You Are Here: Home - သတင်း - စစ်တွေ (ဒေး)ကျောင်းသားကျောင်းသူတိ ဆန္ဒပြ

စစ်တွေ (ဒေး) Dayကျောင်းသားများ ကျောင်းသား သုံးရာ့ကျော်နိန့်အတူ ဒေနိ နခင်းဖက် ၃ နာရီအချိန်မှာ လမ်းလျောက်ဆန္ဒာပြနီကြရေလို့ သိရသည်။
sittwe-uni-gate
ဆန္ဒပြရခြင်း အကြောင်းမှာ taxi နိန့် လိုင်းကားခ ဇီးတင်လိုက်ခြင်းကြောင့် ယင်းဇီးနှုံးအပေါ် ပြန်ဗနာ လျှော့ချပီးရန် ဆန္ဒပြ တောင်းဆိုနီကတ်တေလို့ သိရသည်။
ဆန္ဒပြရာမှာ ပါဝင်သော ကျောင်းသား တယောက်ကို ရခိုင်ရိုးမက ဖုန်းဖြင့် မိန်းမြန်းကြည့်ရာ “ဆိုက်ကယ်၊ Taxi အပါဝင် ကုန်ဈေးနှုံး ကျဆင်းရေး ဒိုးအရေး လို့ အော်နီကြပါဗျာယ်” လို့ လက်တလော ဖြေဆိုခသည်။

အဆိုပါကျောင်းသားများသည် စစ်တွေမြို့တော်ခန်းမရှေသို့ လမ်းလျှောက်လျှက်ရှိသည့်အတွက်
ပြည်နယ်ဝန်ကြီးချုပ် ကိုယ်တိုင်ရောက်ရှိလာပြီးကေ ဆန္ဒာပြကျောင်းသားများအား
တွေဆုံပြီး စကားပြော ဆွေနွေးခရေလို့လည်း ယင်းကျောင်းသားက ပြောပြသည်။

ဝန်ကြီးချုပ်က “ကျနော် တာဝန်ယူပါတယ် ဆီဈေးဘယ်လောက်ပဲတက်တက် ကားဈေးကတော့
တစ်ရာပဲသတ်မှတ်ပေးပါမယ်”လို့ ကတိပီးခကြောင်း ဆက်ရှင်းပြသည်။
ဒေဂု အခါမှာ လုံခြုံရေးတိကိုစစ်တွေမြို့ နီရာအနှံ့ ချထားကြောင်းလဲ သိရသည်။
Blogger Widgets