You Are Here: Home - အတွီးစချေတိ - Wanted for Arakanese brave revolutionaries!

”ရခိုင့်မျိုးချစ်လူမိုက်များကို အလိုရှိသည်”

(အာဇာနီ ခိုင်မိုးလင်းနိန့် )



ဥက္ကဌ သင်၏ တိုင်းပြည်အတွက်စွန့် လွှတ်မှု

အနစ်နာခံ ကိုယ်ကျိုးစွန့် မှု

သူရဲကောင်းပီသစွာ တော်လှန်ရေးသ္မားကောင်းပီသစွာ

အသက်ကိုပင် စတေးခမှုအတွက်

အကျွန်ုတ် အခါပေါင်းများစွာ

အလေးအနက် အလေးပြုပါသည်။



ဥက္ကဌနည်းတူ အဖရခိုင်ပြည်အတွက်အသက်စွန့် လားကြသော

မရွီမတွက်နှိုင်သည့် အခြားသော ရခိုင့်သူရဲကောင်းများအားလည်း

အကျွန်ုတ် ထို့ နည်းအတူ အလေးအနက်ထား အလေးပြုပါသည်။



မျက်မှောက်ရခိုင့်တော်လှန်ရေးကား

နိဗ္ပာန်ရောက်ကြောင်းတရားကို ဖွေးသာရဖို့ ဟောကြသကဲ့သို့ 

တိုင်းပြည်လွတ်လပ်ရေးတရားကို

တကိုယ်၊ တစုကောင်းစားရေးအတွက်ဟောနိန်ကြသောအခါ

ငါးသန်းသော ရခိုင်ပြည်သူနာသည်။



သာသနာပျက်လျှင် ဿံဃယနာနှင့်ဆက်ကြရသည်။

တော်လှန်ရေးသစ္စာပျက်လျှင်

သွီးမြိန်မကျယိုင်ကျေးမှုတော်လှန်ရေးနှင့်ဆက်ကြသင့်သည်။



ထိုတော်လှန်ရေးကိုဦးဆောင်ဖို့ 

(သူရဲကောင်းကိုးကွယ်ရေခေတ်မဟုတ်ပျာဖြစ်တေအတွက်)

တပ်ဦးပေါင်းများစွာကို အားကိုးတကြီး စောင့်မျှော်ခပါသည်

၎င်းတပ်ဦးပေါင်းများစွာလည်း အများနည်းတူ

မိုးခါးရည်သောက်ကြလီသောအခါ-

ရခိုင်ပြည်သူ့ ဘ၀ကား ဖွတ်နောက်ကုန်းပြာစု ခရုဆံကျွတ်။



တော်လှန်ရေးအောင်ဖို့ အတွက်ပညာတတ်များ အရေးကြီးသည်

သို့ သော် ဘာထရန်ရပ်ဆယ်သည် ရခိုင်ပြည်လွတ်လပ်ရေးကို ယူပီးနှိုင်လိမ္မည်မဟုတ်။



တော်လှန်ရေးအောင်ဖို့ အတွက် အဿပြာအရေးကြီးသည်

သို့ သော်

ဘီးလ်ဂိတ်ကိုဦးဆောင်ခိုင်း၍ ရခိုင်ပြည်လွတ်လပ်ရေးရလီဖို့ မဟုတ်။



အဖရခိုင်ပြည်လွတ်လပ်ဖို့ အတွက်

ဒေ IT ခေတ်မာ သာလကာ (သာလိကာ) ထက်

တိုင်းပြည်နန့် လူမျိုးအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံရေ

ရခိုင့်မျိုးချစ်လူမိုက်များကို အလိုရှိသည်။ ။





ခိုင်ရိုးမ

၉း ၃၅ ညည့်

၃ - ၆ - ၂၀၁၁

NB: အာဇာနီခိုင်မိုးလင်းနိန့် ကိုနိန့် ခင်း ၁ နာရီတွင် ဘုန်းတော်ကြီးကျောင်းတောကျောင်းဝိ

ဟာရ၊ ဖလောင်းချိတ်မြို့ ၌ အ၀ီးရောက် ရခိုင့်တော်လှန်ရေးသ္မားများက စုပေါင်းကျင်း

ပလားမည်ဖြစ်သည်။
Blogger Widgets