရဲ့  လက်ကိုင်ဒုတ် မဟုတ်သေးဘူးဆိုတော့ တခုခု လွဲ
နေပြီလို့  ကောက်ချက်ချမိပါတယ်။ ဒီတော့ တာဝန်ရှိတဲ့  ဘယ်သူမဆို ဒါကို
ပြန်လည် အမှားပြင်ဆင်ချက် အနေနဲ့  ပြန်လည်ရေးသား ဖေါ်ပြရပါလိမ့်မယ် ။
တခုတော့ ရှိတယ်။ ရခိုင်တော်လှန်ရေး ရဲဘော်ဖြစ်တဲ့  ဗိုလ်မှူး
မင်းသာထွန်းဟာ ရခိုင်လူမျိုးတွေအတွက်တော့ သူရဲကောင်းဖြစ်တယ် ဆိုတာပါဘဲ ။
ဒါကြောင့် ကိုယ်တို့ ဖက်က ကြည့်ရင် သူရဲကောင်းဖြစ်နေတဲ့ သူကို မိဇျိမ္မက
နေပြီး အခုလို သူပုန်လို့  အသိအမှတ်ပြုပြီး ရေးသား ဖေါ်ပြတာဟာ
သိပ်ကိုလူမျိုးရေးအရ စော်ကားတာဖြစ်တယ်လို့  ကိုယ်ပြောချင်တယ် ။
ဒါကြောင့် အမြန်ဆုံး ပြန်လည် ဖေါ်ပြဖို့  ပြောကြားလိုက်ပါရစေ ။။။။
အောင်သာနီ
Blogger Widgets