You Are Here: Home - ဆောင်းပါး - ၀ါတွင်းကာလနန့် ရခိုင်ဓလိ ရခိုင်အငွိ

ရခိုင်ရိုးမ။ ။ August 23, 2011 ရွှေမျိုး-တင်ပြသည်

“မှတ်သားမြဲသို၊ ၀ါဆိုကရကဋ်၊ နေခြည်ပတ်က၊ စိတြနှင့်၊ ဒေ၀နတ်စက်၊ ပုန်းညက်ပွင့်မြဲ၊ ပဉ္စင်းပွဲလျှင်၊ သဲသဲသိမ့်အောင်၊ သန်ခေါင်ချိန်မှန်၊ ပြုဗ္ဗာသာ၌၊ ဆဒ္ဒန်တာရာ၊ ရုပ်ဝါထူးချွန်၊ လယ်ပုစွန်ဟု၊ ရိပ်မှန်ဖ၀ါး၊ သုညားတွက်ကြုံး၊ နာရီဆုံးရှင့်၊ နေ့သုံးဆယ့်ခြောက်၊ ညရောက်စောဝီ၊ ရင့်ကျူးချီ၏ ။”

အထက်က ရတုမှာ မြောက်ဦးခေတ် ရခိုင်စာဆို ပညာဟိသုခမိန်အမတ်ကြီး မဟာပညာကျော် (အေဒီ- ၈၇၀ ခန့်မှ အေဒီ- ၉၆၀ ခန့်)၏ တစ်ဆယ့်နှစ်လရာသီရတုမှ ၀ါဆိုလကိုဖွဲ့ဆိုထားစွာ ဖြစ်ပါသည်။

အမတ်ကြီးမဟာပညာကျော်ရေ ရခိုင်ရို့ဝါတွင်းကာလ၏ အ၀င်လဖြစ်တေ ၀ါဆိုလကိုဖွဲ့ဆိုရာမှာ ရာသီမှာ ကရကဋ်ရာသီဖြစ်ကြောင်း၊ ရာသီရုပ်မှာ လယ်ပုစွန်ဖြစ်ကြောင်း ၊ ရာသီပန်းမှာ ပုန်းညက်ပန်းနန့် ရာသီပွဲမှာ ပဉ္စင်းခံပွဲဖြစ်ကြောင်း ဖွဲ့ဆိုထားပုံတိမှာ ပီပြင်လှပါသည်။

ဝါဆိုလမှာ ဗုဒ္ဓမြတ်စွာဘုရားပညတ်တော်မူခရေ ၀ါတွင်းကာလ၏ ပထမဦးဆုံးဝင်ရောက်တေလဖြစ်သည်။ ထေရ၀ါဒဗုဒ္ဓဘာသာဝင်ရခိုင်လူမျိုးတိသည် ဗုဒ္ဓ၏ ထူးခြားရေ နိတိကို အလီးအမြတ်ထားလိဟိပြီးကေ ၀ါဆိုပြည့်နိကိုလည်း “ဓမ္မကြာနိ”အဖြစ် သတ်မှတ်ထားကတ်ပါသည်။ ၀ါဆိုလပြည့်နိသည် မိမိရို့အတွက် ထူးခြားရေ နိထူး နိမြတ်လည်း ဖြစ်ပါသည်။ ဇာအတွက်ကြောင့်လဲလို့ဆိုရကေ…

၁။ ဘုရားလောင်းတော် သန္တုသိတနတ်သားသည် တုသိတာနတ်ပြည်မှ စုတေပြီးကေ ကပိလ၀တ်ပြည်ဘုရင် သုဒ္ဓေါဒနမင်းကြီး၏ မိဖုရား မဟာမာယာဒေ၀ီ၏ ၀မ်းကြာတိုက်မှာ မဟာသက္ကရာဇ် ၆၇ ခု၊ ၀ါဆိုလပြည့်နိမှာ ပဋိသန္ဓေတည်တော်မူခြင်း၊

၂။ မြတ်စွာဘုရား အလောင်းတော်ရေ မဟာသက္ကရာဇ် ၉၇ ခု၊ ၀ါဆိုလပြည့်နိညဥ့် သိုင်ခေါင်မှာ ကဏ္ဍကမြင်းကိုစီးလျက် ဆန္ဒအမတ်နန့်အတူ တောထွက်တော်မူခြင်း၊

၃။ ဗုဒ္ဓမြတ်စွာ ဘုရားသျှင်သည် မဟာသက္ကရာဇ် ၁၀၃ ၀ါဆိုလပြည့်နိမှာ ပဉ္စ၀ဂ္ဂီငါးဦးဖြစ်တေ ကောဏ္ဍည၊ ၀ပ္ပ၊ ဘဒ္ဒိယ၊ မဟာနာမ်၊ အဿဇိ ရို့အား မိဂဒါဝုန်တော၌ ပထမဦးဆုံး တရားဦးဓမ္မစကြာဒေသနာတော်ကို ဟောကြားတော်မူခြင်း၊ စရေအချက်တိကြောင့်ပင် ဖြစ်ပါသည်။

ယင်းအပြင် ၀ါဆိုလပြည့်နိသည် မြတ်စွာဘုရားသျှင် ရီမီးအစုံစုံတိနန့် တန်းခိုးပြာဋိဟာကို ပြတော်မူရေနိ၊ ဘုရားအဖြစ် ၀န်ခံတော်မူရေနိ၊ တရားရတနာစတင်ပေါ်ပေါက်ရေနိ၊ “ဧဟိဘိက္ခူ” ဆိုရေစကားကို စတင်ကြားရရေနိတိလည်းဖြစ်ပါသည်။ ယင်းပိုင်အကြောင်းတိကြောင့် မိမိရို. ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုးတိမှာ မြတ်စွာဘုရား၏ ၀ါဆိုလပြည့်နိနန့် ၀ါတွင်းကာလတိကို ပိုအလီးထားကတ်ခြင်းဖြစ်ပါသည်။

ဗုဒ္ဓမြတ်စွာဘုရားသျှင်သည် ရဟန်းတော်တိ၏ သိက္ခာပုဒ်တိကို ပညတ်ရာ၌ အကြောင်းတစ်စုံတစ်ရာ မပေါ်ပေါက်ဘဲနန့် ပညတ်တော်မမူခပါ။ သိက္ခာပုဒ်တော်တစ်ခုစီကို အကြောင်းတစ်စုံတစ်ရာပေါ်ပေါက်လာမှသာလျှင် ပညတ်တော်မူခခြင်း ဖြစ်ပါသည်။

ဗုဒ္ဓမြတ်စွာဘုရားသျှင်သည် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်ကြီး၌ သီတင်းသုံးတော်မူချိန်က ဖြစ်ပါသည်။ ယင်းအချိန်မှာ မြတ်စွာဘုရားရေ ရဟန်းတော်တိအား ၀ါဆိုဝါကပ်ပြုရန် မပညတ်ရသီးရေကာလဖြစ်တေ အတွက် ရဟန်းတော်တိမှာ နီပူမရှောင် မိုးရွာမရှောင် သုံးရာသီပတ်လုံး နီရာအနှံ့ ခရီးလားလာလျက် ဟိကြသည်။

မိုးရာသီ၌ ဆည်ဖို့ထားရေ ကန်သင်းတိ၊ ကောက်ပဲသီးနှံစိုက်ပျိုးထားရေ လယ်ကွင်းတိကို ဖြတ်လျှောက်လားလာ ကတ်တေအတွက် လူတိမှာ စိုက်ခင်းတိ ပျက်စီးနစ်နာမှုတိ ကြုံလာရရေအတွက် တိတ္ထိတိမှာတောင် မိုးတွင်း ကာလ၌ မိုးခိုမှု၊ ၀ါဆိုမှုတိပြုကတ်သည်၊ ငှက်ချေတိမှာလည်း မိုးရာသီ၌ အသိုက်တိ ဆောက်လုပ်ပနာ မိုးခိုမှု ပြုကတ်သီးရေ၊

သို့သော် အေရဟန်းတော်တိမှာ မိုးတွင်းကာလ၌ ဇာအတွက်ကြောင့် စိမ်းစိုရေ မြက်သစ်ပင်တိကို နင်းဖြတ်ပြီးကေ လားလာနီရစွာလဲ ဆိုပနာ ကဲ့ရဲ့ ရှုပ်ချရေ စကားတိကို ဆိုလာကြသည်။

ယင်းပိုင် ကဲ့ရဲ့ရှုပ်ချရေစကားတိကို ရဟန်းတော်တိက မြတ်စွာဘုရားအား လျှောက်တင်ကြသည်။ ယင်းခါ မြတ်စွာဘုရားက “အနုဇာနာမိ ဘိက္ခဝေ ၀ဿံ ဥပဂန္တုံ ”လို.မိန့်တော်မူသည်။ အဓိပ္ပါယ်မှာ ရဟန်းတော်တိအား မိုးတွင်းကာလ၌ ၀ါဆိုဝါကပ် ပြုကတ်ရမည်ဖြစ်ကြောင်း ပညတ်တော်မူခခြင်းဖြစ်ပါသည်။

မြတ်စွာဘုရားသျှင်သည် ရဟန်းတော်တိအား ၀ါဆိုဝါကပ်မှုပြုဖို့အတွက် ပုရိမ၀ါကပ်ခြင်းနန့် ပစ္ဆိမ၀ါကပ်ခြင်းနှစ်မျိုးကို ခွင့်ပြုတော်မူခပါသည်။ ၀ါဆိုလပြည့်ကျော်တစ်ရက်နိ၌ ၀ါကပ်ခြင်းမှာ ပုရိမ၀ါကပ်ခြင်းဖြစ်ပြီး ၀ါကျွတ်လပြည့်ကျော် တစ်ရက်နိမှာ ၀ါကျွတ်ကြရသည်။ ယင်းရဟန်းတော်တိမှာ ကထိန်ခင်းခွင့်၊ ကထိန်အလှုခ့ခွင့်ကိုရဟိကြသည်။

ယင်းနည်းတူ အကြောင်းအမျိုးမျိုးကြောင့် ၀ါဆိုလပြည့်ကျော်တစ်ရက်နိမှာ ၀ါကပ်ခွင့်မရလိုက်တေ ရဟန်းတော်တိမှာ ၀ါခေါင်လပြည့်ကျော် တစ်ရက်နိ၌ ၀ါကပ်ခွင့်ရကြပါသည်။

ယင်းချင့်ကို ပစ္ဆိမ၀ါကပ်ခြင်းလို့ခေါ်ပြီး ယင်းရဟန်းတော်တိမှာ တန်ဆောင်မုန်းလပြည့်ကျော်တစ်ရက်နိ၌ ၀ါကျွတ်ကတ်ရသည်။ အဆိုပါရဟန်းတော်တိမှာ ကထိန်အလှူခံခွင့်ကို မရဟိတော့ပေ။

ရဟန်းတော်တိသည် ဘုရားသျှင်ခွင့်ပြုခရေ ၀ါကပ်ခြင်းတိအား နှစ်စိုင်ပြုလုပ်ကတ်ရပြီး ၀ါမဆိုခကေ ဒုက္ကဋ်အာပတ်သင့်ရေပိုင် ၀ါကျိုးရေရဟန်းတိသည်လည်း ဒုက္ကဋ်အာပတ်သင့်ကြောင်း ရဟန်းတော်တိ၏ ၀ိနည်းတော်တိမှာ ပြဆိုထားပါသည်။

ရခိုင်ပြည်၌ ရဟန်းသံဃာတော်တိ ၀ါဆိုလ၌ ၀ါဆိုဝါကပ်မှု ပြုလုပ်လာကတ်စွာသည် တတိယဓည၀တီခေတ် (ဘီစီ-၅၈၀ မှ အေဒီ-၃၂၆ ထိ) သာသနာသက္ကရာဇ်-၂၃၆ ခုနှစ်၊ သူရိယစက္ကမင်းလက်ထက်မှ စတင်ခရေလို့ သမိုင်းမှတ်တမ်းတိအရ သိရပါသည်။

ယင်းအပြင် ရခိုင်ပြည်၌ ထီးနန်းစိုက် အုပ်ချုပ်ခကတ်တေ ရှိရခိုင် မင်းအဆက်ဆက်မှာလည်း ၀ါဆိုလပြည့်နိနန့် ၀ါတွင်းကာလတိမှာ ၀ါဆိုသင်္ကန်းကပ်လှူပွဲတိ၊ ပဉ္စင်းခံပွဲတိ၊ အလှူပွဲကြီးတိကို စိုင်ဆက်မပြတ်ကျင်းပပြုလုပ် ခကတ်တေလို့ သိရပါသည်။

မြောက်ဦးခေတ် ဘုရင်မင်းရာဇာကြီး (အေဒီ-၁၅၉၃ မှ ၁၆၁၂ ထိ)ရေ ဒသရာဇာမင်းကောင်းမှုတော် မဟာမုနိသိမ်တော်အား အသစ်ထပ်မံဆောက်လုပ်၍ ရခိုင့်နိုင်ငံတော်အတွင်းဟိ ရဟန်းသံဃာတော်တိအား ပင့်ဖိတ်ကာ ပဉ္စင်းအပါး တစ်သောင်း ခံတော်မူခရေလို့ ဆိုပါသည်။

အေနိမျက်မှောက်ခေတ် ရခိုင်ပြည်အတွင်း၌ ၀ါဆိုလပြည့်နိ၌ ပဉ္စင်းခံပွဲပြုလုပ်တေ ဓလိမှာလုံးဝ ပျောက်ကွယ်လားသီးစွာ မဟုတ်ကေလည်း အတွိရနည်းလာရေ ဓလိတစ်ခု ဖြစ်လာပါသည်။

ယေဒါလည်း ၀ါဦးလပြည့်နိမှာ ၀ါဆိုပန်းကပ်လှူခြင်း၊ သက်ကြီးရွယ်အို လူကြီးလူငယ်မကျန် နီးစပ်ရာ ဘုရားကျောင်းကန်တိကို လားရောက်ပြီးကေ ဥပုသ်သီလဆောက်တည်ခြင်း၊ အလှူသျှင်တိက မုန့်ပဲသရေစာတိ၊ ဆွမ်းတိ ထမင်းရည်ချောင်းစီး ကျွေးမွေး လှူဒါန်းခြင်းတိမှာ ရခိုင်လူမျိုးရို့၏ ပျောက်ကွယ်မလားနိုင်ရေ မွန်မြတ်တေ ဓလိတိပင် ဖြစ်ပါသည်။

ယင်းအပြင် မြတ်ဗုဒ္ဓ၏ ၀ါတွင်းကာလ တစ်ခုလုံးမှာလည်း ဥပုသ်နိတိုင်း လူကြီးလူငယ်မကျန် မိမိရို့ကိုးကွယ်ရေ ဘုရားကျောင်းကန်တိကို လားရောက်ပြီးကေ ဥပုသ်သီလဆောက်တည်ခြင်း၊ တရားဘာဝနာ ပွားများခြင်းအမှုတိကို ပြုလုပ်ကတ်မြဲ ဖြစ်ပါသည်။

မိဖ အဖိုး အဘောင်တိက မိမိရို့၏ သားသမီး မြီး မြစ်တိကို ၀ါတွင်းကာလတိမှာ အချေကပင် ဘုရား တရားကို ရိုသေ ကိုင်းရှိုင်းလာစီအောင်၊ ကုသိုလ်ကောင်းမှု ဘာဝနာအသိရို့ စွဲထင်လာအောင် ဥပုသ်နိ ရောက်တိုင်း ဘုရား ကျောင်းကန်တိသို့ လက်ဆင့်ကမ်း ခေါ်ယူလားကတ်သည်။

မိမိရို့ ရခိုင်လူမျိုးတိရေ ၀ါတွင်းကာလ တစ်ခုလုံးကို အခါကြီး နိကြီး ကာလတစ်ခုအဖြစ် သတ်မှတ်ထားကတ်ပြီး ၀ါတွင်းကာလသို့ ရောက်ဟိလာတိုင်း တစ်နှစ်ပတ်လုံး အရက်စွဲနီရေ အရက်သမားတိပင် ၀ါတွင်းကာလ အရက်ဖ်ြတ်ခြင်း၊ ကောင်းမှု ကုသိုလ်တိပြုလုပ်ခြင်း၊ ယင်းအပြင် ဇာသူပင်မဆို ၀ါတွင်းကာလ ဥပုသ်နိကိုရောက်တိုင်း သူ့အသက်သတ်ခြင်း အလိကို ရှောင်ရှားလိ ဟိကတ်သည်။

ရခိုင်ကျေးလက်ဒေသတိ၌ ၀ါတွင်းကာလဥပုသ်နိ ရောက်တိုင်း မိမိရို့၏ လယ်လုပ်ငန်းတိကို တစ်ရက်နားထားပြီး အိမ်တိုင်း အိမ်တိုင်း၌ မုန့်တစ်ခုခုစီ ချက်လုပ်ပြီးကေ ဘုန်ကြီးကျောင်းကို လားရောက်လှူဒါန်းခြင်း၊ မိမိရို့၏ ဆွီမျိုးတိနန့် အိမ်နီးပါးချင်းတိကို ၀ီငှ ကျွေးမွေးခြင်း၊ မတတ်နိုင်သူတိပင် ရွာဦးကျောင်းမှာ ဆွမ်းချေတစ်ပွဲဖြစ်စီ လားရောက် ဆက်ကပ် လှူဒါန်းခြင်းတိကိုလည်း ပြုလုပ်တတ်ကတ်ပါသီးသည်။ အေစွာတိမှာ ၀ါတွင်းကာလ ရက်မြတ်အခါသမယတိ၌ ကုသိုလ်ကောင်းမှု ရဟိစီခြင်း၊ ဆွီမျိုး အိမ်နီးပါးချင်းတိနန့် ပိုလို့နွီးထွီးစီခြင်း၊ အစိုင်အလာ ဓလိထုံးတမ်းတိကို မပျောက်ပျက်ရအောင် ထိန်းသိမ်း စောင့်ရှောက်ရစီခြင်းတိကြောင့် ရခိုင်လူမျိုးရို့၏ မွန်မြတ်တေ ရိုးရာ ဓလိတိပင် ဖြစ်ပါသည်။
ဤသို့ဖြင့် ဗုဒ္ဓဘာသာဝင် သူတော်စင်အပေါင်းရို့သည် မြတ်စွာဘုရား၏ ထူးခြားမှုတိဟိနီရေ ၀ါဆိုလပြည့်နိနန့် ၀ါတွင်းကာလ ရက်မြတ်အခါသမယတိ၌ အာသဝေါတရား လေးပါးရို့၏ ကုန်ရာကုန်ကြောင်းဖြစ်တေ မဂ်ဖိုလ်နိဗ္ဗာန်ကို ရည်သန်းတောင်းတလျက် ကောင်းမှုကုသိုလ်တိ ပွားများအားထုတ်ကတ်သည်ဆိုလျှင် ယင်းချင့်သည် ရခိုင်လူမျိုးရို့၏ ရှီးအစိုင်အဆက်ကပင် ရိုးရာ ယိုင်ကျေးမှု စိုင်လာမပျက် ကုသိုလ်ကောင်းမှုတိ ပြုလုပ်ကတ်တေ ကာလတိပင် ဖြစ်ပါတော့သည်။
Blogger Widgets