You Are Here: Home - သတင်း - သိန်း ၃၀ ကျပ်တောင်းသည့် နစက သိန်း ၂၀ ကျပ်ဖြင့် ဘင်္ဂလီငါးဖမ်းသမားများကိုလွတ်ပေး


သိန်း ၃၀ ကျပ်တောင်းသည့် နစက သိန်း ၂၀ ကျပ်ဖြင့် ဘင်္ဂလီငါးဖမ်းသမားများကိုလွတ်ပေး

နစက ဘင်္ဂလာဒေ့ခ်ျနိုင်ငံမှ ဘင်္ဂလီငါးဖမ်းဘုတ်တစီးအား အောက်တိုဘာလ(၂၅)ရက်နေ့က နတ်မြစ်မှ ပြန်ပြေးဆွဲခေါ်ပြီး သိန်း ၃၀ ကျပ် တောင်းဆိုသော်လည်း သိန်း၂၀ကျပ်ပေးခဲ့ရကြောင်း ပြန်ပြေးဆွဲခံရာတွင်ပါဝင်ခဲ့သည့် ဘုတ်အကြီးအကဲ နုရ်ဟိုဆန်မှ ဂစ္ဆပသို့ပြောသည်။  

ဂစ္ဆပအနေဖြင့် နုရ် ဟိုဆန်၏ မိတ်ဆွေတဦးအား ဖုံးဖြင့်ဆက်သွယ်မေးမြန်းခဲ့ရာ “နစကတွေက သိန်း ၃၀ ကျပ်တောင်းတာကို ဘုတ်ပိုင်ရှင်က တောင်းပန်ပြီး သိန်း ၂၀ ကျပ်လွဲပေးခဲ့တယ်လို့ သိရပါတယ်၊ နစကတွေက ဘုတ်မှာပါသွားတဲ့ အလုပ်သမား (၁၁)ဦး ကိုလည်း သေနပ်ပြောင်းဝနဲ့ထိုးပြီး ဖမ်းဆီးခေါ်သွားခဲ့တာဆိုတော့ သူတို့အသက်အန္တရာယ်ကို ထိခိုက်မှာ စိုးရိမ်လို့ပါ၊ နောက်တခုက နှစ်ရှည်လများ ထောင်ကျနေမှာစိုးလို့ပါ၊ အခုက ငါးဖမ်းသမားတွေ ပင်လယ်ထွက်ငါးဖမ်းဖို့ စိုးရိမ်နေကြပါတယ်။”ဟု အမည်မဖေါ်လိုသူက ဘင်္ဂလီစကားဖြင့် ရှင်းပြသည်။

နစကမှ ဘင်္ဂလီငါးဖမ်းသမား(၁၁)ဦးနှင့်အတူ ဘုတ်ကို နတ်မြစ်အတွင်းရှိ ဆတ်မာတင်ကျွန်း အနောက်ဘက်ခြမ်း ၂ ကီလိုမီတာ အကွာမှ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

ဘင်္ဂလီ ငါးဖမ်းသမားများ အနေဖြင့် စစ်အုပ်စု၏ နစကနှင့် ရေတပ်များကို လာဒ်ငွေအမြောက်အများပေးပြီး ရခိုင်ပြည် ပင်လယ်ပြင်တွင် ငါးဖမ်းနေကြသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။  

နစကမှ အဆိုပါကဲ့သို့ ဘင်္ဂလီငါးဖမ်းဆီးသမားများနှင့် ငါးဖမ်းဘုတ်များကို ဖမ်းဆီးအရေးယူ ငွေညှစ်သည့် သတင်းများမှာ လစဉ် သတ်မှတ်ငွေများကို ပေးမသွင်းသော ဘင်္ဂလီငါးဖမ်းလှေနှင့် ငါးဖမ်းသမားများကို လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

ဘင်္ဂလာဒေ့ခ်ျနိုင်ငံမှ ပင်လယ်ပြင်အတွင်း ငါးဖမ်းသမားများ အနေဖြင့် စစ်အုပ်စု၏ နစကနှင့် ရေတပ်ကို ပင်လယ်ဓါးပြများအဖြစ် ယုံကြည်နေကြသည်။
by VOICE OF GISSAPA
Blogger Widgets