You Are Here: Home - ကဗျာ - တော်ဝင်သူအတွက်

သဇင်တစ်ခက်

ပင်မြင့်ထက်မာ

စွဲမက်စရာ

ဂုဏ်ရောင်ဝါနန့်

မဟာရနံ့

မွှီးသင်းပြန့်ရေ

မျိုးသန့်ပန်းမည်

သဇင်ပီ၏။



သဇင်တစ်ခက်

နန်းမြင့်ထက်မာ

လှကြက်သရေ

မြတ်ဂုဏ်ရည်ကြောင့်

မျိုးနွယ်မြင့်မား

နန်းတွင်းသားရို့

ဘုရားလေ့တင်

ဂေါင်းမာဆင်ရေ

တော်ဝင်ပန်းမည်

သဇင်ပီ၏။



သဇင်တစ်ခက်

ပန်းဖျက်လက်မာ

အသက်အသွင်

မြတ်ဂုဏ်အင်နန့်

ဖြူစင်အမျိုး

ရွှီတန်ဖိုးကို

မညှိုးနွမ်းအောင်

သတိဆောင်ကေ

ဘုန်းရောင်နီလ

ပန်းဝံသမာ

သာလီစွလေ

သာလီစွ။ ။



ခိုင်မင်းဇံ(ရခိုင်ပြည်)
Tags: ကဗျာ
Blogger Widgets