You Are Here: Home - ကဗျာ - အမေရိကမှာ အမြင့် ပေ တသောင်းခွဲ က ခုန်းဆင်းရေ ပထမဆုံး အရှေ့ တောင်အာရှ မှ ရခိုင်ပြည်သား မောင်သိုက်မြတ်စိုးအား ဂုဏ်ပြုကဗျာ

အာဂနွယ်စိုင်မဟာရခိုင်


မွီးရေအမင်              ကျေးဇူးရှင်နာန့်
ဦးတင်ညွတ်တွား       ဖဘုရားရို့ 
ဂုဏ်ယူမဆုံး            ပိတိဖုံးသို့
နှလုံးစိတ်ဝမ်း           ပြည့်စုံလွှမ်း။.....

မဟာရခိုင်               ပြည်လုံးကြိုင်လို့
အာဂသတ္တိ                မျိုးရို့ ဟိရေ
မတထောင်ဖွါး           ရခိုင်သားဝေး
ပေတသောင်းခွဲ          ဝီဟင်ထဲက
ရက္ခဝံလက်              တောင်ပံယှက်သို့
လူငယ်ပီပီ                 ဇာမထီချင့်
အာရှတိုင်းလုံး            ကျော်စီမင်း။.......
သဲထိတ်ရင်ဖို ခုန်ပျံကျော်ကေ
အာရှတလွှား ဇာဏီသားလေ
စွန့်ပြခုန်ချ သူပြခရေ
နှောင်းလူရခိုင် မှတ်သားနိုင်ဖို့
တော်လှန်လူသား ရက္ခဖွါးရို့ 
သတိတရား ရစီသား။........

ပီတိမျက်ရည် မှင်ရည်ဖျော်လို့
ကမ္မည်းမော်ကွန်း တွင်လိုက်စမ်းလေ
သောင်းတိုက်ဝှန်းကျော် နာမပေါ်ရေ
အာဂရခိုင် ပြည်မဏ္ဍိုင်က
မဟာနွယ်မျိုး သိုက်မြတ်စိုးကို
ဦးညွတ်ခါခါ ဂုဏ်ပြုဘာရေ
အာရ်ကန်သတ္တိ ကမ္ဘာသိစီ
တိုင်းခွင်သာလို့ လွတ်စီသတည်း။...

စောပြည့်ညို(စစ်တွေ)4/8/2011
Tags: ကဗျာ
Blogger Widgets