You Are Here: Home - သတင်း , အမျိုးသားရီး - ရခိုင်က သဘာဝဓာတ်ငွေကို ရခိုင်မှာ တဖဲချေ သုံးဖို့လတ်

          ရခိုင်ပြည်က ထွက်တေ သဘာဝဓာတ်ငွေ့ကို ရခိုင်ပြည်သားတိအတွက် တဖဲချေသုံးဖို့ဆိုပြီးကေ ပြည်ထောင်စုအစိုးရက သဘောတူစာချုပ်  ချုပ်ဆိုလိုက်စော်ကြောင့် လျှပ်စစ်မီးမရဘဲ ဇျီးကြီးနီရေ ရခိုင်ပြည်မှာ မီးလင်းလာနိုင်ဖို့ပြီးကေ ဖွံ့ဖြိုးမှု စတင်အောင်လုပ်ဖို့သိဟိရပါရေ။ လာဖို့နှစ်ကုန်ပိုင်းမှာ ရခိုင်ပြည်ကထွက်တေ သဘာဝဓာတ်ငွေ့ကို တရုတ်ပြည်ကို တင်ပို့လားရေအခါကျကေ သဘာဝဓာတ်ငွေ့ တဖဲချေကို ရခိုင်ပြည်မှာ သုံးစွဲလားဖို့လို့ ဆိုပါရေ။ ပြည်ထောင်စုအစိုးရ စွမ်းအင်ဝန်ကြီးဌာနနန့် ကိုရီးယား ဒေ၀ူးကုမ္ပဏီရို့ စာချုပ်ချုပ်ဆိုခရေလောက်ပင် ယင်းသဘောတူချက်ကို ထည့်သွင်းချုပ်ဆိုခရေဗြီးကေ ယင်းအချက်ကို အေလ ၂ရက်နိက စွမ်းအင်ဝန်ကြီးဌာနကို မီးမြန်ခရေ ပြည်တွင်းသတင်းထုတ် ပေါ်ပြူလာ ဂျာနယ်က သတင်းထောက်ချုပ် ကိုမိုးမြင့်မြတ်က ပြောပါရေ။ “စွမ်းအင်က တယောက်ကို ကျနော်ရို့ အဆက်အသွယ်ရပါရေ။ ယင်းချင့်မှာ ဇာလောက်ပီးဖို့စော်ကိုတော့ မသိရပါ။ စာချုပ်ချုပ်တေရက်ကို ကျနော်ရို့ အသေးစိပ် မရပါ။ ကျနော်ရို့ပါးကတော့ ၂ ရက်နိလောက်ကမှ သိရပါရေ” လို့ ပြောပါရေ။ အေသတင်းမထွက်ခင်လောက်ထိ ရခိုင်ပြည်နယ်မှာ ရခိုင်းတိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP)က ဦးဆောင်ပနာ ကျောက်ဖြူမြို့မှာ လူထု စည်းဝေးပွဲ တရပ်ကို ပြုလုပ်ခပါသိမ့်ရေ။ ယင်းပိုင်လုပ်ခလို့ သဘာဝဓာတ်ငွေ့ တဖဲချေကို ရခိုင်သားတိကို ပီးဖို့ဆိုရေ သတင်းထွက်လာစော်နန့် တူရေလို့ ဝေဖန်သံတိလည်း ထွက်နီပါရေ။ ၂၀၁၃ ခုနှစ်မှာ တရုတ်ရီနံပိုက်လိုင်းကနီ သဘာဝဓာတ်ငွေ့ စထွက်ပါဖို့ဗျာလ်။ ယင်းပိုင်ထွက်လို့ ရခိုင်ပြည်သူလူထုကိုရာ တခုချေလည်း မလုပ်ပီးဆိုကေ လူထုလှုပ်ရှားမှုတိကို ဆက်တိုက်လုပ်လားဖို့လည်း သိရပါရေ။ ဘတ်ဂျက်ကလာကလည်း ၂၀၁၂-၂၀၁၃ အတွက် ဧပြီလမှာ စတင် ပိတ်ဖို့ဗျာလ် ဖြိုက်တေ အတွက်နန့် ယင်းအချိန်က စတင်ပြီးကေ အခြေခံ အဆောက်အအုံတိ လုပ်ပီးရဖို့ဗျာလ်ဖြိုက်ပါရေ။ ယင်းပိုင်ဖြိုက်လို့ တောင်းဆိုလို့ လုပ်ပီးရရေဆိုစော်ထက် အစိုးရကိုယ်တိုင်းက အသိစိတ်နန့် လုပ်ပီးဖို့ဆိုကေ ပြည်သူလူထုကြားမှာလည်း ပြည်ထောင်စုစိတ်ဓာတ် ၀င်လာနိုင်ပါရေ။  ရခိုင်ပြည်က လွတ်တော်အမတ်တိလည်း လွတ်တော်မှာ သဘာဝဓာတ်ငွေ့နန့် ပတ်သတ်ပနာ အခါခါ တင်ပြတောင်းဆိုခကတ်တေကေလည်းသို့ တခါချေလည်း လက်မခံခပါ။ အေတခါတော့ ကောင်းကောင်း အံသြဖို့ကောင်းရေလို့ ရခိုင်ပြည်သူလူထုကလည်း ပြောနီကတ်ပါရေ။

Blogger Widgets