မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလာဒေခ်ျ့ သံအမတ်ကို အစိုးရမှ တာဝန်မှ ပြန်လည်ရုတ်သိမ်းလိုက်ပြီး သူ့နိုင်ငံသို့ ပြန်လည် ခေါ်ယူလိုက်ကြောင်း သိရသည်။
မြန်မာနိုင်ငံ ဆိုင်ရာ ဘင်္ဂလာဒေခ်ျ့ သံအမတ် ဗိုလ်ချုပ် အနုတ် ကူမာချက်ကမာ ကို သူ၏ သံအမတ် တာဝန်မှ ရပ်ဆိုင်းပြီး ပြန်လည် ခေါ်ယူလိုက်ပြီ ဖြစ်ကြောင်း ဘင်္ဂလာဒေခ်ျ့ အစိုးရ၏ သတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြသည်။
သို့သော်လည်း မည်သည့်အတွက်ကြောင့် ယခုလို တာဝန်မှ ရပ်ဆိုင်းပြီး ပြန်ခေါ်ယူကြောင်းကို အစိုးရ၏ ကျေညာချက်တွင် တစ်စုံတစ်ရာ ဖေါ်ပြထားခြင်း မရှိကြောင်း သိရသည်။
သူအား ၂၀၀၉ ခုနှစ်က ဘင်္ဂလာဒေခ်ျ့ဆိုင်ရာ မြန်မာ သံအမတ် အဖြစ် ခန့်အပ်ခဲ့ခြင်း ဖြစ်ပြီး စစ်တပ်မှ ဗိုဘ်ချုပ် အဆင့်ရှိသူ အရာရှိ တစ်ဦးကို ဘင်္ဂလာဒေခ်ျ့မှ မြန်မာ သံအမတ် အဖြစ် တိုက်ရိုက် ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။
သူ့အား သူထမ်းဆောင်ခဲ့သော စစ်တပ်တွင် ပြန်လည် တာဝန် ပေးအပ်သွားမည် ဖြစ်ကြောင်း အဆိုပါ ကျေညာချက်တွင် ဖေါ်ပြသည်။
မြန်မာ ဆိုင်ရာ ဘင်္ဂလာဒေခ်ျ့ သံအမတ် အနုတ် ကူမာချက်ကမာသည် သက်လူမျိုး ဖြစ်ကြောင်း သိရသည်။
.....................................
နိရဉ္စရာ
You Are Here: Home - သတင်း - ဘင်္ဂလာဒေခ်ျ့ သံအမတ် မြန်မာနိုင်ငံမှ တာဝန်ရုတ်သိမ်း ပြန်ခေါ်