You Are Here: Home - သတင်း - ဆရာတော် ဦးစိန္တာနင့် နိုင်ငံရီးလှုပ်ရှားမှူ

   မြီပုံညီလာခံကို -၁၉၄၇-ခုနှစ် ဧပြီလ--၁-ရက်နိက -၃-ရက်နိအထိ ကျင်းပဖို့  ဆုံးဖြတ်ခကတ်ပါသည်။ ညီလာခံပထမ နိအတွက် ဆရာတော် ဦးစိန္တာက သဘာပတိအဖြိုက်၎င်း၊ ဘုံပေါက်သာကျော်က အတွင်း ရီးမှူးအဖြိုက်၎င်း ။ အလံနီပါတီက ကိုအောင်လင်းက နိုင်ငံရီး တရားဟောဖို့ သူ အဖြိုက်၎င်း သတ်မှတ် ထားပါသည်။ ညဇါဖက်မှာ ဗိုလ်ချုပ်အောင်ဆန်း ၊ ဦးဗဆွေ ( ၀န်ကြီးနင့် ကာကွယ်ရီးဝန်ကြီးဟောင်း ဦးဗဆွေ ) ။ဦးအောင်ဇံဝေ ( ၀န်ကြီးဟောင်း ) ။ဗိုလ်မှူးမင်းလွင် ( ဆောက်လုပ်ရီးကော်ပိုရေးရှင်းဌါနချုပ်-ပညာသည် ဦးစီးမှူး၊ ရို့  မမျှော် လင့်ဘဲနင့်အမ်ဂျီဘီသဘောင်္ ငယ်နင့်  ရောက်လာပါသည်။
    သူရို့ တိက မြီပုံမှာ ညဥ့်မအိပ်နိုင်လို့  ပြောရေအတွက် ဒေကနိ တရားဟောပွဲမှာ ဟောပြောခွင့်ပြု ရန်   တောင်းကတ်ပါသည်။ ခေါဆာင်ပိုင်း အချင်းချင်း ဆွီးနွီး ကတ်ဗြီးေ က ဗိုလ်ချုပ်အောင်ဆန်း၊ ကိုဗဆွေ ၊ ကိုအောင်လင်း ရို့ ကို ဟောခွင့်ပြုရန် ဆုံးဖြတ် ကတ်လိုက် ပါသည်။အချိန်ကန့် သတ်မှူမဟိ။လိုသမျှ ပြောလီ ဧပြီလ -၁-ရက်နိ ညဇါဖက်-ရ-ချက်တီးမှာ ညီလာခံ စပါ သည်။ ဆရာတော်ဦးစိန္တာက သဘာပတိ ဆောင် ရွက် သည်။ ညီလာခံ မဏ္ဍပ်မှာ ကိုယ်စားလှယ်-ရ၀၀- -ကျော်တက်ရောက်သည်။တက်ရောက်နားထောင် သူ ခြောက်သောင်းကျော် အုတ်အော်  သောင်းသောင်း ဟိနီကတ်ပါသည်။ မဏ္ဍပ်တွင်းက ပရိတ်သတ် တိ  က ဆရာတော်ဦးစိန္တာကို ရှိခိုးပူဇေါ် ကတ်ပါသည်။ ညီလာခံ ဧည့်ခံရီးကော်မီတီ ဥက္ကဌ ဦးဘိုးဦး ( ရခိုင်ပြည်   ပြည်သူ့ လွပ်လပ်ရီးအဖွဲ့ ဌါနချုပ်-ဥက္ကဌ ) က မိန့် ခွန်းပြောပါသည်။ ပြည်သူလူထုလက်ခုပ်သံတိ ညံ လား ခပါသည်။သဘာပတိ ဆရာတော် ဦးစိန္တာ မိန့် ခွန်း ပြောဖို့ ဆိုရေအခါ လက်ခုပ်သံတိ ရရောင်း သတ် လို့  ထွက်လာပါသည်။ ဆရာတာ် ၏မိန့် ခွန်းမှာ ဗြိသျှနယ်ချဲ့ကိုယ်လိုနီကျွန်ဘ၀မှ လက်နက်စွဲကိုင်တော်လှန်  ရီးဖြင့် အလွပ်ရုန်း ထွက် ရန် အဓိကထားရေ မိန့် ခွန်းဖြိုက်ပါသည်။ ဆရာတော် ဦးစိန္တာကို လွပ်လပ်ရီး ဗိသုကာကြီး ။
          လယ်သမားဖခင်ကြီးလို့  ထင်ထားကတ်တေ ရခိုင်ပြည်သူတိ လက်ခုပ်သံမှာ မဏ္ဍပ်အတွင်း ညံမ စဲဖြိုက် နီပါသည်။ ယင်းမြီပုံ တပ်ပေါင်းစု ညီလာခံနင့် ပါတ်သက်ပနာ -၁၉၄၇-ခုနှစ် -ဧပြီလ-၂၄-ရက် ( ၁၃၀၉-ခု-ကဆုန်လဆန်း-၁၅-ရက် ကြာသပတေးနိ) ထုတ်ဝီရေ သူရိယသတင်းစာမှာ   ဒေပိုင်အတိုင်း ဖေါ်ပြခစွာ ဟိပါသည်။ 
 " လွပ်လွပ်ရီးကို - ရွီးကောက်ပွဲနင့် ရဖို့  လား " " ဟား --ဟား -----ဟား--- " "
 လွပ်လွပ်ရီးကို ရွီးကောက်ပွဲနင့် မရနိုင်- တော်လှန်ယူမှ ရနိုင် "
  - ဦးစိန္တာကိုယ်တော် - " တော်လှန်ရီး ဆိုစွာ မလွယ် ။
 အဖက်ဖက်က ပြင်ဆင်ဖို့  လိုရေ "
 - ဗိုလ်ချုပ်အောင်ဆန်း - " ထန်းတပင် သေနတ်ပစ်မှူမှာ ဦးအောင်ဆန်းက နယ်ချဲ့ သမားကို ဒူးထောက် လိုက် - ယေဗျန် " ( အလံနီ အောင်လင်း ) ဧပြီလ-၁-ရက်နိမှ -၃-ရက်နိအထိ မြီပုံမြို့ မှာ အယင်နိတိနင့် မတူဘဲ ဆူညံနီပနာ သူပုန် ထ--ထ- ဆိုရေ အသံတိက သုံးရက်လုံးလုံး တမြို့ လုံး ပဲ့ တင်ထပ်နီပါသည်။
 ယင်းနိမှာ ရခိုင်တိုင်းလုံးဆိုင်ရာ လက်ဝဲညီညွတ်ရီး တပ်ပေါင်းစုညီလာခံကြီးကိုကျင်းပနီလို့  ဖြိုက်ပါသည်။  ထိုညီလာခံကို ဗိုလ်ချုပ်အောင်ဆန်း ၊ ဖဆပလ အတွင်းရီးမှူး ဦးဗဆွေ နင့် ၀န်ကြီး ဦးအောင်ဇံ ဝေ ရို့ က လည်း လီယဉ်ပျံနင့်တမျိုး စစ်သင်္ဘောတိနင့် တဖုံ လာတက်ကတ်စွာဖြိုက် သည်။        ယေဗြီးကေ  ကျောက်ဖြူ ၊ သံတွဲ ၊ စစ်တွေ စီရင်စုမှ ဖဆပလ ကိုယ်စားလှယ်၊ ဗမာမူဆလင် အမျိုးသမီး ၊ လူငယ် ၊လယ်သမား၊ ယာသမားတိနင့် စစ်တွေပုလိပ်သမဂ္ဂက ကိုယ်စားလှယ် ပေါင်း ( ၂၀၀၀၀ ) ကျော် တက်ရောက်ခကတ်ပါသည်။
  လူများ သဘောကျနီခသော ပိုစတာကြီး ညီလာခံမဏ္ဍပ်ကြီးအတွင်းမှာ ( သံတွဲ သူပုန် အရီး။ သွီးနင့် ကူမေ ) ၊ ( လွပ်လွပ်ရီးကို ရွီးကောက်ပွဲနင့် ရဖို့ လတ် - ဟား-ဟားဟား ) ။
  ပိုစတာတိကို ကပ်ထားစွာ တွိရပါသည်။ ကလေချေတချို့ က တယောက်ဗြီး တယောက် အသံထွက်ဖတ် ကာ လားခကတ်ပါသည်။ တချို့ မှာ ကောင်းကောင်းသဘောကျဗျန် ရယ်ကတ်ပါသည်။
 ညီလာခံ စဗျန် ။
ညီလာခံကို လယ်သမားတေးခင်းဖြင့် စတင်ဖွင့်လှစ်ပနာ သဘာပတိ ဦးစိန္တာကိုယ်တော်က ဆောင် ရွက်   ဗြီးကေ အကျိုးဆောင်အဖြိုက် ဘုံပေါက်သာကျော်က ဆောင်ရွက်ခပါသည်။
 ဖဆပလ က အချောင်သမား ရာဖြိုက်တေ
  ယင်းနောက် သဘာပတိ ဦးစိန္တာက မိန့် ခွန်း မြွက်ကြားစွာမှာ အခုဖဆပလအဖွဲ့ ကို အချောင် သမား အဖွဲ့ လို့ မိမိရဲရဲတောက်စွပ်စွဲကြောင်း။ယင်းနောက်ဖဆပလအဖွဲ့ သည်နယ်ချဲ့ သမားဘားမှာဒူးထောက်ခ ယနီယေအတွက်နင့် အထူးရှုတ်ချကြောင်း။ ဖဆပလ အဖွဲ့ ဝင်တိ အားလုံးနင့် ဥက္ကဌ ဦးအောင် ဆန်းရို့  ကိုလေး မင်းရို့  မရှက်ကတ်လားလို့  မီးချင်ကြောင်း။ ဖဆပလအဖွဲ့ ဝင်ရို့ မှာ ရှက်တတ်တေ ပုဂ္ဂိုလ် တိ    ဖြိုက် ဖို့  ထင်ကြောင်း ။ ဖဆပလအဖွဲ့ က လွပ်လပ်ရီးကို ရွီးကောက်ပွဲနင့် ရဖို့  ဆိုစွာ အချောင်သမား စကားရာဖြိုက်ကြောင်း။ နယ်ချဲ့ သမားအင်္ဂလိပ်အကြိုက် ပြောရေ မျက်နှာလို မျက်နာရ စကားရာဖြိုက်   ကြောင်း ၊ လွပ်လွပ်ရီးကို ရွီးကောက်ပွဲနင့် မရနိုင်ကြောင်း။ လွပ်လွပ်ရီးကို သူပုန်ထယူမှ ရမည်ဖြိုက်   ကြောင်း   အကျယ်တ၀င့် ဟောပြောလားခပါသည်။ ပရိတ်သတ်ကြီးကလေး သူပုန် -ထ-ထ- အချောင် သမား - ရှက်ဖို့  ကောင်းရေ - ဆိုရေ သြဘာသံတိမှာလေး နားကွဲမတတ် ဆူညံနီပါသည်။ ဦးစိန္တာ ကိုယ်တော် တရားဟောနီစိုင် ဖဆပလ ဥက္ကဌ ဦးအောင်ဆန်းမှာ ခေါင်းကြီး အောက်စိုက်နီစွာကို တွိရပါ သည်။
 တော်လှန်ရီးဆိုစွာ မလွယ်
  ယင်းနောက် ဦးအောင်ဆန်းက ထပနာ လူထုကို တဖေ့ချေ လောက် ရှင်းပြချင်ပါရေ လို့  ပြောဗျန် တော် လှန်ရီးဆိုစွာ မလွယ်ကြောင်း၊ အပြောနင့် လုပ်ကိုင်လို့  မဖြိုက် နိုင်ကြောင်း။ လက်တွိလုပ်ကိုင်ပြမှသာလျင် လုပ်ကိုင်လို့  ဖြိုက်နိုင်ကြောင်း၊ ယင်းပိုင် တော်လှန်ရီး မလုပ်မှီမှာလေး အဖက်ဖက်မှ ပြင်ဆင်မှူတိ လို        ကြောင်း၊ယင်းပိုင် ဗြီးမြောက် အောင်မြင်မှရာ သေနတ်တချက်မဖေါက်ဘဲအာဏာကိုသိမ်းယူနိုင်  ကြောင်း    ဟောပြောလားခပါသည်။
 ဦးအောင်ဆန်း ဒေါသထွက်လို့  လားဗျန်
 ယင်းနောက် အလံနီ   အောင်လင်း က ထန်းတပင် သေနတ်ပစ်မှုကြီးမှာ ဦးအောင်ဆန်းက နယ်ချဲ့ သမား ကို ဒူးထောက် အရုံးပီး လိုက်ကြောင်းကို ပြောလိုက်ပါသည်။ ယေခါ ယင်းချင့်က သူမဟုတ်- သခင်ချစ်ရာ -ဆိုပနာ ဦးအောင်ဆန်း က ဒေါသံထွက်ပနာ ပြောဆိုပါသည်။ ယေကေလေး အလံနီ အောင်လင်းက ထပ် လို့  ပြောနီရေအတွက် ဦးအောင်ဆန်းမှာ ဒေါသထွက်ဗျန် နီရာမှ ရုပ်ချည်း ထလို့  ပြန်လားပါသည်။ ယင်းပိုင်ထလိုက်တေအခါလူထုကြီးကလေးသူပုန်သူပုန်ထ--ထလို့ ကြွီးကြော်လိုက်ပါသည်။  ယေဗြီးနောက် ဆုံးဖြတ်ချက်တိကို ချမှတ်လိုက်ကတ်ပါသည်။
 ဆု့းဖြတ်ချက်များ
 ၁။ တော်လှန်ရီးမှာ ကျဆုံးခရေ ရဲဘော်တိအတွက် ချီးကြူးရီး ဗိမန်ကြီးတခု ဆောက်လုပ်ရန် ။
 ၂။ သီးစားခ လုံးဝမပီးရန်။
 ၃။ မြီခွန် လုံးဝမပီးရန် ။
 ၄ ။ အမတော်ငွေ မပီးရန် ။
 ၅ ။ လယ်မြီ ၀င်ထွန်ရီးများ ပြုလုပ်ရန် ။
 ၆ ။ လယ်သမာရို့ ၏ ကြွီးဟောင်းတိကို လုံးဝမပီးရန် ။
 ရ ။ ပြည် သူ့ လွပ်လပ်မှူ ရယူရန် ။
 ၈ ။ စာရီး စာချီ ကျောင်းသား ပုလိပ်အရီးကို ဖြီရှင်းရန် ။
 ၉ ။ အလုပ်သမားတိကို အခွင့်ပိုပီးရန် ။
 ၁၀ ။ သောင်းကျန်းနီရေ နယ်ချဲ့ စစ်တပ်ကို လက်တုန့် ပြန်ရန် ။
 ၁၁ ။ ရခိုင်လူမျိုးရို့ ၏ ကံကြမ္မာကို ရခိုင်လူမျိုးရို့ ကရာ ဖန်တီးရန် ၊
 ၁၂ ။ ဗြိသျ စစ်တပ်များ အမြန်ဆုံးရုပ်သိမ်းရန် ။
 ၁၃ ။ ရခိုင်တိုင်းလုံးဆိုင်၇ာ လက်ဝဲညီညွတ်ရီး တပ်ပေါင်းစု ဖွဲ့ စီးတည်ဆောက်ရန်။   စစွာရို့ ကို ဆုံးဖြတ် ချက် ချလိုက်ပါသည်။
    ယေဗြီးကေ ယင်းညီလာခံမှာ တက်ရောက်ကတ်တေ လူကြီးတိနင့် ရခိုင်တိုင်းလုံးဆိုင်ရာ လက်ဝဲညီ ညွတ်ရီး တပ်ပေါင်းစုကို ဖွဲ့ စီးလိုက်ကတ်ပါသည်။ ဦးကျော်မြ ( ဥက္ကဌ ) ( နောင် -ဗကပ ဥက္ကဌ ) ။ ဦးညိုထွန်း ( ဒု ဥက္ကဌ - နောင်ဝန်ကြီး ) ။ ဘုံပေါက်သာကျော် ( အတွင်းရီးမှူး - တော်လှန်ရီး ခရီးဝယ် စာအုပ်ရီးသူ ) ။ ဦးစိန္တာ ( ငွေထိမ်းနင့် သြ၀ါဒစရိယဆရာတော် ) ။ ဦးပညာဝံသ ( သြ၀ါဒစရိယ ဆ ရာတော် ) ။ ဦးထွန်းအောင် ( စစ်တွေ ) ။ ဦးဘဟန် ( ကျောက်ဖြူ ။ ဦးသိန်းမွန် ( သံတွဲ)ရို့ မှာအမှူ ဆောင် လူကြီး များ ဖြိုက်ကြောင်း ယင်းအတိုင်း သူရိယသတင်းစာမှာ ရီးသား ဖေါ်ပြထားပါသည်။ ယင်းအချိန်က ရခိုင်ပြည်သူတိ ဗြိတိသျှနယ်ချဲ့  ကိုလိုနီကျွန်ဘ၀က လွပ်လပ်ရီးကို လက်နက်စွဲကိုင် တော်လှန်ရဖို့ ဆိုရေ လမ်းစိုင်ကို လှိုက်လှိုက်လှဲလှဲ လက်ခံကတ်ပါသည်။ နိုင်ငံရီးနည်းနင့် လွပ်လပ်ရီးကို ရအောင်ယူဖို့  ဆိုစွာ ကို လက်မခံကတ် ။ ယင်းချင့်က ဗြိတိသျှနယ်ချဲ့ စစ်တပ်များ၏ လူမဆန်ရေ ဖိနှိပ်မှူ၊ ဗိုလ်ချုပ်အောင်ဆန်း နင့် ဖဆပလဘုရင်ခံ အတိုင်ပင်ခံ အစိုးရအဖွဲ့ ကို လက်ခံပနာ ကြာအင်းတောင်ရွာ၊ ကမ်းထောင့်ကြီးရွာ ။ စရေ ရွာပေါင်များစွာတိ ကို မီးတိုက်ခစွာနင့်လေး ပတ်သက်နီပါသည်။ မြီအောက်တော်လှန်ရီး တပ်ဖွဲ့ တိ ဖွဲ့ ခြင်း၊ အာဏာဏီ ကျေးရွာတိ ဖွဲ့ ခြင်း၊ ဗြိတိသျှနယ်ချဲ့  ဒလံသူကြီးတိကို ဖြုတ်ခြင်း၊ မကြီညာရေ စင်ပြိုင် အစိုးရဖွဲ့ ခြင်း တိလေး ပါဝင်ပါတ်သက်နီပါသည်။ မြီပုံတပ်ပေါင်းစု ညီလာခံမှ စစ်တွေပြန်လားခရေ ဗိုလ် ချုပ်အောင်ဆန်းလေး စစ်တွေ ကျောင်းသားသပိတ်ကို ဖြီရှင်းနိုင်ရီးအတွက် စစ်တွေမြို့ မှာ ဟိရေ ပြည့လုံး ချမ်းသာ ဘုရားကြီးရင်ပြင်ကို လားပါသည်။ ယင်းရင်ပြင်မှာ စစ်တွေကျောင်းသား သပိတ်အဖွဲ့ စခမ်းဟိ ပါသည်။ ဦးကျော်သာ ခေါင်းဆောင် ရေ ကျောင်းသားတိက ဘုရားကြီးရင်ပြင်ထဲကို မ၀င်ရအောင် ဗိုလ် ချုပ်အောင်ဆန်းရို့ ကို မ၀င်ရစီဘဲ ပိတ်ဆို့ ထားပါသည်။
  ( ဘုံပေါက်သာကျော်က ဒေချင့်ကိုသုံးသပ်ပြထားစွာမှာ ဒေကနိ ခေတ်သစ်သမိုင်းမှာဗိုလ်ချုပ်အောင်ဆန်း က မှားခစွာလား ၊ ဆရာတော်ဦးစိန္တာ ၊ ဦးကျော်မြ ၊ ဦးညိုထွန်းနှင့် ဘုံပေါက်သာကျော်ကပင် မှားခလီ လား ဆိုစွာကို ဒေကနိ အဆုံးအဖြတ် ပီးနီပါဗျန် လို့  ကောက်ချက် ချပြထားပါသည်။ )
မှတ်ချက် ။။။။ ။။။။။ ဒေချင့်က ဘုံပေါက်သာကျော်ရီးရေ တော်လှန်ရီး ခရီးဝယ် စာအုပ်က အတိုင်း ရီးထား စွာကို ရခိုင်လီသံနင့် ရီးပြထားစွာ ဖြိုက်ပါယင့် ။ ဒုတိယပိုင်းမှာ ဆရာတော်ဦးစိန္တာကို ဖမ်းလားစွာနင့် လူုထု တိုက်ပွဲ ဆန္ဒပြပွဲ လုပ်စွာတိ ။ သူရိယသတင်းစာက ဆရာတော် ဦးစိန္တာကို ဖမ်းထားစွာနင့် ပါတ်သက် လို့  ရီးထားစွာတိ ၊ ဗိုလ်ချုပ်အောင်ဆန်း -ဥက္ကဌ လုပ်တေ ဖဆပလ အဖွဲ့ နင့် ဆရာတော် ဦးစိန္တာက မ တည့်ရေ အတွက် ကြာအင်းတောင်ရွာ မီးတိုက်ခံရစွာ ၊ ရခိုင်ပြည်လွပ်လပ်ရီးဖခင်ကြီး ဖြိုက်တေ ဆရာေ တာ် ကို အောက် သားနိုင်ငံရီးသမားတိက ထောင်ထဲ ထည့်ထားလိုက်စွာကို သိရအောင် တင်ပြပါဖို့  သိ ။

အပိုင်း (၂)
ဆရတော်ဦးစိန္တာမှာ ဇါအချိန်မှာမှ ဗိုလ်ချုပ်အောင်ဆန်းနင့် နိုင်ငံ ရီးရော တော်လှန်ရီးကို တွဲလို့မလုပ်ခ။မျက်နှာချင်းဆိုင်လို့ စကား   တောင် အလှပလှ မပြောခ ။ ခံယူချက်လေး မတူ ။ အမျိုးသား လွပ်မြောက် ရီးစိတ်ဓါတ် မတူလေး မတူ ။ အသားစားရန်သူဖြိုက်လို့  ဆရာတော် ဟိရေ ကြာအင်းတောင်ရွာကို မီးတိုက် ၊ နောက်ဆုံး ဖမ်းဆီးထောင်ချ ၊ အောင် ဆန်းသီလားရေအထိ ဆရာတော်ကို မလွှတ်ပီးခဘဲနင့် သာယာ ၀တီထောင်မှာ ထားခစွာတိကို အခုပိုင် ဘုံပေါက်သာကျော် က တော် လှန်ရီးခရီးဝယ် စာအုပ်မှာ မျိုးဆက် သစ် ရခိုင်နိုင်ငံရီး သုတေသနတိ သိအောင် ရီးထားပြခပါရေ ။ -------------
    မြီပုံညီလာခံကား ဗြီးလားခသည်။ ယေကေလေး အကြွီးက တပုံကြီးနင့် ။ ယင်းအကြွီးကို ဘုံပေါက် သာကျော်နင့် ဆရာတော်က ပက်ခုံးထက်က တာဝန်အဖြိုက် ခံယူလားကတ်ရသည်။ သံတွဲသူပုန်ပြ သနာကြောင့် ပါတီအဖွဲ့ အစီးများ ဖေ့သာအရီး မခိုင် ။ ကျောက်ဖြူခရိုင် ဖဆပလ ညီလာခံ ကျင်းပနီစိုင် ကိုဘဟန်၊ ကိုဘိုးနွယ် ရို့ ကို ဗြိတိသျှနယ်ချဲ့  ပုလိပ်တိက ဖမ်းဆီးလားခလို့  ဖေ့သာက မတောင့်။ ဆ ရာတော် က ရန်းဗြဲနင့် ရမ်းဗြဲ ကျွန်း တောက်   လျောက် နိုင်ငံရီးတရား ဟောဖို့  ။ ရံပုံငွီ ကောက်ဖို့  ၊ ယေဇူး နင့် ဆရာတော်ဦးစိန္တာနင့် ကိုဘိုးဦး ရို့ နှစ်ယောက်ကို ရမ်းဗြဲကျွန်း လားဖို့  တာဝန်ခွဲ ပီးရသည်။ ယေဗြီးကေ မင်းပြားမြို့ နယ် ဒုံးသားညီလာခံကို ကျင်းပဖို့  စီစိုင်သည်။ ညီလာခံ မဏ္ဍပ်ဆာက်လုပ်ရီးကိစ္စက အစ   ဖြိုက်မြောက် ရီးအထိ ကိစ္စအ၀၀ကို ဦးနီထွန်းအောင် ( ရခိုင်ပြည် ပြည်သူ့ လွပ်လပ်ရီး အဖွဲ့ ချုပ်-ဥက္ကဌ ) က တာဝန်ယူပနာ အလံနီ ကိုအောင်လင်းက လူထုချီတက်ပွဲအတွက် တာဝန်ယူသည်။ ယင်းကြောင့် စစ်တွ သင်္ကြန်တွင် ရှင်ပြု ရဟန်းခံယင်း နီလိုက်ပနာ သင်္ကြန်လွန်စွာနင့် မြို့ ဟောင်းကို ထွက်လာ ပါသည်   ။ မြို့ ဟောင်းမြို့ မှာ တညဉ့် အိပ်ပနာ ဒုံးသားညီလာခံ အတွက် လားဖို့  လုပ်နီစိုင်ရဲဘော်တယောက်    ဗြီး လို့  လာပြော ပါ သည် ။
  " ဆရာတော် ဦးစိန္တာကို ဖမ်းလားခပါဗျန်လတ် "
        ဘုံပေါက်သာကျော်က မယုံ ။ မြို့ ဟောင်းပုလိပ် သမဂ္ဂက သတင်းပို့ ခိုင်းကြောင်း ပြောလာသည်။ ဆရာတော် ကိုလေး ဖမ်းဗြီးဗျန် ။ ဘုံပေါက်သာကျော်ေ လး ဗြီးလီဖိ ဆိုပနာ သတင်းလာပီးစွာဖြိက်သည် ။ုဆရာတော်နင့် လက်ဝဲကျွံနီရေ သံတွဲ သူပုန်မီးကိုလေး အီးငြိမ်းအောင် သတ်ခသည်။ အခုတပ်ပေါင်း စုလမ်းစိုင်အရ ဗြိသျှနယ်ချဲ့ အစိုးရကို တော်လှန်ရီးပြင်ဆင်ရန်ကာလ လို့  သတ်မှတ်ထား ချိန်ဖြိုက်သည်။ ဆရာတော်ဦးစိန္တာမှာ ရမ်းဗြဲလားစွာက အဓိကတာဝန်အဖြိုက် ပြည်သူ့ တော်လှန်ရီး အ ဆင့်ကို ရောက်ဖို့  အတွက် လှုံ့ ဆော်ရန်ဖြိုက်သည်။ အခုလားရေခရီးမှာ လက်ဝဲကျွံရေ အဆင့်ကို မရောက်အောင် အဆင့် ဆင့် စီစိုင်ဗြီးမှ လားစွာဖြိုက်သည် ။ ဆရာတော်ကို ဖမ်းရေ သတင်း မှာ မြောက် ဦးမြို့  ပုလိပ်သမဂ္ဂက လာသော သတင်းဖြိုက်သည်။ တိကျနီသည်။ မြီပုံက စစ်တွေမြို့ ကို လာရေ အာရ ကန် ဖလိုတီးယား သဘောင်္ တက်လာရေအခါ ဆရာတော်ကို ကျောက်ဖြူခရိုင် ရာဇ၀တ်ဝန်က ဖမ်းလိုက် စွာဖြိုက်သည်။ ဆူပူမူတိဖြိုက်လာကေ နှိမ်နှင်းရန် အဆင်သင့် စီစိုင်ထာဖို့  စွာကိုလေး ကြိုးမဲ့ ကြီးနန်းအရ သိရသည်။ စစ်တွေမြို့ က ကေဒါရဲဘော် ကိုလှထွန်းကျော် ရို့ က ဆရာတော် အဖမ်းခံရစွာကို သတင်းအတိ အကျ ရထားသည် ။
          ယေဇူးနင့် ဘုံပေါက်သာကျော်မှာ ချက်ချင်း ကိုယ်ရောင်ဖျောက်ရသည်။ မြီပုံတပ်ပေါင်းစု ညီလာ ခံအဗြီး ပြည်သူ့ ညီလာခံတိကို အမ်းမြို့ နယ် ။ ဒလက်ချောင်း၊ မင်းပြားမြို့ နယ် ဒုံးသား ရွာ၊ မြို့ ဟောင်းမြို့ နယ် ဝေသာလီကျေးရွာ ၊ ကျောက်တော်မြို့ နယ် မဟာမုနိ စရေ-နီရာတိမှာ ဆက်တိုက်ကျင်းပရန် စီစိုင် ထားစွာဖြိုက်သည်။ ဒုံးသားညီလာခံမှာ ကနဦးပြည်သူ့ ညီလာခံဖြိုက်သည်။
   မြီအောက် တပ်ပေါင်း စုခေါင်းဆောင် ဗိုလ်စိန်ထွန်းအောင်၊ ကိုနီထွန်းအောင်၊ ကိုထွန်းသာအောင် ရို့ ကို တွိပါသည်။ အလံနီ ရဲဘော် အောင်လင်းရှိမရှိ ကို မီးကြည့်စွာမှာ ဆရာတော်ဦးစိန္တာနင့် ရမ်းဗြဲကို လိုက်လား ခရေလို့ သိရ သည်။ ရဲဘော်အောင်လင်းကို ဒုံးသားပြည်သူ့ ညီလာခံသို့  လူထုချီတက်ပွဲ ပြုလုပ်ဖို့  အနီး အနားကျေး ရွာတိ  ကို တိတိကျကျ တာဝန်ပီးလိုက်စွာဖြိုက်သည်။ အခုဆိုကေ ဆရာတော် ဦးစိန္တာက ညီလာခံကို မတက်နိုင်ဗျန် ။ ယေဇူးနင့် လိပ်မရွာ ဘုန်းကြီးကို သဘာပတိ လုပ်စီရသည်။ ကိုနီထွန်းအောင် က အခန်း အနား မှူး အဖြိုက် ဆောင်ရွက်သည်။ လုံခြုံရီးအတွက် မြီအောက်ရဲဘော်တိက တာဝန်ယူထား ရ သည်။   မြီပုံ  ညီလာခံမှ ဆုံးဖြတ်ချက်အဆိုနင့် ထိပ်တန်းအဖြိုက် ဖမ်းဆီးခံနီရရေ ဆရာတော်ကိုယ်ကို လွှတ်ပီးရီး အဆိုကို ထိပ်တန်းတွင် ထားဖို့  ဆုံးဖြတ်ထားသည်။ အဆိုတင်သွင်းသူ နင့် ထောက်ခံသူရို့  နီ ရပ်တိကို ရွီးချယ် အတည်ပြုထားကတ်ပါသည်။ မူလအစီအစိုင်အရ ဒုံးသားညီလာခံကို ( ၃ ) ရက်လုပ်ဖို့  ဟိသည်။ လက်ငင်းအခြီအနီအရ လုံခြံရီးက ဟိနီပါသည်။
       ဗြိတိသျှ စစ်တပ် ။ ပုလိပ်၊ လှုပ်ရှားမှူတိ ခြီချင်းလိမ်နီကတ် သည်။ ဆရာတော်ဦးစိန္တာကို ဖမ်းရေအခါ လွပ်လားသူ ကိုနီထွန်းအောင်က ဒုံးသားညီလာခံကို ရောက်လာသည်။ ယေခါယင်းအကြောင်းကိုဘုံပေါက်  သာကျော်က ညီလာခံမှ တင်ပြရသည်။ ကိုနီထွန်းအောင်မှာ သေဘာၤာစာရီး ဦေးမာင္လွေက်ာ္မွ ၀ွက္ထား ၍ လွပ်လားခသူဖြစ်သည်။ ဆရာတော် ရမ်းဗြဲရောက်ချိန်မှာ ရုံးနင့် ဂါတ်တိမှာ လူထုတိ ဆူပူအုံ ကြွနီစွာတိ ကို ပက်ပင်းတိုးသည်။ ကိုဘဟန် ( နယ်ချဲ့  တော်လှန်ရီးတပ်ပေါင်းစုအာဏာရှင်အဖွဲ့  ) ၊ ကို ဘိုးနွယ် ( ကျောက်ဖြူ ခရိုင်လူငယ်များခေါင်းဆောင် ) နင့် ဖမ်းဆီးခံထားရရေ လူပေါင်း( ၁၈ ) ယောက်ကို လွှတ်ပီး ဖို့  ဆန္ဒပြတောင်းဆိုနီကတ်စွာ နင့် ကိုက်နီစွာဖြိုက်သည်။ ကိုဘဟန်နင့် ကိုဘိုးနွယ်မှာ သင်ပန်းကိုင် ရွာ ဘုန်းတော်ကြီးကျော်ငးမှာ ကျေးရွာလူကြီးတိနင့် အစီးအ၀ီးထိုငနီချိတ် မျက်နှာဖြူအရာရှိ မက္ကာမေသ ယူ ကိုယ်တိုင် ခေါင်ေးဆာင်ပနာ လက်န်ကိအပြည့်အစိုနင့် ၀ိုင်းဗျန် ဖမ်းဆီးလိုက်ခြင်းဖြိုက်ပါသည်။ ကိုဘ ဟန် နင့် ကိုဘိုးနွယ်ရို့ ကို ကြိုးနင့်တုပ်ပနာ ရမ်းမြဲမြို့ ကို ဖမ်းယူလာလို့  ဆူနီကတ်စွာဖြိုက်သည်။ ဆရာတော် ဦး စိန္တာကလေး ရမ်းဗြဲရောက်ချိန်နျင့် ကြုံစွာနင့် လူထုတိကလေး ထိမ်းမနိုင်သိမ်းမရ ဖြိုက် လာကတ်သည်။   နောက်ဆုံးမှာ ဖမ်းထားရေ ကိုဘဟန်နင့် ကိုဘိုးနွယ် အပါအ၀င် လူပေါင်း( ၁၈ ) ယောက် ကို လွှတ်ပီးဖို့  လက်မှတ်ထိုးလိုက်ရပါသည်။ ယေဇူးနင့် ရမ်းဗြဲမြို့ က ဆရာတော် ဦးစိန္တာရို့ မှာ လေးပင်း တပ် လှီနင့်   ကျောက်ဖြူကို လိုက်လာကတ်သည်။ ကျောက်ဖြူကတဆင့် မြီပုံကို လာလတ်ကတ်သည် မြီပုံ  မြစ်ဝ အနား မှာ လက်နက်အပြည့်အစုံနင့် ယူပီဘုတ်နင့် လာရေ ကျေက်ဖြူခရိုင်ဝန် မစ္စတာ S.G.A Scortt ကတ်စ်ဘီခေတ် ( ဗိုလ်မှူး) က ဆရာတော်ဦးစိန္တာ ၊ ဦးဘိုးဦး၊ ဦးမောင်မြဦး( အခု မြို့ ဟောင်းမြို့ နယ် ပါတီ ယူနစ် ) ရို့ ကို ဖမ်းလိုက်ပါသည်။ စစ်တွေမြို့ ကို ယူလာပနာ စစ်တွေသဲချောင်းစစ်ဌါနမှာ ထားသည်။ ဆရာတော် ဦးစိန္တာ အဖမ်းခံရပုံကို ဒုံးသားညီလာခံမှာ တင်ပြပြောဆိုလိုက်ပါသည်။ ယေဇူးနင့် ဆရာတော် ဥိးစိန္တာကို ချက်ချင်းလွှတ်ပီးရီးး ဆုံးဖြတ်ချက် ချမှတ်နိုင်ခကတ်ပါသည်။ ဆရတော် ဦးစိန္တာ အဖမ်းခံရစွာကို -၁၉၄၇-ခုနှစ် မေလ-၁၄-ရက်နိ သူရိယ သတင်းစာမှာ အောက်ပါအတိုင်း ဖေါ်ပြပါလာသည်။ ရခိုင်ပြည်အရီး ဆရာတော် ဦးစိန္တာ ကိုယ်တော်ကို ဖမ်းလိုက်ဗျန် ရခိုင်ပြည် ငြိမ်ဝပ်ပိပြားရီးအတွက် တိုင်း မင်းကြီးက လက်နက်အင်အားအပြည့်အစုံ နင့် စစ်သားတိ တောင်းဆိုစွာမှာ ဦးအောင်ဆန်းအစိုးရက စစ် သားနှစ်ထောင် ခွင့်ပြုလိုက်တေလို့  ဖေါ်ပြလိုက်သည်။ ခေါင်းစိုင်ငယ်နင့် ရီးထားစွာမှာ ရက်အနည်းငယ် က ရခိုင်ပြည်တပ်ပေါင်းစု ခေါင်းဆောင်ကြီး ဆရာတော်ဦးစိန္တာ အား သက်ဆိုင်ရာမှ ဖမ်းဆီးလိုက်နိင်သည်။ ယင်းပိုင်ဖမ်းဆီးလိုက်နိုင်စွာနင့် ပတ်သက်လို့  ရခို်ငပြည်အတွင်းမှာ ဆူပူမူတိ ဖြိုက်ဗျန်နီသည်။
      စစ်တွေ --မင်းပြား -မြောက်ဦး- ကျောက်ဖြူ- မြီပုံ --သံတွဲ ဒီစတြိတ် နယ်တိမှာ ဆူပူမူတိ ဖြိုက်နီသည်။ စစ်သားတထောင်ပီးပါ ဆူပူတိနင့် ရရောင်းသတ်လို့  သရဘောင်းလိုက်ပနာ ဖြိုက်လာရေ အခါ စစ်တွေ ရခိုင်တိုင်းမင်းကြီး ဦးကျော်မှ ရခိုင်ပြည်အခြီအနီကို တင်ပြဖို့  ရန်ကုန်ကို လားပနာ အစီရင်ခံရသည်။ ရခိုင်ပြည်ငြိမ်ဝပ်ပိပြားရီးအတွက် - -၁၁-၅-၁၉၄၇-ခုနှစ် နိစွဲနင့် စစ်သားတထောင်တောင်းရေ အစီရင်ခံစာ တင်လိုက်သည်။ စစ်သားနှစ်ထောင် ယူစီ ယင်းပိုင် ရခိုင်တိုင်းမင်းကြီး ဦးကျော်က တင်ပြလိုကစွာကို ဦး   အောင် ဆန်းအစိုးရက ခေတ်မှီလက်နက် အပြည့် အစုံနင့် ရခိုင်အမျိုးသား ထကြွသူများအား နှိမ်နှင်း ရန်အတွက် စစ်သား ( ၂၀၀၀ ) ယူစီ ဆိုပနာ ခွင့်ပြုလိုက်သည်။ လိုက်လံဖမ်းဆီး နီဗျန် အခုအခါ ရခိုင်ပြည် မှာ မြို့ တိ ရွာတိမှာ နိုင်ငံရီးမျိုးချစ်စိတ် ဟိသူတိကို လိုက်လံဖမ်းဆီးနီဗျန်လို့  သိရသည်။ ထိုအရီးကို ဆွီးနွီး ကတ် ဖိ ယင်းပိုင် အရီးကို ဆွီးနွီးဖို့ အတွက် ရန်ကုန်မြို့  ရှိ ရခိုင်အမျိုးသားအသင်းကြီး၏ အစီးအ၀ီး တရပ် ကို လာမည့် သောကြာနိ -၁၆-၅-၄၇-) ခုနှစ်- နိခင်း-၂- နစ်ချက်တီးမှာ ရန်ကုန်မြို့  ရခိုငအမျိုးသားအသင်း ဌါနချုပ်တည်ရာ မှာကျင်းပဖို့  ဟိရေလို့  သူရိယ သတင်းစာမှာ ဖေါ်ပြထားပါသည်။ ။။။။။။။။။။။။။။။။။။

တတိယအပိုင်းမှာ ဆရာတော်ဦးစိန္တာကို သာ.ယာဝတီ ထောင်မှာ လာတွိကတ်စွာတိနင့် ရခိုင်နိုင်ငံ ရီးလော က က ၀န်ကြီးတိ သစ္စာဖေါက်လားခကတ်စွာတိကို တင်ပြပါမေ ။

အပိုင်း(၃)
ဦးစိန္တာကိုယ်တော် ဇါအတွက်နင့် ဖမ်းလိုက်ရလေ ဆရာတော်ဦးစိန္တာကို ဖမ်းလားရေအခါ သူရိယ သတင်း စာက- ၁၉၄၆-မေလ-၁၆-ရက်နိမှာ ခေါင်းကြီးပိုင်းစာလုံးနင့် သတင်းဖေါ်ပြစွာ တွိရသည်။ ယင်းသတင်းက ရန်ကုန်အတွင်းဝန်များရုံးမှာ ဟိရေ- ဒီးဒုတ်ဦးဘချိုလို့  နောက်ခါ ခေါ်လာရေ မြန်မာနိုင်ငံ အာဇါနည်လို့  လူ တိသိလာရေ ပုဂ္ဂိုလ်က မေလ-၁၅-ရက်နိ-သတင်းစာရှင်းလင်းပွဲ လုပ်စွာဖြစ်ပါသည်။          ယင်းပိုင်ရှင်းလင်း ထုတ်ပြန်စွာမှာ ရခိုင်ပြည်မှာ အခုမှ ဆူပူနီစွာမဟုတ်၊ အယင်ကပင် ဆူပူနီစွာဖြစ်သည်။ ရခိုင်ပြည်မှာ လူသတ် ၊မုဒိမ်းကျင့်၊ ဆက်ကြီးကောက်၊ မတော် မပီး ၊ အခွန်မပီး ၊ စင်ပြိုင်အစိုးရထောင်ပနာ လူသတ် ၊ ကြိမ်ဒဏ်ပီးနီသည်။ ယင်းချင့်ကို ဆိုင်ရာအာဏာပိုင်တိက တင်ပြလာသည်။ ရခိုင်ပြည် တိုင်းမင်းကြီး ရန်ကုန်ကို ရောက်တေအခါလည်း တင်ပြသည်။ ယေဇူးနင့် ဖမ်းဆီးလိုက် ရစွာဖြိုက် သည်။ ( ဒေပိုင်အတွက်တာနင့် အာဇါနည်နိမှာ ဒီးဒုတ် ဦးဘချိုရို့  အောင်ဆန်းရို့ ကို ရခိုင်သားတိ အလေးပြုဖို့  မလို -- စာရီးသူ )
            ဖမ်းဆီးလိုက်ပုံ
        လွန်ခရေ သောကြာနိကပင် ဦးစိန္တာ တပည့်နှစ်ယောက် လက်နက်အပြည့်အစုံနင့် သူပုန်ထရန် စီစိုင်နီကတ်ကြောင်း၊ ယင်းချင့်ကို ဖမ်းဆီးလိုက်စွာမှာ ရမ်းဗြဲမြို့ ကို ခေါ်ယူခကြောင်း၊ ယင်းချင့်ကို လူပေါင်း ၃၀၀- ကျော်လောက်က -၂-ရက်လောက်ဝိုင်းပနာ လွှတ်ပီးရန် တောင်းဆိုကတ်ကြောင်း၊ ယင်းအချိန်မှာ ဦးစိန္တာ ရမ်းဗြဲရောက်လာဗြီးကေ ဖမ်းထားရေ သူ့ တပည့်နှစ်ယောက်နင့် အပါအ၀င် -လူပေါင်း-၁၈-ယောက် ကို လွှတ်ပီးရန် အတင်းအကြပ် လက်မှတ်ထိုးစီကြောင်း၊ သူရို့ ကို လွှတ်လိုက်တေအတွက် ဦးစိန္တာနင့် သူရို့ လူတိ အစိုးရယူပီဘုတ်နင့် လားခကတ်ကြောင်း။
       လူစုခွဲလိုက်ရပုံ
      ယင်းပိုင်ဖြိုက်နီချိန်မှာ ရာဇ၀တ် ၀န်ထောက်က သေနတ်ပစ်ဖေါက်ပနာ လူစုခွဲခရကြောင်း။ အမှန်မှာ ဦးစိန္တာကို ဖဆပလအစိုးရက လွပ်ငြိမ်း ချမ်းသာခွင့်ပီးလို့ ပြန်လွှတ်ထားဗြီးဖြိုက်ကြောင်း၊ ယေကေလေး စင်ပြိုင်အစိုးရထောင်ကာ နယ်တ၀ိုက်မှာ ရမ်းကားနီကြောင်း။ ယေဇူး နင့် ရခိုင်ပြည့်ငြိမ်ဝပ်ပိပြားစီဖို့  အခု ပိုင် ဖမ်းလိုက်ရစွာဖြိုက်သည်လို့  ရှင်းလင်းပြောဆိုပါသည်။ ( ဒီးဒုတ် ဦးဘချိုမှာ သတင်းအမှားတိ ကို ထုတ်ပြန်ပနာ လုပ်ကြံဗြီးကေ ပြောစွာဖြိုက်သည်- စာရီးသူ )
 ဆရာတော်ဦးစိန္တာကိစ္စ- လန်ဒန် ပါလီ မန်ရောက်ဗျန်
     ဇွန်လ-၁၂-ရက်နိ ကြီးနန်း သတင်းအရ ရခိုင်ပြည်ကို မြန်မာပြည်က ခွဲထွက်ပနာ လှုံ့ ဆော် ပုန်ကန်ုနီသူဖြစ်တေ ဆရာတော် ဦးစိန္တာကို ဖမ်းဆီးရခြင်းဖြိုက်သည်။ မတရားအသင်း ကြီညာထားသူတိ နင့် ဆက်သွယ် လှုပ်ရှားသူဖြိုက်လို့  စာရွက်စာတမ်းတိနင့် လက်နက်တချို့ ကိုပါ ရဟိရေလို့  သတင်းရ သည်။ လန်ဒန်ပါလီမန်မှာ မြန်မာပြည်ဆိုင်ရာ လက်ထောက်အတွင်းဝန်ကလေး မစ္စတာ အာသာဟန်ဒါ ဆင်က တင်ပြနီခြင်း ဖြိုက်သည်။ ယေကေလး အခုအချိန်မှာ ဆရာတော်ဦးစိန္တာကို ဖမ်းဆီးထားလိုက် ဗျန်    ဖြိုက်တေ အတွက် ရခိုင်ပြည်မှာ ကောင်းမွန် အီးချမ်းလားဗျန်ဖြိုက်ဗြီးကေ အစိုးရက ပုလိပ်တိနင့် စစ်တပ်တိကိုပါ ရခိုင်ပြည်ကို ပို့  ထာားလို့  အခြီအနီကောင်းလားဗျန်လို့  တင်ပြပါသည်။
 ရခိုင်နိုင်ငံရီး သမားတိက ဆရာတော် ဦးစိန္တာကို အောက်သားတိဖြိုက်တေ-ဦးအောင်ဆန်း-အကြိုက် လုပ်ကတ် ပုံ
       ဒေပိုင် ဆရာတော် ဥိးစိန္တာကို ဖမ်းလားရေ ကိစ္စနင့် ပါတ်သက်လို့  ရခိုင်လူမျိုးတိက ရန်ကုန်မှာ ဟိရေ ရခိုင်အမျိုးသားအသင်း  တည်ရာဌါနချုပ်မှာ အစီးအ၀ီးတခုကို ပြုလုပ်ကတ်သည်။ ယင်း  အစီးအ၀ီးကို -၁၉၄၇- ခုနှစ် မေလ-၁၈-ရက်နိမှာ ရန်ကုန်မြို့  စတော့ဂိတ်လမ်း-မင်္ဂလာသုခကျောင်း စာချဆရာတော် ဦးကေသရက ဥက္ကဌအဖြိုက် ဆောင်ရွက်သည်။ အခန်းအနားမှူးအဖြိုက် ရှေ့နေဦးအောင် ထွန်းဦး က    ဆောင်ရွက် ပနာ ရဟန်းရှင်လူ -၂၀၀-ကျော် တက်ရောက်ကတ်တေလို့  သူရိယသတင်းစာ ဖေါ်ပြပါသ ည်။ ရခိုင်အမတ်တိကိုလေး တက်ရောက်တေလို့  သတင်းမှာဖေါ်ပြထားသည်။
     အစီးအ၀ီးမှာ ဖဆပလ အမတ် ရသေ့တောင်က ဦးကျော်ဦးက ရခိုင်ပြည်ဆူပူနီစွာမှာ ဦးစိန္တာကို မဖမ်းခင်ကပင်ဖြိုက်ကြောင်း ၊ အရပ်ရပ်မှ မုဒိန်းမှူများဖြိုက်ပွါးနီစွာကို ဆရာဝန်တိကို မီးကေ သိနိုင်ကြောင်း ၊ ရသေ့တောင်မှာ ဆရာတော် ဦးးစိန္တာ ဂိုဏ်းသားတိ လူဆိုးဓါးမြတိုက်ခိုက်နီကြောင်း ။ သေနတ်လက်နက် ပီးရန် မိမိရို့ ကိုယ်တိုင် အရီးပိုင် ခရိုင်ဝန်ရို့ ဘားကို တောင်းဖူးကြောင်း အကျယ်တ၀င့် ပြောပနာ ဘူးသီးတောင်မှ အမတ်ဦးစံထွန်းအောင် ကလည်းအလားတူ ပြောပါသည်။သတင်းစာ ဆရာကြီး ဦး လှထွန်းဖြူ နင့်ယူနီဗာစီတီကျောင်းသားကိုဖေတင် က-ဆိုကေ ဆရာတော်ဦးစိန္တာကို ဖမ်းစွာမှာ ရခိုင်လူမျိုးတိကို ဖိနှိပ်ခြင်းပင် ဖြိုက်ကြောင်း ၊ ဆရာတော် ဦးစိန္တာ အရီးသည် ရခိုင်ပြည့်အ ရီးဖြိုက်   ကြောင်း ပြောလားပါသည်။ ဦးဘိုးဦးနင့် ဆာပေါ်ထွန်းရို့ ကလည်း ဆရာတော်ဦးစိန္တာကို ဖမ်းဆီး စွာကို လက်မခံကြောင်း ဆရာတော်မှာ လူဆိုးဓါးမြမဟုတ်ကြောင်း ၊ ဂျပန်တော်လှန်ရီးခေတ် မှာ   ခေါင်းဆောင် တယောက်ဖြိုက်ကြောင်း ပြောကတ်ပါသည်။ ယင်းအစီးအ၀ီးမှာ ဆရာတော် ဦးစိန္တာ လွှတ်ပီးရီးနင့်ပတ်သက်ပနာ ကော်မီတီတခုကို ဖွဲ့ စီးခပါသည်။
  ရခိုင်ဝန်ကြီး ဆင်းဗြီး ရသော အစီးအ၀ီး
   ၁၉၄၇-ခုနှစ်-မေလ-၂၅-ရက်နိထုတ်သတင်းစာမှာ -ဦးအောင်ဇံဝေ-ကို ဖဆပလ စကား မပြောကေ့ -ရခိုင်ပြည်၏ အဖြိုက်အပျက် အမှန်ကိုရာ ပြော ---ဆိုပနာ သတင်းပါလာ သည်။ မေလ- ၂၅-ရက်နိ -၂-ချက်တီးခန့် မှာ ရန်ကုန်မြို့ ပတ်လမ်း ရခိုင်လူငယ်များ အသင်းမှာ အစီးအ၀ီး ကို ပြုလုပ်သည်။ ယင်းအစီးအ၀ီးကို ဖဆပလ ၀န်ကြီး ဦးအောင်ဇံဝေ- ဒေါ်မစောမြ၊ ဒေါ်မကြာဇံ ၊ ဦးမောင် စိန် ၊ ဦးကျော်လှဦး၊ ဦးစံထွန်းအောင်၊ ဦးမောင်ဝေ ရို့ လည်း ဦးအောင်ဇံဝေ ခေါ်လို့  လာကတ် သည်။  ဦးအောင်ဇံဝေက ဦးစိန္တာကို မဖမ်းကေ မဖြိုက်ကြောင်း ၊ မြီခွန်မပီးရအောင် လုပ်နီကြောင်း ။ လက်ဝဲ ညီညွတ်ရီးတပ်ပေါင်းစု တည်ဆောက်ခြင်း လုပ်လာရေအတွက် ဖမ်းရကြောင်း ဆိုစွာတိ ကို ပြောလာ ပါသည်။ ယေအခါ တက္ကသိုလ်ကျောင်းသားတိက ဒေစကားမှာ ဖဆပလစကားရာဖြိုက်တေ ၊ ရခိုင်ပြည် အဖြိုက်အပျက်အမှန်ကိုရာ ပြောပါဆိုပနာ တက္ကသိုလ်ကျောင်းသားတိက အော်ကတ်ပါသည်။ ဦးအောင် ဇံဝေမှာ အစီးအ၀ီး ဆူပူလားရေအတွက် ရှက်ကောင်းထမန်းဖြိုက်ဗျန် ထိုင်လားပါသည်။ ဦးအောင်ဇံဝေ နင့်ပါလာသူ ဒေါ်ကြာဇံကလေး ရခိုင်ပြည်မှာ အမျိုးသမီးတိ မုဒိမ်းကျင့် ခံနီရကြောင်း တိကို တင်ပြလာ သည်။ ယေအခါ အစီးအ၀ီး တက်ရောက်နီသူ ဦးသာဝေ ဆိုသူက ယင်းပိုင်ဆိုကေ ဖဆပလအစိုးရက လက်နက် မထုတ်ပီးလားဆိုပနာ ပြောယင်း ရယ်ကတ်ပါသည်။ ဖဆပလ အမတ် ဦးစံထွန်းအောင်ကလေး ဦးစိန္တာကို သိကျွမ်းပါကြောင်း ၊ ဦးစိန္တာလွတ်ရန် အစီးအ၀ီးခေါ်ရေအတွက်-ကန့် ကွက်ဖူးပါကြောင်း။ ဦးစိန္တာအဖွဲ့ မှာ ဓါးပြတိုက် လူဆိုးသူခိုးတိရာဖြိုက်ပါကြောင်း ဆိုပနာ ဦးစိန္တာကို ထပ်ခါတလဲလဲ မကောင်းချည်း ပြောနီ၍ ဘုန်းတော်ကြီး ဦးသာသနနင့် လူငယ်တိက ရခိုင်အရီးကို ဆွီးနွီးနီ၍ ပုဂ္ဂိုလ်ရီး တိုက်စရာ မလိုကြောင်း ၊ ဂျပန်လက်ထက်က နယ်ပိုင်လုပ်ပနာ ရခိုင်သားတိကို ဖိနှိပ်သူများ အလိုမရှိ၊ ဖဆပလနင့် ပေါင်းပြီး ၀န်ကြီးနီရာ ကြံသူများ အလိုမရှိ-ပြောနီကတ်ကြောင်း သိရပါသည်။ ရခိုင်လူမျိုးခေါင်းဆောင် ဆရတောာ် ဦးစိန္တာမှာ ရခိုင်လူမျိုးနိုင်ငံရီးသမားတိက ဖဆပလ အဖွဲ့ နင့် ပေါင်းဗျန် မတရားစွပ်စွဲ ပုတ်ခတ်တေအတွက်နင့် မေလေ--၁၉-ရက်နိမှာ လေယဉ်ပျံနင့် ရန်ကုန်ရောက်လာဗျန် ဆိုရေ သတင်းပါလာပါသည်။
       ၁၉-၅-၁၉၄၇-ခုနှစ်မှာ သာယာဝတီအကျဉ်းထောင်ရှိရာ သာယာဝတီမြို့ သို့  လက်နက်ကိုင် ပုလိပ်အများကြီးနင့် ဆရာတော်ဦးစိန္တာအား ပို့ ဆောင်လိုက်ဗျန် ဆိုစွာအကြောင်း သတင်းစာမှာ ပါလာပါသည်။ အခုအခါ ဆရာတော်ဦးစိန္တာအား ကြိုးတိုက်ထဲမှာ ၊လူဆိုးပိတ်သည့်တိုက်အတွင်းမှာ တပါးတည်းထားဗျန် ထောင်ဝါဒါ အထပ်ထပ်နင့် တပါးချင်းသာ ဟိနီကြောင်း သူရိယသတင်းစာ မှာ ဖေါ်ပြစွာ ပါလာပါသည်။
   တိုင်းပြုပြည်ပြုလွှတ်တော်ကို ရခိုင်ရို့  ၀ိုင်းကတ်ဖို့ 
   ရခိုင်အမျိုး သားခေါင်းဆောင်ကြီး ဆရတော် ဦးစိန္တာကို ဖမ်းလားရေ အတွက်နင့် ရန်ကုန်မှာ ဟိရေ ရခိုင်လူမျိုးတိက ရက်ပြတ်အစီးအ၀ီး လုပ်ကတ်ပါသည်။ ၀တ်လုံ- ဦးထွန်းဖြူ ၊ဆာပေါ်ထွန်း၊ ၀တ်လံဦးထွန်းဖြူ၊ ဗမာနိုင်ငံလုံး ဆိုင်ရာ စာရီး သမဂ္ဂ-ဥက္ကဌ ဦးထွန်းအောင်ကျော် ၊သံတွဲအမတ် ဦးးအောင်မြတ်ရို့  က အစီးအ၀ီး တိ ပြုလုပ်ပနာ ဆရာတော် ဦးစိန္တာကို ချက်ချင်းလွှတ်ပီးဖို့  ၊ ရခိုင်ပြည်က စစ်တပ်ကို အမြန်ဆုံး ရုပ်သိမ်း လားဖို့ တောင်းဆိုကတ်ပါသည်။ တိုင်းပြုပြည်ပြုလွှတ်တော်ကိုလေး ရခိုင်လူမျိုးတိက ၀ိုင်းပနာ တောင်းဆိုကတ်ဖို့ လို့  သူရိယသတင်းစာမှာပါလာပါသည်။
  ရွှေဘိုသား ဆိုသူ ဆောင်းပါးရှင် တယောက် အခုပိုင် သူရိယသတင်းစာမှာ ရီးထားပါသည်။ ဗိုလ်ချုပ်အောင်ဆန်းမှာ ၀န်ကြီး ဦးအောင်ဇံဝေနင့် မြီပုံညီလာခံကို လေယဉ်ပျံနင့် လားပနာ တက်ခသည် ။ ယင်းညီလာခံမှာ ဦးအောင်ဇံဝေရှေ့မှာ အောင်ဆန်းကို ဦးစိန္တာက ဖဆပလ၏ချို့  ယွင်းချက်တိနင့် ရှေ့ကို အားမ ကိုးနိုင်ကြောင်း ပြောခသည်။ ဗိုလ်ချုပ်အောင်ဆန်းမှာ မျက်နှာပန်းမလှဖြစ်ခရ သည်။ ဒေ အဖြိုက်အပျက်ကို ကြည့်လျှင် ဦးစိန္တာသည် အစိုးရအဖွဲ့ ၏ အတိုက်အခံ နိုင်ငံ ရီးခေါင်းဆောင်  ဖြိုက်နီသည့်အပြင် ရခိုင်ပြည်မှာလေး ဖဆပလအဖွဲ့ ဝင်တိ နည်းပါးရေ အတွက်နင့် ဒေပိုင် ဖိနှိပ်မူတိဖြစ် နိုင်ကြော်ငး သုံးသတ်ပြ ထားသည်။ သဘောက ဗိုလ်ချုပ်အောင်ဆန်း ဦးစီးရေ ဖဆပလအဖွဲ့ က ဆရာတော် ဦးစိန္တာကို မတရားဖမ်းဆီးထောင်ချလိုက်စွာလို့  ရီးပြလိုက်စွာဖြိုက်သည်။ လူဆိုးသူခိုး ဓါးမြမဟုတ်ကြောင်း ရီးပြခြင်းဖြိုက်သည်။ ဦးညိုထွန်းရို့  သာယာဝတီထောင်မှာ လာတွိခြင်း ၁၉၄၇-ခုနှစ် ဇူလိုင်လ ၁၆-ရက်နိထုတ် သတင်းစာမှာ ဆရာတော် ဦးစိန္တာနင့် တွိရန် ဖဆပလအတွင်းရီးမှူး-ဦးဗဆွေ။ ပြည့်ထဲရီးဌါန နိုင်ငံရီး အတွင်းဝန် ကိုလှမောင် နင့် ရခိုင်တော်လှန်ရီးခေါင်းဆောင် ဦးညိုထွန်း ရို့  သာယာဝတီထောင်ကို လာတွိကြောင်း သတင်းပါလာသည်။ ဆရတော် ဦးစိန္တာကို ပြည့်ထဲရီးဝန်ကြီး -ဦးကျော်ငြိမ်း -လန်ဒန်က ပြန်လာကေ လွှတ်ပီးဖို့  အကြောင်း၊ရခိုင်ပြည်ကို ပြန်ကေ ဆရာတော် ဦးစိန္တာက ဦးနုကိုပါ တခါတည်း ထည့်ပီးလိုက်ပါလို့ ပြောကြောင်း- သတင်းတိပါလာသည်။ ရခိုင်ပြည်မှာ ဖဆပလကို ဦးဆောင်ပနာ လုပ်စီချင်ရေအကြောင်းး ဦးဗဆွေက တောင်းဆိုကြောင်း၊ ယေကေလေး ဆရတောာ်က တာဝန်မခံကြောင်းကိုလည်း သူရိယသတင်းစာမှာ ပါလာသည်။ ဆရာတော်ဦးစိန္တာကို ထောင်ထဲထည့် ခသူ အောင်ဆန်း-လုပ်ကြံခရလို့  သီလား ဗျန် ၊ ဦးကျော်ငြိမ်း လန်ဒန်က ရောက်ကေလေး မလွတ် ဇူလိုင်လ-၁၆-ရက်နိမှာ ဖဆပလ အတွင်းရီးမှူး ဦးဗဆွေက ဆရာောတ် ဦးစိန္တာကို ဦးကျော်ငြိမ်းလန်ဒန်က လာကေ လွှတ်ပီးဖို့  ပြောခသည်။ ဇူလိုင်-၁၉-ရက်နိမှာ ဗိုလ်ချုပ်အောင်ဆန်းရို့  လုပ်ကြံခံရသည်။                 ယေဇူးနင့်ဆရာတော် ဦးစိန္တာမှာ ဦးကျော်ငြိမ်း ရောက်လာကေလေး မလွပ်ဘဲနင့် ဆက် လို့ ထောင် ကျနီရပြန်ပါသည်။ ရခိုင်လူမျိုး နိုင်ငံရီးသမားတိကို ဘုံပေါက်သာကျော်က မှတ်ချက်ပီးထားခြင်း ဘုံပေါက် သာကျော်မှာ ဦးညိုထွန်း၊ ဦးဘစော ၊ ဦးအောင်ဇံဝေ ၊ ဦးကျော်မြ ( ဗကပ ) ၊ ဦးစံထွန်းအောင် ၊ရို့ ကို အထူးနာကျည်း မှတ်ချက်ပြုပနာ ရီးထားစွာ တွိရသည်။ အောင်ဆန်း၊ ဒီးဒုတ် ဦးဘချို ၊ ဗိုလ်မှူးကျော်ဇေါ် ( ယခု တရုပ်ပြည် ဗိုလ်မှူးချုပ်ကျော်ဇေါ -ဗကပ ) ရို့ ကို မှတ်ချက်ပြုပနာ ရီးထားစွာကို တွိရပါသည်။ ဆရာတော် ဦးစိန္တာကို ဖမ်းထားချိန် ရခိုင်ပြည်အခြီအနီ ဆရာတော် ဦးစိန္တာကို ဖမ်းထားချိန်မှာ ရန်ကုန်ရှိ ရခိုင်လူမျိုးတိမှာ လူကြီးလေး လူကြီး အတိုင်းအတာနင့် လူငယ်လေး လူငယ်အတိုင်းအတာနင့် စီးလုံးညီညွတ်ပနာ ဆရာတော် ကို ပြန်လွတ်အောင်အစီးအ၀ီး ထိုင်နီကတ်ရသည်။ ရခိုင်ပြည် အတွင်း မှာလေး ကြောက်ကောင်းထမန်း ဆန္ဒပြပွဲတိ ညီလာခံတိကို မြို့ နယ်တိုင်းမှာ လုပ်ကတ်စွာတွိရသည်။ ဆရာတော် ဦးစိန္တာမှာ လူဆိုးသူခိုးမဟုတ်၍သာ ဖဆပလ အဖွဲ့ ချုပ် အတွင်းရီးမှူး ဦးဗဆွေ ကိုယ်တိုင် သာာဝတီထောင်ထဲ လာတွိရေ သတင်းပါလာရေအတွက် ဖဆပလ အဖွဲ့ က ရခိုင်လူမျိုး အမတ် တိမှာ နောက်ပိုင်းခါ ၀ီဖန်ခံလားခရသည်လို့  သိရပါသည်။
          ရခိုင်မျိုးချစ် ပုဂ္ဂိုလ်ကြီး ဖြိုက်တေ ဆရာတော်ဦးစိန္တာကို ရခိုင်လူမျိုးတိက လွပ်မြောက်ရီး အတွက် တောင်း ဆိုပွဲမှာ ရခိုင်တပြည်လုံးဖြိုက်သည် ကို ဘုံပေါက်သာကျော်၏ တော်လှန်ရီးဝယ် စာအုပ်မှာ ရီးထားစွာကို တွိရလို့  မျက်ရည်တိတောင် ကျရကေလေး စိတ်ထဲမှာ အားရ၀မ်းသာ အားတက် မိပါကြောင်း။။။။။။။။။။။။

ခိုင်အောင်ကျော် (နယူးယောက် )
......................................
လေးဝတီ
Blogger Widgets