ရခိုင်ပြည်နယ် သံတွဲမြို့ ရှိ မြို့မဈီးကြီး-ဒွါရာဝတီဈီးတွင် ဒေနိန့် ၂၀၁၂-ခု ဖေဖေါ်ဝါရီလ မိုးထပိုင်း ၅-နာရီမှာ မီးတစ်ခုလောင်ရေလို့ လေးဝတီက သတင်းရရှိပါရေ။ ဈီးတခုလုံး လောင်ကျွမ်းလားဗျာလ်ဖြစ်ကြောင်း သတင်း ရရှိပါရေ။ မီးစတင်လောင်ကျွမ်းစော်က ငါးဈီးတန်း အပြင်ဖက်က ဝါယာရှော့ဖြိုက်စော်ကနိန်ပြီးကေ စလောင်ပြီးနာ ဈီးတစ်ခုလုံးကို ကူးလားစော်ဖြိုက်ပါရေ။ မီးလောင်နိန်ရေအချိန်နောက်ကျမှ ရောက်လာရေ မီးသတ်ကားသုံးစီးရေ မီးအရှိန်ပြင်းရေအတွက် အဝီးကရာ မီးသတ်ပိုက်တိနန့် သတ်ကေလည်း မိုးထက်ဖက် ၇- နာရီနီးပါးထိ မီးမသီနိုင်သိမ့်လို့လည်းသိရပါရေ။ ဈီးထဲမှာဟိရေ လက်လုပ်လက်စား စားကုန်ဆိုင်တိ၊ အထည်ဆိုင်တိ၊ ရတနာပစ္စည်းရောင်းရေဆိုင်တိ၊ ဆီးပစ္စည်းရောင်းရေဆိုင်တိ အားလုံးပါလားရေ လို့ လေးဝတီက သတင်းရရှိပါရေ။
မီးရေ တိုက်မီးလား၊ မဟုတ်ဘဲနန့် အလိုလိုလောင်စော်လားဆိုစော်ကို သက်ဆိုင်ရာက ဆက်လက်စုံစမ်း အရေး ယူလားဖို့လို လေးဝတီက ထပ်မံသိရှိရပါရေ။ ဈီးတစ်ခုလုံးဆုံးရှုံးမှုရေ လွန်ခရေ ၂၀၁၁ခု နိုဝင်္ဘလာ ၁၂-ရက် နိန့် လောင်လားခရေ မင်းပြားဈီးမီးလောင်စော်ထက် ပိုများရေလို့ သံတွဲမြို့ ငါးပွဲရုံပိုင်ရှင်တစ်ယောက် က လေးဝတီကို ပြောပါရေ။
ရခိုင်ပြည်မှာ မီးလောင်စော်ရေ ဒေနှစ် မြန်မာနိုင်ငံမီးလောင်ရေအမှုကို စရင်းကောက်ယူလိုက်ဖို့ဆိုကေ ရခိုင်ပြည်စော် စံချိန်တင်ရေအဆင်ဝင်လီပါဖို့။ သဘာဝရီဘေးတိ၊ လီဘေးတိ၊ မီးအန္တရာယ်တိစော်ရေ ရခိုင်ပြည် ကို အလုံးလိုက်အပြုံလိုက်ဝင်နိန်ကတ်တေပိုင် ရခိုင်ပြည်သူပြည်သားတိ တွိ့ကြံနိန်ရပါရေ။ ဒေ ၂၀၁၂-မှာ ဇန်နဝါရီလ ၃၀-ရက်နိန့်မှာ တောင်ကုတ်ဈီးမီးကြောင့်လည်း တောင်ကုတ်မြို့ခံတိ ဆုံးရှုံးနစ်နာမှုတိ အများကြီးကြုံတိခကတ်ပါရေ။ ယင်းအတွက်နန့် ဒေမီးတိ ဆက်တိုက်လောင်နိန်စော်ရေ သင်္ခါမကင်း ဖြိုက်စရာ တိ တွိ့နိန်ရပါရေ။ တိုက်ဆိုင်မှုလား၊ လူတိုက်စော်လားဆိုစော်ကိုတော့ခါ ကာယာကံရှင်တိ အသိဆုံးဖြိုက်ပါ လိမ့်မေ။
ဒေနိန့် ၂၀၁၁-ခုနှစ်က ၂၀၁၂-ခု ဖေဖေါ်ဝါရီလ ၁၁-ရက်ထိ ရခိုင်ပြည်မီးလောင်ကျွမ်းမှုစာရင်း
စဉ် | ရက်စွဲ | မြို့နယ် | ဆုံးရှုံးမှု |
၁။ | ၁၁၊၂၊၂၀၁၂ | သံတွဲမြို့နယ် | စုံစမ်းဆဲ |
၂။ | ၃၀၊၁၊၂၀၁၂ | တောင်ကုတ်မြို့နယ် | ဈီးဆိုင် ၁၂-ဆိုင် |
၃။ | ၁၄၊၁၊၂၀၁၂ | မောင်တောမြို့နယ် | စုံစမ်းဆဲ |
၎။ | ၂၇၊၁၊၂၀၁၂ | ဘူးသီးတောင်မြို့နယ် | စုံစမ်းဆဲ |
၅။ | ၁၊၁၁၊၂၀၁၁ | ရမ်းဗြဲမြို့ | အိမ်ခြီ ၉၂-ဆောင် |
၆။ | ၁၂၊၁၁၊၂၀၁၁ | မင်းပြားမြို့နယ် | ဆိုင်ခန်း ၁၂၇၂ -ခန်း |
၇။ | ၁၄၊၁၁၊၂၀၁၁ | မင်းပြားမြို့နယ် | အိမ်ခြီ ၁-ဆောင် |
၈။ | ၁၄၊၁၁၊၂၀၁၁ | မြောက်ဦးမြို့နယ် | ဗီဒီယိုရုံ ၄-ရုံ၊ အိမ်ခြီ ၆-ဆောင် |
၉။ | ၁၈၊၁၁၊၂၀၁၁ | မြေပုံမြို့နယ် | အိမ်ခြီ ၁၅၆-ဆောင် |
၁၀။ | ၁၈၊၁၁၊၂၀၁၁ | မောင်တောမြို့နယ် | ဆိုင်ခန်း ၁၃၁-ခန်း၊ အိမ်ခြီ ၃-ဆောင် |
၁၂။ | ၂၀၊၁၁၊၂၀၁၂ | စစ်တွေမြို့နယ် | အိမ်ဆိုင်(စတိုးဆိုင်) ၁ ဆိုင် |