You Are Here: Home - သတင်း - ရခိုင်စာ ရခိုင်စကား သင်နိုင်ဖို့  လွှတ်တော်မှာ တင်ပြဖို့  စိုင်းပြင်းနီ

ဇူလိုင်လ-၂၂- ရက်နိမှာ ဒုတိယအကြိမ် ပုံမှန် ပြည်သူ့ လွှတ်တော်စီးညီလာံ့ကို နေပြည်တော်မှာ ကျင်းပဖို့ အတွက် ရခိုင်တိုင်း ရင်းသားတိုးတက်ရီးပါတီက လွှတ်တော်ကိုယ်စားလှယ်တိ အားလုံး စုံစုံညီညီ ရောက်နီကတ်ဗျန်လို့  သတင်းရဟိပါရေ ။ ယင်းပိုင် ပုံမှန်လွှတ်တော်ညီလာခံမှာ အယင်တခေါက်က ဥပဒေမူကြမ်းအဖြိုက်အဖြစ် တင်သွင်းလို့  မရခစွာတိကိုလေး ဒေအခေါက်မှာ ထပ်ပနာကြိုးစားတင်ကတ်ဖို့ လို့ သိရပါရေ ။

ယင်းပိုင် ဥပဒေမူကြမ်းအဖြိုက် တင်ဖို့  စွာမှာ ရခိုင်ပြည်မှာ ရခိုင်စကား ရခိုင်စာပီရို့ ကို မူလတန်းအဆင့် ပညာသင်ကတ်ရီးမှာ သင်ကတ်ခွင့်ရအောင် တင်သွင်းဖို့ လို့  သိရပါရေ ။ ရခိုင်တိုင်းရင်းသားတိုးတက်ရီးပါတီကဥက္ကဌဖြိုက်သူ ဒေါက်တာအေးမောင် က ရခိုင်စာပီ သင်ကတ်ခွင့် ဥပဒေကို တင်သွင်းဖို့ လို့  မျှော်လင့်ရပါရေ ။ ယေဗြီးကေ အိန္ဒိယနိုင်ငံမှာ ဗုဒ္ဒဘာသာ ထွန်းကား ရီး အတွက် ကြိုးစားပီးခရေ ရခိုင်လူမျိုး ဆရာတော် အရှင်စန္ဒြမုနိ ရုပ်ထုတော်ကို စစ်တွေမြို့ မှာ ထားစရာနီရာမဟိ ၊ကိုးကွယ် ရှိခိုးနီ စရာ မြီမဟိ ဖြိုက်နီရေ အတွက် ဒေပိုင် ဗုဒ္ဒဘာသာ ထွန်းကားအောင် ပြန်လို့  လုပ်ခရေ ဆရာတော်အရှင်စန္ဒြမုနိ အတွက် မြီနီရာ ရဟိဖို့ ကို ရခိုင်တိုင်းရင်းသား တိုးတက်ရီးပါတီက စစ်တွေမြို့ နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ညို ကတင်သွင်းဖို့ လို့  မျှော်လင့်ရပါရေ ။

ရခိုင်လူမျိုး ဆရာတော် အရှင် စန္ဒြမုနိကြောင့်ရာ ဗုဒ္ဒဘာသာ ပြန်လို့  ထွန်းကားလာဗြီးကေ ဘုရားလောင်းဖွါးတော်မူရာ လုဗ္မဏီဥယဉ် မြတ်စွာဘုရားပရိနိဗ္မန် ပြုရေ ကုသိနာရုံ ၊ဓမ္မစကြာတရားဟောရေဗာရာဏသီ၊သဗ္မညုတညာဏ် တော်မြတ်ကို ရဟိရေ ဘုရားပွင့်တော်မူရာ ဗုဒ္ဒဂါယာရို့ မှာ ဆရာတော်ကြီးကြောင့် ပြန်လို့  စည်ပင်ထွန်းကား ခရေနီရာတိ ဖြိုက်ခစွာလို့  သတင်းသိရပါရေ ။ ယေဇူးနင့်လေး အခုအချိန်မှာ ရခိုင်လူမျိုးတိက အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ် မှာ နာလန္ဒာကျောင်း( တရုပ်ကျောင်း ) မှာ ရခိုင်လူမျိုးဆရာတော်နင့် ရခိုင်ရဟန်းတိ ၊ ဗုဒ္ဒဂါယာမှာ မဟာအောင်မြီ ကျောင်း ၊ ဗာရဏသီမှာ ရခိုင်ကျောင်း နင့် ကုသိနာရုံမှာ ရခိုင်ကျောင်းဆိုပနာ ရခိုင်ဆရာတော်ရို့ နင့် ရဟန်းသင်္ဃာရို့  သီတင်းသုံးနီ ကတ်စွာ အခုထက်ထိ စည်ကားပနာ ဟိနီပါရေ လို့  သတင်းသိရပါရေ ။

အခုအခါမှာ ရခိုင်ပြည်သူလူထုတိကလေး လွှတ်တော် ကိုယ်စား လှယ်တိကို ပြည်သူ့ ရင်ဖွင့်သံတိ ပို့ ပီးနီကတ်တေအတွက် အခုအချိန်မှာ လွှတ်တော်ကိုယ်စားလှယ် တိကလေး ပြည်သူတိ ခံစားချက်ကို လွှတ်တော်မှာ တင်ပြလာနိုင်ကတ်ပါရေ ။ အခုဆိုကေ ရခိုင်လူမျိုးတိ၏ လယ်ယာမြီတိကို သိမ်းပိုက်ခံနီရစွာနင့် ပါတ်သက်လို့  လယ်သိမ်းခံနီရရေ လယ်သမားတိက မတရားသိမ်းပိုက်ခံရရေ လယ်ယာမြီတိကို ပြန်လို့  ပီးဖို့  တောင်းဆိုစွာတိကို လွှတ်တော်ကိုယ်စားလှယ်တိက ဥပဒေမူကြမ်းအဖြိုက် တင်သွင်းဖို့ လေး ထပ်ပနာ ကြားသိရပါရေ ။ ယင်းပိုင်လယ်ယာမြီတိကို သိမ်းပိုက်ထားစွာမှာ နိုင်ငံတော်အဖြိုက် သိမ်းပိုက်ထားစွာတိ မဟုတ်ဘဲနင့် အဂတိလိုက်စားပနာ ကိုယ်ကျိုးရှာ သိမ်းပိုက်ထားကတ်တေမျိုး ဟိနီစွာလို့  သိရပါရေ ။

ဒေပိုင် ကိုယ်ကျိုးအတွက် စစ်တပ်ပိုင် လယ်ယာမြီတိကို သိမ်းပိုက်စွာနင့် ပတ်သက်လို့  ရှမ်းပြည်ဖက်မှာ တချို့ လယ်ယာမြီတိ ပြန်လို့  ရစွာတိ ဟိလာရေအတွက် ရခိုင်လယ်သမားတိကလေး ယင်းချင့်ကို ၀မ်းသာအားရဖြိုက်ပနာ အခုပိုင် လွှတ်တော်မှာ တင်ပြကတ်ဖို့ တောင်းဆိုကတ်တေလို့  သတင်းရဟိပါရေ ။ အခုလာဖို့  သြဂုတ်-၂၂- ရက်နိ ကျင်းပရေ ပုံမှန် ပြည်သူ့ လွှတ်တော်ညီလာခံမှာသိမ်းပိုက်ခံရရေရခိုင်ပြည်ကလယ်ယာမြီကို ပြန်လို့ ရဟိဖို့  တောင်းဆိုတင်ပြဖို့  လွှတ်တော်ကိုယ်စားလှယ်မှာ မင်းပြားမြို့ နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမောင်စောဖြူ ဖြိုက်လိမ့်မေလို့  မျှော်လင့် ရပါရေ ။
Blogger Widgets