You Are Here: Home - ပင်မစာမျက်နှာ , သတင်း - ရခိုင်တော်လှန်ရေးသမား သက်ကြီးရွယ်အိုများအား ဂုဏ်ပြုပူဇော်ပွဲကို ARG က နိုင်ငံသုံးခုတွင် တပြိုင်တည်းပြုလုပ်မည်

၂၀၁၂-ခုနှစ် ဧပြီလ သင်္ကြန်အပြီး ရခိုင်နှစ်ဆန်းတစ်ရက်နေ့၌ ရခိုင်တော်လှန်ရေးသမား သက်ကြီးရွယ်အိုများအား ဂုဏ်ပြုပူဇော်ပွဲများကို ရခိုင်မျိုးစောင့်အုပ်စုက ဘင်္ဂလားဒေ့ခ်ျ၊ ထိုင်းနှင့် အိန္ဒိယ သုံးနိုင်ငံတွင် တပြိုင်တည်း ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

Arakan-Rakkhita-Group-ARG
" အသက်၊ ဘ၀တို့ကို ပေးဆပ်ကာ ရခိုင်အမျိုးသားရေးအတွက် ဘ၀တလျှောက်လုံး စွမ်းစွမ်းတမံ လုပ်ဆောင်လာပြီး ယခုအခါ အိုမင်းမစွမ်းဖြစ်နေကြသော ရခိုင်တော်လှန်ရေးသမား သက်ကြီးရွယ်အိုများကို အထောက်အပံ့ပြုလုပ်လို၍၄င်း၊ သူတို့၏ ကိုယ်ကျိုးစွန့် အနစ်နာခံ ဆောင်ရွက်လာခဲ့မှုကို ရခိုင်ပြည်သူများက ကျေးဇူးတင်အသိအမှတ်ပြုခြင်းအား-ထိုပုဂ္ဂိုလ်များသိဟိပြီး-ပီတိအကျိုးကို ခံစားစေလိုခြင်းကြောင်း၎င်း-ယခုကဲ့သို့-အခမ်းအနားများ ပြုလုပ်ရခြင်းဖြစ်ကြောင်း" နယ်သာလန် နိုင်ငံတွင် နေထိုင်သူ ARG အဖွဲ့ဝင် ဦးချစ်မောင်က ပြောသည်။

အဆိုပါ အခမ်းအနား၌- မကျန်းမမာဖြစ်နေသော တော်လှန်ရေးသမား တချို့ကို၎င်း၊ တော်လှန်ရေးတွင် ထိခိုက်ဒဏ်ရာရပြီး မသန်မစွမ်းဘ၀ ရောက်နေသူတချို့ကို၎င်း၊ ဘာသာခြားများ၏ ဖျက်ဆီးခြင်းခံရသော ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း သုံးကျောင်းနှင့် ဘာသာခြားများက မိသားစုလိုက် သတ်ဖြတ်၍ ကျန်ရစ်သူ တစ်ဦးကို၎င်း၊ အထောက်အပံ့များ ချီးမြှင့်သွားမည် ဖြစ်ကြောင်းလည်း ဦးချစ်မောင်ကပြောသည်။

မူလက ဘင်္ဂလားဒေ့ခ်ျနိုင်ငံတွင်ရှိနေသော တော်လှန်ရေးသမား သက်ကြီးရွယ်အိုများကိုသာ ပူဇော်ပွဲကျင်းပသွားရန် ရည်ရွယ်ခဲ့သော်လည်း-ယခုဇန္န၀ါရီလ-ARG - နိုင်ငံတကာအစည်းအဝေးတွင် သုံးနိုင်ငံ၌ တပြိုင်တည်းပြုလုပ်ရန် ဆုံးဖြတ်လိုက်ကြောင်း ဂျပန်နိုင်ငံမှ ARG - အဖွဲ့ဝင် ဦးလှရွှေကပြောသည်။

" ကျွန်တော် အစပိုင်းကတော့ ဘင်္ဂလာဒေခ်ျ့ တစ်နိုင်ငံတည်းမှာဘဲ လုပ်ဖို့ စီစဉ်ခဲ့တာပါ။ ဒါပေမယ့်လည်း ထိုင်း၊ အိန္ဒိယ စတဲ့နိုင်ငံတွေမှာလည်း သက်ကြီးရွယ်အို တော်လှန်ရေးသမားတွေ ရှိနေတဲ့ အတွက် သူတို့ကိုလည်း ဂုဏ်ပြု ပူဇော်ထိုက်တယ်ဆိုပြီး အခုလို နိုင်ငံ သုံးနိုင်ငံမှာ ကျင်းပ ပြုလုပ်ဖို့ စီစဉ်လိုက်ရတာ ဖြစ်ပါတယ်" ဟုပြောသည်။

ARG - ခေါ် "ရခိုင်မျိုးစောင့်အုပ်စု" (ARAKAN RAKKHITA GROUP) မှာ တော်လှန်ရေး၊ နိုင်ငံရေးအဖွဲ့အစည်း မဟုတ်သော်လည်း ရခိုင်အမျိုးသားရေး ဘက်စုံတိုးတက်ရေးအတွက်- နိုင်ငံတကာတွင် ရောက်ရှိနေသော ရခိုင်အမျိုးသားများ ပူးပေါင်းဆောင်ရွက်နေသည့် အဖွဲ့အစည်းဖြစ်ကြောင်း သိရသည်။ 

...................
Narinjara
Blogger Widgets