You Are Here: Home - ဆောင်းပါး - ၁၉၆၇ သြဂုတ် ၁၃-ရက် စစ်တွေ ဆန်ပြဿနာ ၄၄-နှစ်မြောက်နိနန့် လက်ရှိရခိုင်ပြည်

ရခိုင်ရိုးမ။ ။ August 23, 2011
မြန်မာတပြည်လုံး ကိစ္စမဟုတ်ပါလို့ဆိုရေ အကြောင်းပြချက်နိန့် “သြဂုတ်လ ၁၃ ရက် စစ်တွေ ဆန်ပြဿနာနိန့်”အား တိုင်းရင်းသား အရေးကို အမြဲတမ်း ခေါက်ထား ဘေးဖယ်ထားလေ့ရှိရေ လူတိက အသိအမှတ် ပြုသည်ဖြစ်ဖြစ်၊ မပြုသည်ဖြစ်ဖြစ်၊ သမိုင်းတင်သည်ဖြစ်ဖြစ် မတင်သည် ဖြစ်ဖြစ် ရခိုင်ရို့ကတော့ခါ လုံးဝ မိဖျောက်ပလိုက်လို့ မရရေ နိန့်တနိန့် ဖြစ်သည်။ ဇာသူ အသိမှတ်ပြုပြု မပြုပြု ရခိုင်ရို့က အလေးနက်ထားပနာ မှတ်တမ်းတင်ထားရဖို့ ဖြစ်သည်။

ရခိုင်လူမျိုးသည် ကိုယ့်တိုင်း ကိုယ့်ပြည်နန့် နိန်ရေ ကာလတသျှောက်မှာ အမျိုးနန့်သီလကို စောင့်ထိမ်းခသည်ဖြစ်ဖြစ် မစောင့်ထိမ်းခသည်ဖြစ်ဖြစ် လွန်ခရေ ၄၄-နှစ် သြဂုတ်လ ၁၃ ရက်နိန့် ၀န်းကျင်က ဖြစ်ပျက်ခရေ အငတ်ဘေးဒဏ်ပြဿနာမျိုးကို ဇာရခိုင်သမိုင်း မှတ်တမ်းမှာလေ့ မရှိခဆိုစွာကို တယောက်လည်း ငြင်းလို့ မရပါ။




တိုင်းပြည်တပြည်ကို မတရားသောနည်းလမ်းနန့် ၀င်ရောက်တိုက်ခိုက် သိမ်းပိုက်ခရေ စစ်ဘုရင် တယောက် အနိန်နိန့် ယင်းသိမ်းပိုက်ခံရရေ တိုင်းပြည်ထဲ့က တန်ဘိုးရှိသမျှ အရာအားလုံးကို သိမ်းယူလားရေ ဆိုစော်ကိုတော့ခါ တကမ္ဘာလုံးက စစ်ဘုရင်တိ၏ လုပ်နည်း အတိုင်းဖြစ်ရေအတွက်နန့် ကျနော် စိချေလောက် နားလည်ပီးလို့ရပါရေ။

ယကေလည်း ကိုယ်ခံယူထားရေ ဘာသာ၏ အထွဋ် အမြတ်ထားရေ အသက်မရှိရေ ရုပ်ထုကိုတောင်မှ လေးပေါင်လေးလက် ဖျက်ပနာ ယုပ်မာခရေ စစ်ဘုရင်တယောက်၊ ယင်းဘာသာတရား၏ နှုတ်ခပတ်တော်တိကို မှတ်တမ်း တင်ထားရေ ကြီးပိဋကတ်တိနိန့် တခြား ပီစာ ပုရပိုက်စာတိကို အရည်ဖျော်လိုကဖျော် မီးတိုက်လိုက မီးတိုက်နန့် ယုတ်မာရက်စက်တေ စစ်ဘုရင်တယောက်၏ ဓါးမိုးအောက်မှာ ရခိုင်ပြည်သူတိ ဇာပိုင် အနိန်အထားနန့် ရှိခကတ်လီဖို့လည်းဆိုစွာကို တွေးကြည့်မိတိုင်း ကျနော် အကြီးအကျယ် တုန်လှုပ်မိပါသည်။

ယင်းစစ်ဘုရင် ဘိုးတော်မောင်ဝိုင်း၏ အနွယ်ဝင်လူတစုဖြစ်ခရေ ဗိုလ်နေ၀င်း အစိုးရဆိုစွာလဲ ဇာထူးခပါလို့လဲ…။ ဗိုလ်နေ၀င်း အာဏာသိမ်းရေ ဆိုခါလောက်ကပင် ပင်လုံစာချုပ်အပါအဝင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဆိုရေ သဘော၊ တိုင်းရင်းသားရို့၏ ကိုယ်ပိုင် လွတ်လပ်ခွင့်ဆိုရေ သဘောတိကို ပြောင်းပြန်လှန်ချင်လို့ အာဏာသိမ်းယူခရေ သဘော မဟုတ်ပါလား…။ ယင်းပိုင် ဆန္ဒဆိုးတိနန့် အုပ်ချုပ်ထားရေ စစ်ဝါဒီတယောက်၏ အာဏာစက်ဝိုင်းထဲမှာ လူလာဖြစ်ရရေ ရခိုင်တိအတွက် ရခိုင်ပြည် တိုးတက်ရေးဆိုစော်ရေ တစုံတရာ လုပ်ဆောင်ခွင့်မရခရေအပြင် ထမင်းငတ်ကိန်းနန့်ရာ ကြုံခကတ်လီရသည်။

ရခိုင်ပြည်သည် နယ်မြီအားဖြင့် လူဥူးရေ အလွန်အကျွမ်ထူထပ်သော နယ်မြီတခု မဟုတ်ပါ။ ဘင်္ဂလားပင်လယ်အော်နန့် မိုင်ပေါင်းမျာစွာ ထိစပ်နီသည်။ ရခိုင်ပြည်မှာ ရှိရေ စပါးစိုက်ခင်း လယ်မြေတိရေ ရခိုင်ပြည်သူတိအတွက် ဝမ်းစာရေးအတွက် ဖုံလုံရုံမက ပြည်ပပို့ကုန်အဖြစ်တောင် အကျိုးဖြစ်ထွန်းရေဆိုစွာ မြန်မာ တနိုင်ငံလုံးမက ကမ္ဘာကလဲ လက်ခံသည်။ ကုလားတန်မြစ်၊ လေးမြို့မြစ်၊ နတ်မြစ်၊ မယူမြစ် စရေ မြစ်ကြီးတိအပြင် တခြားမြစ်ကြီး မြစ်ငယ်ပေါင်း အမြောက်အများနိန့် စီးဆင်း ဆန်တက်နီပြီးကေ ရိုးမတောင် မေယုတောင် စသည်ဖြင့် တောင်တန်းကြီး ငယ်ရို့နိန့် ဖွဲ့စည်းထားသည်။ ရာသီဥတုအားဖြင့်လည်း နွီ၊ မိုး၊ ဆောင်းအားဖြင့် အားလုံးပြည့်စုံသည်။

ယင်းပိုင် အဖက်ဖက်က ပြည့်စုံယင့်သားနန့် လွန်ခရေ ၄၄ နှစ်ကာလ ၀န်းကျင်လောက်က ရခိုင်ပြည်သူတိ ဇာကြောင့် အငတ်ဘေးနိန့် ကြုံခရစွာပါလဲ…။ ရခိုင်ပြည်သူတိ ပျင်းလို့ အလုပ်မလုပ်ကတ်ဘဲ အိပ်နီကတ်လို့လား…။ တကယ်လို့ရာ ရခိုင်ပြည်သူတိ ပျင်းလို့ အလုပ်မလုပ်ပဲ အိပ်နီခကတ်ကေ ရခိုင်ဒေသက ဆန်စပါးတိကို နိုင်ငံခြားသို့ တင်ပို့လို့ ရနိုင်လောက်အောင်ထိ ထွက်နီခစရာအကြောင်း မရှိပါ။ ယင်းအငတ်ဘေးနိန့် ရင်ဆိုင်ရခြင်းသည် အားမနာတမ်းပြောရဖို့ဆိုကေ လူမျိုးရေးအရ အကွက်ကျကျ နှိမ်ထားခလို့ရာ ဖြစ်သည်။

ဆန္ဒပြရာမှာ လက်နက်မဲ့ ပြည်သူ သုံးရာကျော် သီဆုံးခကေလည်း ဇာသူက ပစ်သတ်တေ ဇာသူက အမိန့်ပီးခရေ ဆိုစွာကိုလည်း ဒေနိထက်တိုင် မဖေါ်ထုပ်ပါ။ ဖေါ်ထုပ်ဖို့ အတွက်လဲ ရခိုင်လူမျိုးတိမှအပ မည်သည့် လူ့အခွင့်ရေး အဖွဲ့ကလဲ မတောင်းဆိုဖူးသိမ့်ပါ။ မဖေါ်ထုပ်ရေအပြင် ဒေ အကြောင်းအရာတိကို လူတိဘားမှာ ပါးစဟလိုက်စွာနိန့် ဒီမိုကရေစီအရေးနိန့် လူ့အခွင့်ရေးကို လုပ်နီပါရေဆိုရေလူတိကတောင်မှ “ဟော….ရခိုင်တွေက သိပ်ပြီး အတ္တကြီးတာပဲ”လို့ ပြောရေလူကပြော “လက်တဆုပ်စာ အရေးကိုချည်း ကြည့်လို့မရဘူး၊ တနိုင်ငံလုံး အရေးကို ဦးစားပေးသင့်တယ် ကိုယ်လူမျိုးကိုချည်း သိနေရင် ဒီမိုကရေစီနဲ့ အလှမ်းဝေးသွားမယ်”လို့ ဆိုစွာတိကိုလည်း နားကြားမဆန့်အောင် ကြားရပါသည်။ ဒေပိုင် ဒီမိုကရေစီသ္မားတိရှိမှာ လက်သီးလက်မောင်း တကားကားနန့် ရခိုင့်နိုင်ငံရေးသ္မားတချို့ကိုမြင်ရလို့ ကျနော်မကြာမကြာ ဝမ်းနည်းမိပါသည်။

ရခိုင်ဆိုစွာ အတ္တ၀ါဒီသ္မားတိလား…၊ မြန်မာ့နိုင်ငံရေးမှာ ဘေးထွက်ပနာဂျေးယာ အလုပ်လုပ်တေ လူမျိုးလား…၊ အသျှောင်ခိုသ္မားတိဂျေးယာလား…ဆိုစွာကို လေ့လာဆန်းစစ်ဖို့လိုပါသည်။ တကယ်လို့ ရခိုင်တိအနိန်နန့် မိမိအမျိုးတခုတည်း အတွက်ရှာ အလုပ်လုပ်ခဖို့ဆိုကေ မြန်မာတနိုင်ငံလုံးမှာ ရခိုင်က အယင်လွတ်လပ်ရေး ရလီခဖို့ဆိုစွာကို ကျနော်ရဲရဲ ဝံ့ဝံ့ ပြေရဲပါသည်။ ဇာအတွက်ကြောင်းလဲဆိုကေ မြန်မာ့နိုင်ငံရေးကို ပဌမဆုံး မျက်စိဖွင့်ပီးခသူမှာ ရခိုင်လူမျိုး ဆရာတော် ဥူးဥတ္တမ ဖြစ်နိန်ခလို့ပါ။ ဆရာတော်သည် ကိုယ်ကျိုးအတွက် တခုကိုလဲမရယူခပါ။ နောက်ဆုံး ပျံလွန်တော်မူရေအချိန်မှာတောင် ခေါင်းချဖို့ နီရာချေတခုပင် မရှိခသည့်အပြင် ဆွမ်းငတ်ပနာ လမ်းဘေးမှာ နိဂုံးချုပ်ခရသည်။ ယင်းပိုင် မြန်မာ့နိုင်ငံရေးမှာ ရခိုင်တိက ကျိုးစွန့်ပနာ အလုပ်ခလို့လားတော့ မသိပါ။ ဒေဂနိအချိန်မှာတော့ “ရခိုင်တွေက သိပ်အတ္တကြီးတာပဲ၊ ကိုယ်လူမျိုးတခုတည်းကို သိကြတယ်”လို့ ကျေးဇူးတင်စကား အလှပလှချေတိကို ကြားနိန်ရပါဗျာယ်။

တိုင်းပြည်ကို တသွီးတည်း တသားတည်း ကျစီချင်ကေ သို့တည်းမဟုတ် ပြည်ထောင်စု အစစ်အမှန်ဖြစ်စီချင်ကေ စစ်အုပ်စုအနိန်နန့် ပြည်သူလုထုကို သွီးခွဲဆက်ဆံရေးကို စွန့်လွတ်ရပါလိမ့်မေ။ တန်းတူအခွင့်အရေးကို ဖော်ဆောင်ရပါလိမ့်မေ။

ပါးစကရာ ပြောနိန်ပြီးကေ တိုင်းရင်းသားဒေသတိမှာ လားပနာ ကောင်းကျိုးတစုံတရာကို မလုပ်ဘဲ မုဒိန်းကျင့်ခြင်းသည် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအလုပ် မဟုတ်ပါ။ ရရာပစ္စည်းတိကို လုယူခြင်းသည် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအလုပ် မဟုတ်ပါ။ ဌာနဆိုင်ရာ အသီးသီးမှာ ထိပ်ပိုင်း နီရာတိကို ယူခြင်းသည် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအလုပ် မဟုတ်ပါ။ လာဘ်စားခြင်းနန့် ပြည်သူလုထု မျက်ရည်စာတိကို အရသာရှိရှိ စားနီခြင်းသည် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအလုပ် မဟုတ်ပါ။

ဒေဂနိ ယင်းအရေးအခြင်း၏ ၄၄ နှစ်မြောက်တာကာလတိုင်အောင် ရောက်လာကေလေ့ အပြောင်းအလဲ တစုံတရာ မဟိဘဲ ရခိုင်ပြည်သူဘဝမှာ ပိုလို့ပင် ဆိုးရွားလာသည်ကို တွိနီရသည်။ လယ်ယာမြီ ရှိနီယင့်သားနန့် လယ်ယာမြီအတွက် ရင်းနှီးမြုတ်နှံမှု မပြုနိုင်၊ မြစ်ချောင်းတိ ပေါများပါယင့်သားနန့် ယင်းမြစ်ချောင်းတိမှာ ပြည်သူတိ ရှာဖွီစားသောက်ခွင့်မဟိပါ။

၃၀၊ ၇၊ ၂၀၁၁ ရက်နိက ကျောက်တော်မြို့နယ်မှာ အသက် ၅၃ နှစ် အရွယ် လူတယောက် ကိုယ့်ကိုကိုယ် ကြိုးတွဲချ သတ်သီလားရေလို့ နေရိဉ္ဖရာ သတင်းတပုဒ်မှာ ဖတ်လိုက်ရသည်။ ယင်းအပြင် လွန်ခရေ တပတ်လောက်ကလည်း ဂီရီမုန်တိုင်သင့်ခံရရေ ဒေသတိမှာ ထမင်းငတ်နီရေ ပြည်သူတိရှိနိန်ဗျလ်လို့ ကြားလိုက် ဖတ်လိုက်ရသည်။ ဒေချင့်စွာ ပြယုဂ်တခု နှစ်ခု လောက်ရာရှိပါသိမ့်ရေ။ ဒေပိုင်ကိုယ့်ကိုကိုယ် သတ်သီမှုတိ စားစရာ သောက်စရာ ပြတ်လပ်နီကတ်တေ ရခိုင်ပြည်သူတိ ဇာလောက် ဇာလောက် ရှိလီကတ်ပါဖို့လဲ။ ကောင်းကောင်း ဝမ်းနည်းဖို့ ကောင်းပါရေ။

လူဆိုစွာ ကိုယ့်အသက်သီဖို့စွာကို ဇာလောက်ကြောက်တေလဲဆိုစွာ အားလုံးသိပြီးသားပါ။ ယင်းပိုင် သီဖို့စွာကို ကြောက်ယင်းသားနန့် အငတ်ဘေးဒဏ်ကို မခံနိုင်လို့ ကိုယ့်ကိုကိုယ်တောင် သတ်သီရဲရေ အဆင့်ကို ရောက်နီကတ်ဗျာလ်ဆိုကေ ရခိုင်ပြည်သူတိ၏ စီးပွါးရေး၊ ပညာရေး၊ ဘာသာရေးနန့် လူနီမှု အဆင့်တန်း ဇာအနိန်အထားကို ရောက်နီကတ်ဗျာယ်လဲဆိုစွာကို သိနိုင်ပါသည်။

ယင်းအပြင် ကမ္ဘာ့ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် (UNDP) ဌာနနန့် အမျိုးသားစီမံကိန်းနန့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု ဝန်ကြီးဌာနရို့က ပူးပေါင်းပြီးကေ အိမ်ထောင်စုတိ၏ စားဝတ်နီထိုင်ရေး ခြေအနေ ဘက်စုံ လေ့လာမှု စစ်တမ်းအရဆိုကေ ရခိုင်ပြည်ဆိုစွာ မြန်မာ တနိုင်ငံလုံးမှာ အဆင်းရဲဆုံး ဒုတိယဆုကို ပိုင်ဆိုင်ထားသည်။ ပြည်သူတိအနိန်နန့် ဇာလောက်ထိ ဆင်းရဲဒဏ်ကို ခံနီကတ်ရလည်းဆိုကေ ဒေသတင်း အချက်အလက်တိက ပြသနီပါသည်။

ဒေဂနိ ပြည်ပမှာ လာပနာ ရခိုင်တိ ကျွန်လာခံနီကတ်စွာရေ ပျော်ကြီးကျလို့ မဟုတ်ပါ။ နိုင်ငံရေးမှာ ပါဝင်လှုပ်သျှားနီကတ်တေ လူတချို့ဆိုစွာလည်း ဗမာလူမျိုးတိနန့် အစိုးရကို မုန်းတီးလို့ မဟုတ်ပါ။ ဆင်းရဲနွမ်းပါလို့ ပြည်ပမှာ လာပြီးကေ အလုပ်လုပ်နီစွာ ဖြစ်တေပိုင် မွီးရပါ အခွင့်အရေးတိ ဆုံးရှုံးနီလို့ရာ မိသားစုကိုပစ် တိုင်းပြည်ကို စွန့်ပစ်ပြီးကေ အဆင်းရဲခံပနာ ကျင်လည်နီကတ်ရစွာ ဖြစ်သည်။

အမှန်ရာ မဟာဗမာလူမျိုးကြီးဝါဒကို လက်ကိုင်ထားရေ လူတစုက လွန်ခရေ နှစ်ပေါင်း ခြောက်ဆယ်ကျော် ကာလကပင် သဘောထားမှန်ခကတ်ဖို့ ဆိုပါကေ ဒေဂနိရင်ဆိုင်နိန်ကတ်ရရေ ရခိုင်ပြည်သူတိရာမဟုတ် တခြားလူမျိုးတိလည်း ဒေပိုင် ဝမ်းနည်းဖွယ်ရာ ဖြေရှင်းလို့ မရနိုင်လောက်တေ ပြဿနာ သောင်းခြောက်ထောင်တိ ဖြစ်လာစရာ အကြောင်း မဟိပါ။

လွန်ခရေ ဇူလိုင်လ ၂၉ ရက်နိက အရပ်သား အစိုးရ အရီခြုံ စစ်အာဏာရှင်တယောက်ဖြစ်တေ သမ္မတ ဦးသိန်းစိန်က ရခိုင်ပြည်နယ် စစ်တွေမြို့ ပြည်နယ်အစိုးရရုံး အစည်းအဝေး အခမ်းအနားနန့် သူရောက်ခရေ ရခိုင်ပြည် နီရာအနှံ့ အပြားတိမှာ “ကျဉ်းမြေင်းရေ ဒေသစွဲ လူမျိုးစွဲ မထားကေ့” ဆိုပနာ ပြောခရေလို့ သိလိုက်ရပါရေ။ ယင်ပိုင် ပြောကြားခရုံနန့် မပြီး။ စစ်အုပ်စု၏ ဝါဒဖြန့်သတင်းစာတိဖြစ်တေ မြန်မာ့အလင်း ကြေးမှုံစရေ သတင်းစာတိမှာလည်း စားလုံးအကြီးသန်လုပ်ပနာ ဖော်ပြလိုက်ပါသိမ့်ရေ။

ရခိုင်သားတိ ပြောနီဂျ စကားပုံချေ တခုနန့် ခရိုင်းရိုင်း ပြောရဖို့ဆိုပါကေ ချီးစိုက်သူထက် မြင်သူက ရှက်ဖို့တောင် ကောင်းပါရေကားယေ။ သူပြောခရေ အတိုင်းဆိုကေ ရခိုင်တိက ကိုယ့်ဒေသ ကိုယ့်ယှိဉ်ကျေးမှု တိုးတက်ရာ တိုးတက်ကြောင်းတိကို တခုကိုလေ့ မလုပ်ကေ့ ရခိုင်ပြည်က ထွက်သမျှ သယံဇာတတိနန့် အကောက် အခွန်ဟူသမျှကို ငါရို့ယူမေ။ တကယ်လို့ လုပ်လာလို့ရှိခကေတော့ ဆရာကြီးဥူးဥူးသာထွန်းရို့ကိုပိုင် အပြတ်စီရင်မေ။ ဦးပညာစာရကိုပိုင် ထောင်ချပလိုက်မေ ဆိုရေ သဘောအတိုင်းပင် ဖြစ်နိန်ပါသည်။

ရခိုင်ပြည်မှာ ပြည်တွင်းစစ်ကင်းမဲ့နီခစွာ နှစ်ပေါင်း ၃၀ ၀န်းကျင်ရှိခပါဗျလ်။ ယင်းကာလအတိုးအတွင်းမှာ ရခိုင်ပြည်မှာ စီးပွါးရေးအရ ခိုင်ခိုင်မာမာ မတည်ဆောက်နိုင်ခစွာရေ ရခိုင်တိ လူမျိုးစွဲကြောင်းလား စစ်အုပ်စု၏ ဖိနှိပ်ထားမှုကြောင်းလားဆိုစွာကို မဟာလူမျိုးကြီးဝါဒရှင်တိ သိစီလိုပါသည်။ ရခိုင်ပြည်က ထွက်ရှိရေ ဓါတ်ငွေ့စရေ သယံဇာတိက အမေရိကန် ဒေါ်လာ ဘီလျှံနန့်ချီပြီးကေ ရရှိနီပါလျှက် ဇာဖြစ်လို့ ရခိုင်ပြည်သည် မြန်မာ တနိုင်ငံလုံးမှာ ဒုတိယ အဆင်ရဲဆုံးနီရာကို ရောက်လားရပါရေလဲ…။ ရခိုင်ပြည်က ဓါတ်ငွေ့တိ နိုင်ငံခြားကိုတင်ပို့ရလောက်အောင် ထွက်ရှိနီကေလေ့ ရခိုင်ပြည်မှာ ဇာဖြစ်လို့ မီးမရစွာလေး…။

ဒေပိုင် လူမျိုစွဲ မထားကေ့လို့ လာပြောခြင်းမှာ ကိုယ့်ရို့ အမှားကို သူများမှားနိန် သလိုလိုနန့် လာပြောခြင်းပင်ဖြစ်သည်။ နဂိုကပင် လုံးဝ မရှိရေ အရှက် အိနြေ္ဒတိကို သမ္မတ ဦးသိန်းစိန် လာရောက်ပြသရာကျနီရေလို့ ကျနော် သုံးသပ်မိသည်။
မဟာလူမျိုးကြီးဝါဒအရ ရခိုင်လူမျိုးကို နှိမ်ထားရေဆိုစွာကို ကျနော်အနိန်နန့် အထောက်ထားမဲ့ ပြောစွာမဟုတ်ပါ။ အနီးစပ်ဆုံး အပေါ်လွင်ဆုံး ဖြစ်ရပ်တခု နှစ်ခုလောက်ကို တင်ပြရဖို့ဆိုကေ (၁၄. ၅. ၂၀၁၁) နိန့်က ပြည်ထဲရေး ၀န်ကြီးဟောင်း ဦးမောင်ဦး ပေါက်တောမြို့ မြို့မိမြို့ဖတိနန့် လွှတ်တော်ကိုယ်စားလှယ်တိကို ခေါ်ယူတွိ့ဆုံခရေခါ ဇာတိပြောခပါရေလဲ…။ (အပြည့်အစုံကို ဒေနီရာ narinjara နိန့် mizzima ဒေနိန့်ရာတိမှာ လားကြည့်ပါရန်)။ ဒေ ဦးမောင်ဦးဆိုစွာ စစ်အုပ်စု၏ အရေးပါ အရာရောက်တေ လူတယောက်ဖြစ်တေ အတွက်နန့် တိုင်းရင်သား စည်းလုံးညီညွတ်ရေးလို့ ဇာလောက်ပင်ဟောင်နိန်စီကာမူ ဦးမောင်ဦး၏ ပြေစကားတိက မဟာလူမျိုကြီး ဝါဒ၏ သရုပ်မှန်တိကို တိုက်ရိုက်ညွန်ပြနီသည်ကို တွိရသည်။

နောက်တချက် အနီးစပ်ဆုံး တခုမှာ သမိုင်းသုတေသီ ဆရာတော် ဦးပညာစာရ၏ ဖြစ်ရပ်ကို သုံးသပ်ပြလိုပါသည်။ စစ်အစိုး၏ အလိုအရ ဆရာတော်သည် ပြစ်မှုတစုံတရာရှိရေလို့ ပြောချင်ကေလဲပြောပါဖိ။ ဆရာတော်မှာ ပြစ်မှုရှိစွာနန့် ဆရာတော် အနှိုက်နှိုက် အလလ ရှာဖွီစုဆောင်းထားရေ မှတ်တမ်းမှတ်ရာတိကို ဗမာပြည်သို့ ယူလားစရာအကြောင်း မဟိန့်ပါ။ ယင်းနည်းတူ ဆရာတော် စောင့်ရှောက်ထားရေ အချေ ၁၀၀ ၀န်းကျင်ကိုလည်း ဗမာပြည်ကို ခေါ်ယူလာစရာ အကြောင်းမဟိန့်ပါ။ ရခိုင်သမိုင်းတိကို ဗမာပြည်သို့ ယူလားရလောက်အောင် ရခိုင်လူမျိုးတိ ကမ္ဘာမှာ မျိုးမတုန်းသိမ့်ရေပိုင် အချေ ၁၀၀ ၀န်းကျင်လောက်ကိုလဲ စစ်တွေမြို့က မြို့မိမြို့ဖတိအနိန်နန့် ကျေးမွေးနိုင်ပါသည်။
ကျနော် နောက်ဆုံးအနိန်နန့် တင်ပြချင်စွာက ဗမာခေါင်းဆောင်တိရေ ရခိုင်ပြည် ကြီးပွါးရေးအတွက် အယင့်အယင်ကလဲ တခါလဲ မလုပ်ခရေပိုင် ဒေဂုလက်ရှိအချိန်မှာလဲ ကောင်းကျိုးအတွက် လုပ်ဆောင်ချက်ဆိုလို့ ကိုင်ပြစရာ တခုလဲ မရှိပါ။ နောက်နောင်လည်း လုပ်လိမ့်မေ မဟုတ်ပါ။

ယင်းကြောင်း ဒေဂနိ ရခိုင်ပြည်သူတိ ဒုက္ခခံစားနီကတ်ရရေ အကြောင်းနှစ်ချက်မှာ တဖက်က မဟာလူမျိုးကြီးဝါဒရှင်တိ လူမျိုးရေးအရ အကွက်ကျကျ ဖိနှိပ်ထားလို့ ခံစားနီကတ်ရစွာ ဖြစ်တေပိုင် တဖက်မှာ ရခိုင်ဂေါင်းဆောင်တိ ကိုယ့်တိုင်းပြည်ကို ပြန်ပနာ အရမယူနိုင်ကတ်သိမ့်လို့ သို့တည်းမဟုတ် မိမိရို့ ကံကြမ္မာကို မိမိရို့ကိုယ်တိုင် ဖန်တီးခွင့်မရသိမ့်လို့ ဒုက္ခခံစားနီကတ်ရခြင်း ဖြစ်သည်။

ယကေ ရှိကရခိုင့်ဂေါင်းဆောင်တိ၏ အားနည်းချက် အဖုံဖုံကြောင့် လက်ရှိအချိန်မှာတောင် ဒေပိုင်အနိန်အထားနန့် ကြုံတွိ့နိန်ကတ်ရကေ အသက် ၂၀ ကျော် ကျနော်ရို့နောက်ကွယ်မှာ လူလာဖြစ်ဖို့ အနာဂတ် ရခိုင်လူမျိုးတိ၏ ကြုံတွိလာရဖို့ ကံကြမ္မာတိကို စိုင်းစားယင်း ကျနော့်၏ တင်ပြချက်ကို နိဂုံးချုပ်လိုက်ရပါသည်။


Blogger Widgets