သို့/
တကာကြီး ဦးအေးသာအောင်
ALD နန့် CRPP အတွင်းရေးမှူး
တကာကြီး ဦးအေးသာအောင်ရေ CRPP အတွင်းရေးမှူးလည်း ဖြိုက် ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရရေ အမတ် တယောက်လည်းဖြိုက် သိဟိပြီးဖြိုက်ပါရေ။ ယကေလည်းသို့ အဂုအချိန်ခါ မှတ်ပုံတင်ပြီးကေ ရွေးကောက်ပွဲ ၀င်ရေးနန့် ပတ်သတ်ပြီးကေ တိုက်တွန်အကြံပြုချင်ပါရေ။ အကယ်လို့ တကာကြီး ဦးအေးသာအောင်အနီနန့် ALD ရခိုင်ဒီမိုကရေစီပါတီနာမည်နန့် ရွေးကောက်ပွဲဝင်ခဖို့ဆိုကေ RNDP ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီနန့် စင်ပြိုင်သဘောမျိုးသက်ရောက်ပါလိမ်မည်။ ဇာဖြိုက်လို့ဆိုကေ RNDP ဟိပြီးသားဖြိုက်ပြီးကေ ALD ပါတီတခု ပေါ်ပေါက်လာဖို့ဆိုကေ RNDP ထောက်ခံရေလူ ALD ထောက်ခံရေလူ ဆိုပြီးကေ ရခိုင်တမျိုးသားလုံးကြားမှာ အကွဲအပြဲ ပြသာနာတိ ဖြိုက်လာနိုင်ဖို့လို့ သုံးသပ်နားလည်မိပါရေ။ နောက်တခုက ဦးအေးသာအောင်ရေ ALD ပါတီကို အစိုးရက ဖျက်ပစ်လိုက်ပြီးရေနောက်မှာ ရခိုင်အမျိုးသားအရေးထက် CRPP ကို အဓိက ဦးဆောင်ပနာ တိုင်းရင်းသားအရေးကိုရာ အဓိက တာဝန်ယူခစော်ကို တွိ့ရပါရေ။ ယင်းပိုင်ဖြိုက်လို့ ALD နာမည်နန့် ပါတီ မထောင် ရွေးကောက်ပွဲ မ၀င်ဘဲ အဂုလက်ဟိ RNDP ပါတီကို ၀ိုင်းရံပြီးကေ နာယကသော်လည်းကောင်း၊ သဘာပတိ သော်လည်းကောင်း၊ အကြံပီး သော်လည်းကောင်း အမျိုးသား အကျိုးစီးပွါးအတွက် ၀ိုင်းရံ သင့်ရေလို့ ယူဆမိပါရေ။ အေပိုင် ၀ိုင်းရံမှု မပီးခဆိုကေ ALD ပါတီအဖြိုက် မှတ်ပုံတင် ရွေးကောက်ပွဲ ၀င်ဖို့ဆိုကေ တိုင်းရင်းသားတိအလယ်မှာ အရှက်ရစရာ သိက္ခာကျစရာ ရယ်စရာအဖြိုက် မြင်နိုင်ရေပိုင် ရခိုင်လူထုကြားမှာလည်း နှစ်ခြမ်းကွဲလားနိုင်ကြောင်းကို တွိ့မြင်ရပါရေ။ အဂုအချိန်ခါ ရခိုင်တမျိုးသားလုံး တိုးတက်ကြီးပွါးဖို့အတွက် စုစည်းရဖို့ အချိန် ညီညွှတ်ရဖို့ အချိန် ထင်မြင်မိပါရေ။ ယင်းပိုင်ဖြိုက်လို့ ရခိုင်တမျိုးသားလုံး အကျိုးကို လိုလားပြီးကေ ညီညီညွှတ်ညွှတ်နန့် အမျိုးသားရေးတာဝန်ကို နိုင်ရေဖက်က ရခိုင်သားတိုင်း ဆောင်ရွက်နိုင်ဖို့ တိုက်တွန်း အကြံပြုလိုက်ပါရေ။
(တမဂ္ဂါနံ တပေါ သုခေါ)
ဦးရာဇိန္ဒ(ထိုင်းနိုင်ငံ)