ရခိုင်သားတိ-အထူးသတိ

သူရရွှေမန်းနှင့်တွေ့မည့်ကိစ္စမှာ ရခိုင်နှင့် ဘင်္ဂလီငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး အတွက်ဖြစ်သည်။ အခြားမည်သည့် ကိစ္စမျှမဖြစ်နိုင်။မီးကိစ္စ၊ရေကိစ္စ ဆိုသည်မှာ အယောင်ပြထားခြင်းသာဖြစ်သည်။ သို့ပါ၍ ယခုသွားရောက်ကြမည့်ပုဂ္ဂိုလ်များသည် အဆင်မသင့်က သမိုင်းတရားခံများပင်ဖြစ်သွားနိုင်ကြောင်း အထူးသတိထားဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါသည်။

--------------------------------------------
ရခိုင်ဒေသပဋိပက္ခ ကွင်းဆင်းလေ့လာသူများ ၏ နားထောင်ခြင်းလုပ်ငန်းစဉ်အတွင်း တွေ့ရှိမှု အနေအထားအပေါ် သုံးသပ်၊ အကြံပြုချက်
=============

ကျွန်ုပ်တို့ “ရခိုင်ဒေသပဋိပက္ခကွင်းဆင်းလေ့လာသူများ” သည် GDI နှင့် ဆွေသဟာတို့၏ နည်းပညာပံ့ပိုးမှုနှင့်အတူ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကာ ဒေသခံများနှင့်တွေ့ဆုံမေးမြန်းလျက် နားထောင်ခြင်းလုပ်ငန်းစဉ်ကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ယင်းသို့ဆောင်ရွက်ရာတွင်ဘင်္ဂလီများအပေါ်ထားရှိသည့် ရခိုင်တိုင်းရင်းသားတို့၏တူညီသောသဘောထား(၃)ရပ်မှာ-
(၁) ဒေသခံ ရခိုင်တိုင်းရင်းသားတို့အနေဖြင့် ကျူးကျော်လာသူ ဘင်္ဂလီများနှင့် အတူယှဉ်တွဲနေထိုင်ရန်မှာလုံးဝ(လုံးဝ)
မဖြစ်နိုင်တော့ ဟု အခိုင်အမာဆိုကြသည်။
(၂) တရားမ၀င်ခိုးဝင်လာသူ ဘင်္ဂလီများသည် ဘာသာရေးအခြေခံလျက် နယ်မြေလုစစ်ပွဲ ဆင်နွဲနေကြသူများအဖြစ်
ရခိုင်တို့က နက်နက်ရှိုင်းရှိုင်း သတ်မှတ်ခံယူထားကြသည်။
(၃) ဘင်္ဂလီပြဿနာကိုဖြေရှင်းရန် အဓိကတာဝန်ရှိသူမှာ မြန်မာအစိုးရသာလျင် ဖြစ်ပြီး၊ နည်းလမ်းတစ်ရပ် အနေဖြင့်
၁၉၈၂ခုနှစ် နိုင်ငံသားဖြစ်မှုဥပဒေနှင့်အညီ တိကျပြတ်သားမြန်ဆန်စွာ အကောင်အထည်ဖော်ဆောင်ရွက်သင့်သည်
ဟု ရခိုင်တိုင်းရင်းသားတို့က အလေးအနက်ရှုမြင်ကြသည် ကို လေ့လာစီစစ် တွေ့ရှိရပေသည်။

စင်စစ် ကျွန်ုပ်တို့သည် ရခိုင်ဒေသပဋိပက္ခကို ဖြေရှင်းနေကြသူများမဟုတ်။ နားထောင်လေ့လာသူများသာ ဖြစ်သည်။ ကျွန်ုပ်တို့၏ နားထောင်လေ့လာ တွေ့ရှိချက်များအား မြန်မာအစိုးရနှင့်တကွ နိုင်ငံတကာအစိုးရများ၊ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာအဖွဲ့အစည်းများသို့ချပြကာ၊ ရခိုင်ဒေသပဋိပက္ခအား ၀ိုင်းဝန်းအဖြေရှာရာ၌ တစ်စုံတစ်ရာ အထောက်အကူ ဖြစ်စေလိုသောဆန္ဒဖြင့် ယခုလုပ်ငန်းစဉ်၌ ပူးပေါင်းဆောင်ရွက်နေကြခြင်းသာ ဖြစ်သည်။

ပဋိပက္ခနားထောင်သူကျွန်ုပ်တို့ကိုယ်တိုင်ပင်လျှင်အမျိုးဘာသာ၊သာသနာကိုစောင့်ထိန်းရမည့်တာဝန်ရှိသောရခိုင်လူမျိုး
များဖြစ်သည့်အားလျော်စွာ မိမိတို့တမျိုးသားလုံး၏ဆန္ဒကိုမျက်ကွယ်ပြုလျက် ဘယ်သောအခါမျှ ဆောင်ရွက်လိမ္မည် မဟုတ်ဘဲ၊ တိုင်းရင်းသားတို့၏ ရပိုင်ခွင့်များကို အထူအလေးထား၍ ယခုကဲ့သို့ လက်တွဲဆောင်ရွက်ခြင်းပင်ဖြစ်သည်

သို့ရာတွင် ဒေသခံများက ကျွန်ုပ်တို့အား မူဆလင်ဘာသာဝင်တို့ထောက်ပံ့နေသည့် အင်ဂျီအိုတစ်ချို့၏ လက်ဝယ်ခံ အဖြစ်သံသယပွားလျက် နားထောင်ခြင်းလုပ်ငန်းစဉ်အပေါ် ကန့်ကွက်မှုများရှိနေခြင်း၊ကွင်းဆင်းဆောင်ရွက်မှု မစတင်မီ
ကထဲကပင် ယခုလုပ်ငန်းစဉ်နှင့်စပ်လျဉ်း၍ မြို့နယ်တချို့၌ဖြစ်ပွားနေသော ကောလာဟလများကြောင့် ရခိုင် တိုင်းရင်းသားတို့က အထင်အမြင်လွဲမှားကာ လိုက်လံစောင့်ကြည့်၊ ခြိမ်းခြောက်မှုများရှိနေခြင်းနှင့်အတူ နယ်မြေခံ သတင်းတပ်ဖွဲ့နှင့် စရဖတို့၏ စစ်ဆေးမေးမြန်းခြင်းများကိုလည်း ခံခဲ့ကြရသည်။

အထူးသဖြင့်မူဆလင်ကျောထောက်နောက်ခံပြုအဖွဲ့အစည်းများကရခိုင်နှင့်ဘင်္ဂလီတို့အတူယှဉ်တွဲနေထိုင်ရေးအလို့ငှာ
ကြိုးကိုင်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ဝေဖန်ပြောဆိုမှုများကို ကျွန်ုပ်တို့ခရီးစဉ်တစ်လျှောက် တွေ့ကြုံခံစားခဲ့ရသည်။

သို့ပါ၍ နားထောင်ခြင်းလုပ်ငန်းစဉ်တွင် ပူးပေါင်းဆောင်ရွက်နေသော GDI နှင့် ဆွေသဟာ အနေဖြင့် ယခုလုပ်ငန်းစဉ် ဆောင်ရွက်ရခြင်း၏ အဓိကရည်ရွယ်ချက်ကို အများပြည်သူသို့ ပွင့်လင်းမြင်သာစွာ ရှင်းပြပေးပါရန်နှင့် ရခိုင်ဒေသ ပဋိပက္ခဖြေရှင်းရာ၌ ယထာဘူတကျသည့် နည်းဗျူဟာများ ချမှတ်ဆောင်ရွက်နိုင်ရေးအတွက် အောက်ခြေအဆင့် ပကတိဖြစ်ရပ်မှန် ရင်ဖွင့်သံများကိုအခြေခံသည့် အထက်ဖော်ပြပါ ရခိုင်တိုင်းရင်းသားတို့၏ သဘောထား(၃)ရပ်ကို မြန်မာအစိုးရနှင့်နိုင်ငံတကာသို့ ထပ်ဆင့်ရှင်းလင်း တင်ပြပေးပါရန် အထူးမေတ္တာရပ်ခံ အကြံပြုအပ်ပါသည်။

ရခိုင်ဒေသပဋိပက္ခကွင်းဆင်းလေ့လာသူများ
ရက်စွဲ-၂၀၁၃ ခုနှစ်၊ ဇန္န၀ါရီလ ၁၈ ရက်။

By= Thein Hlaing