You Are Here: Home - သတင်း - စစ်တကောင်းနယ်တွင် ကားမှောက်၍ ရခိုင်မျိုးနွယ်စုဝင် ၁၇ ဦးသေဆုံး

မောင်ရမ္မာ
-----------
မြန်မာနယ်စပ် အနီး ဘင်္ဂလာဒေခ်ျ့ နိုင်ငံ စစ်တကောင်း တောင်တန်းနယ် ရွာတော် (ဘင်ဒရိုဘင်) ခရိုင်တွင် ယမန်နေ့ ဇန္န၀ါရီလ ၁၄ ရက်နေ့က ခရီးသည်တင် ကားတစီး တိမ်းမှောက် သွားရာ ရခိုင်မျိုးနွယ်စုဝင် ၁၇ ဦးေ သဆုံးပြီး ၂၅ ဦး ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။


Bandarban-bus-plunge-kills-17 Bandarban bus plunge kills 17
" ဒီနေ့ နံနက် ၉ နာရီခွဲလောက်မှာ တန်းဆိပ်က ဘင်ဒရိုဘင် (ရွာတော်)ကိုအသွား လမ်းမှာ ကားဘရိတ် ပေါက် ပြီးတော့ လမ်းဘေးကို ထိုးကျသွားတာ ဖြစ်ပါတယ်။ သေတာက ၁၇ ဦးရှိပါပြီ။ ဒဏ်ရာ ရတဲ့လူ ၂၅ ဦးကို နီးစပ် ရာ ဆေးရုံတွေနဲ့ စစ်တကောင်းသို့ တင်ဆောင်သွားပြီး ဖြစ်ပါတယ်" ဟု တန်းဆိပ် ကျေးရွာသားတဦးက နိရဉ္စရာသို့ ပြောသည်။

အဆိုပါ ဘတ်စ်ကားမှာ တန်းဆိပ်မြို့မှ ဘင်ဒရိုဘင် (ရွာတော်)ကို အသွား လမ်းခရီးတွင် ကား ဘရိတ်ပေါက်ပြီး ထိန်းမရဖြစ်ရာမှ တောင်ပေါ်မှ ထိုးကျကာ တိမ်းမှောက်သွားခြင်း ဖြစ်သည်ဟု သိရသည်။

ယခုသေဆုံး သွားသူ ၁၇ ဦးအထဲတွင် ရခိုင်မျိုးနွယ်စုဝင် မရမာများ အအပါအ၀င် ထရိပူ၊ သက်၊ မာရမာကြီး လူမျိုး များလည်း ပါဝင်သည်။

လက်ရှိ ရရှိသော စာရင်းများအရ ဦးလှ စိန်( ၅၄ နှစ်)၊ ဦးဘစိန်သမီး အေးစိန်နု ၁၁)နှစ်၊ လှသာထွီး (၁၁)နှစ်၊ လှစိန်မောင် (၃၀)၊ အောင်လှဖြူ (၃၀ နှစ်)၊ မောင်ချစ်ဖြူ (၇၀)နှစ်၊ စိန်သာအောင် (၄၈) နှစ်နှင့် ချူးဆန်းပေါ (ထရိပူ) (၃၅)နှစ်၊ ချမ်းမတီး (ထရိ ပူရ) (၂၅)နှစ်၊ ရီကျူး (သက် ) (၄၂)နှစ်၊ ဆောမန်း (မာရမာကြီး)တို့ ဖြစ်ကြသည်။

ဒဏ်ရာ ရရှိသူများထဲတွင် ဒက္ကား၊ စစ်တကောင်း မြို့ကြီးများမှ ၎င်းဒေ၏ သဘာဝအလှအပများကို လေ့လာပြရန် ရောက်ရှိနေသူ ၇ ဦး ပါဝင်သည်ဟုလည်း သူက ပြောသည်။

အဆိုပါ လမ်းမှာ တောင်ပေါ်လမ်းများဖြစ်သဖြင့် ကားများ မကြာခဏ တိမ်းမှောက်ရာ လွန်ခဲ့သော အပတ်က တကြိမ် ကားတိမ်းမှောက်သွားရာ လူဦး ၇ ဦး ဒဏ်ရာရှိပြီး ယခုတိုင် ဆေးကုသမှု ခံယူနေရသည်ဟု သိရသည်။

ယခုကဲ့သို့ လူပေါင်း ၁၇ ဦးသေဆုံးသွားကြောင်းကို ဘင်ဒရိုဘင် အခြေစိုက် စစ်တပ် အကြီးအကဲ ဗိုလ်မှူးချုပ် နုရ်မိုမိန်ကလည်း သတင်းထောက်များသို့ အတည်ပြု ပြောကြားသည်။


-------------------------------------------------------------------------------------------------------------------------------
.: နိရဉ္စရာမှ
Blogger Widgets