You Are Here: Home - ပီးစာ , သတင်း - ရခိုင့်သဘာဝအရင်းအမြစ်ကိစ္စ ဆွေးနွေးရန် ဖိတ်ခေါ်ခြင်း

ရခိုင်ပြည်သူပြည်သားများအားလုံးကို အသိပီးဖိတ်ခေါ်ချင်လို့ အေစာကို ရွီးလိုက်ပါသည်။

စိကေ ပြောင်းလဲပွင့်အက်လာရေ မြန်မာနိုင်ငံရေးအခြေအနေတိ၊ နိုင်ငံတကာ တုန့်ပြန်မှုတိ၊ ရခိုင်ပြည်၏ လက်ဟိနစ်နာဆုံးရှုံးမှုနန့် လိုအပ်ချက်တိ၊ ရင်းနှီးမြှုပ်နှံနိန်ရေ ကုမ္ပဏီတိ စရေ လက်ဟိပကတိအခြေအနေ အရပ်ရပ်ကို သုံးသပ်လို့ ပြည်ပရောက်ရခိုင်သူရခိုင်သားတိကလည်း လိုက်လျောညီစွာ ဇာပိုင်တုန့်ပြန်ကတ်သင့်လေး ဆိုစွာကို စဉ်းစားမိကတ်ပါသည်။ လက်ဟိလက်ဆောင်နိန်ရေ RNDP ၏ ရခိုင်ဂတ်စ်ကိစ္စလုပ်ရပ်တိ၊ ၂၄နာရီ မီးရဟိရေး လုပ်ဆောင်ချက်တိကို အားပီးထောက်ပံ့လားဖို့နန့် ပြည်ထဲက ပြောဖို့ခက်တေစကားတိကို ပြည်ပက အင်တိုက်အားတိုက် ပြောပီးလားနိုင်ဖို့ ကြိုးပမ်းချက်တစ်ရပ်အနိန်နန့် အင်တာနတ်ကမ်ပိန်းတစ်ခုကို မကြာခင်စလုပ်ဖို့ တိုင်ပင်ချပြနိန်ကတ်ပါသည်။
ကမ်ပိန်း၏ အဓိက တာဂတ်က ရခိုင့်သဘာဝအရင်းအမြစ်တိကို ရခိုင့်အမျိုးသားအကျိုးစီးပွား အတွက် အသုံးပြုရေး ဖြစ်ပါသည်။ စွမ်းအင်အရင်းအမြစ်တစ်ခုတည်း မဟုတ်ပဲ တခြား အရင်းအမြစ်တိကိုလည်း ရည်ရွယ်ပါသည်။ လောလောဆယ် ဦးတည်ချက်သုံးရပ်ကို အကြမ်းဖော်ပြရဖို့ဆိုကေ...

၁။ ရခိုင့်အရင်းအမြစ်အသုံးချ စီမံကိန်းများကြောင့် ဖြစ်ပေါ်လာရေ နစ်နာမှု ဆိုကျိုးတိကို ဖော်ထုတ်ရန်၊
၂။ ရခိုင့်အရင်းအမြစ်အသုံးချ စီမံကိန်းမှ ရဟိလာရေ အမြတ်ခွန်ငွေများကို ရခိုင့်အမျိုးသား အကျိုးစီးပွား၊ ရခိုင့်လူမှုအဆောက်အအုံ ပြည်လည် တည်ဆောက်ရေးများ အတွက်အသုံးပြုရန်၊
၃။ ရခိုင့်အရင်းအမြစ်စီမံကိန်းများတွင် ရခိုင်ပြည်သူများ၊ ရခိုင်ကိုယ်စားလှယ်များ ပွင့်လင်းမြင်သာမှုဟိရေ တန်းတူပါဝင်ခွင့် ရဟိစီရန်
ရို့ ဖြစ်ပါသည်။

ရခိုင့်လူမှုအဖွဲ့အစည်းအတွက် လက်ဟိအစိုးရမှ ကျေနပ်လောက်အောင် ပြန်လည်တုန့်ပြန်ခြင်းမပြုပဲ ဒေသခံရခိုင်ပြည်သူပြည်သားတိအပေါ် လျစ်လျူရှု အနိုင်ကျင့်မြဲကျင့်နိန်ပါက ရခိုင့်သဘာဝအရင်းအမြစ်အသုံးချစီမံကိန်းများကို ရပ်တန့်ပီးရန် တောင်းဆိုလားမည်ဖြစ်သည်။ အထက်ပါ ကမ်ပိန်းနန့်ပတ်သက်လို့ တယ်လီဖုန်းကွန်ဖရင့်တစ်ခုကို ဦးစွာခေါ်ယူလားမည်ဖြစ်ပြီး အသေးစိတ်များကို ဆွေးနွေးတိုင်ပင်လိုပါသဖြင့် အားလုံးပါဝင်တက်ရောက်နိုင်ကတ်ဖို့ ဖိတ်ကြားအပ်ပါသည်။ (တကမ္ဘာလုံးက တက်ရောက်နိုင်ပါသည်။)

ကျင်းပဖို့နိန့်ရက်နန့် အချိန်။ ။ ဇန်န၀ါရီလ ၂၁ ရက် ညဥ့် ၉ ချက်တီး (အမေရိကန် အရိဘက်စံတော်ချိန်)
ဇန်န၀ါရီလ ၂၁ ရက် ညဥ့် ၈ ချက်တီး (အမေရိကန် အလယ်ပိုင်းစံတော်ချိန်)
ဇန်န၀ါရီလ ၂၁ ရက် ညဥ့် ၆ ချက်တီး (အမေရိကန် ပစိဖိတ်စံတော်ချိန်)
ဇန်န၀ါရီလ ၂၂ ရက် မိုးထ ၉ ချက်တီး (ထိုင်းနိုင်ငံ စံတော်ချိန်)
ဇန်န၀ါရီလ ၂၂ ရက် မိုးထ ၁၀ ချက်တီး (မလေးရှားနိုင်ငံ စံတော်ချိန်)
ဇန်န၀ါရီလ ၂၂ ရက် မိုးထ ၁၁ ချက်တီး (ဂျပန်နိုင်ငံ စံတော်ချိန်)
ဇန်န၀ါရီလ ၂၂ ရက် မိုးထ ၇ ချက်တီးခွဲ (အိန္ဒိယနိုင်ငံ စံတော်ချိန်)
တယ်လီဖုန်းကွန်ဖရင့်နံပါတ်။ ။ ၁-၂၁၈-၈၉၅-၃၉၉၁
Access Code/Password။ ။ ၁၂၃၄၅၆၇၈၉#

လေးစားမှုနန့်
ကျော်ထူးအောင်
၁-၆၁၇-၄၃၅-၄၁၅၃

ရည်ညွှန်းလေ့လာရန် ထောက်ကူပြုပစ္စည်းတချို့

၁။ Poison Fire: https://www.youtube.com/watch?v=bq2TBOHWFRc&feature=player_embedded

၂။ အကုန်ရောင်းတဲ့ မူဝါဒ http://www.shwe.org/wp-content/uploads/2011/09/SoldOut-Burmese-web.pdf

၃။ ရခိုင်ရွှေဂတ်စ်အကြောင်း http://burmese.shwe.org/

၎။ တွင်းထက်ပစ္စည်းသုံးကဏ္ဍဆိုင်ရာ သိသင့်သိထိုက်သည်များ http://www.shwe.org/resources/externalresources/

၅။ ရီနံနာင့် သဘာဝဓာတ်ငွေ့ (၁) http://arakanscientia.blogspot.com/2009/12/blog-post_28.html

၆။ ရွှေမဲခွန်၏ အနုပညာ http://arakanscientia.blogspot.com/2010/01/blog-post_16.html
http://arakanscientia.blogspot.com/2010/01/2.html
http://arakanscientia.blogspot.com/2010/01/2.html
http://arakanscientia.blogspot.com/2010/01/blog-post_28.html

၇။ ကုလားတန် မြစ်ကြောင်းစီမံကိန်း http://www.arakanrivers.net/?p=1027

၈။ ကုလားတန်မြစ်ကြောင်းစီမံကိန်း presentation slides http://iwai.nic.in/nit/KaladanPresentationprebidon220609.pdf

၉။ ကျောက်ဖြူရေနက်ဆိပ်ကမ်း http://vimeo.com/19021051

၁၀။ Wetlands (သို့)အကျိုးမြီ http://arakanscientia.blogspot.com/2009/12/wetland.html

၁၁။ မိုးသစ်တော http://www.fileswap.com/dl/p2A5AIEkE1/rainforest.pdf.html
Blogger Widgets