You Are Here: Home - ပင်မစာမျက်နှာ , သတင်း , အရေးကြီးသတင်းများ - ဆံတော်ရှင်ကျွန်းသို့ ထွက်ပြေးလာသော ဘင်္ဂလီမူဆလင်များရန်ကို ဒေသခံများစိုးရိမ်နေ

564307 142647352538188 1133225612 n 








စစ်တွေမြို့ မြို့သူကြီး၊ တရားသီးစု၊ ရွှေပြားနှင့် တစ်ခြား ရပ်ကွက်များရှိ ရခိုင်အိမ်များအား မီးကူးစက်လောင်ကျွမ်းသွားစေရန်အတွက် သူတို့အိမ်များကို သူတို့ မီးရှို့ထွက်ပြေးသွားသော ဘင်္ဂလီမူဆလင်များမှာ အနောက်ဆံတော်ရှင်ကျွန်းနှင့် ပေါက်တောမြို့နယ် ပိန္နဲချောင်းကျွန်း ဆင်တက်မော်ကျေးရွာအုပ်စုများ ဘက်သို့ ရောက်ရှိနေကြကြောင်း သတင်းရရှိသည်။
ယင်းဘင်္ဂလီမူဆလင်များသည် လွန်ခဲ့သော တနင်္ဂနွေနေ့မှ ယနေ့အထိ ပေါက်တောမြို့ ပိန္နဲချောင်းကျွန်း ဆင်တက်မော်အုပ်စု၊ အနောက်ရဲကုလားရွာသို့ ဆက်တိုက်ရောက်ရှိနေပြီး လူဦးရေ စုစုပေါင်း ၁၈၄၄ဦးနှင့် မော်တော်ဘုတ် ၄၃စီး ရှိကြောင်း သိရှိရသည်။
“သူတို့က ဒီတစ်ပတ်လုံးကို ဆက်တိုက်ဆိုသလို အုပ်စုလိုက် အုပ်စုလိုက် မော်တော်ဘုတ်တွေနဲ့ အဲဒီ အနောက်ရဲကုလားရွာကိုရောက်လာကြတာ၊ အဲဒီတော့ ကျွန်မတို့ ရွာခံတွေလည်း သူတို့ဘယ်အချိန်များ ရွာကိုဝင်လာမလဲဆိုပြီး စိုးရိမ်ပူပင်နေရတယ် ညဆိုရင် ရွာကလူငယ်တွေက မအိပ်ဘဲနဲ့ ကင်းစောင့်ကြတယ်။ မနေ့ကတော့ ရွာလူကြီးတွေနဲ့ အဲဒီဘင်္ဂလီမူဆလင် လူကြီးတွေနဲ့ ညှိနှိုင်းပြီးတော့ သူတို့ ဒီနေ့ထွက်သွားတော့မှာပါလို့ ကတိပေးခဲ့တယ်။ ဒါပေမယ့် အခုထိ သူတို့ ထွက်မသွားသေးဘူး”ဟု အနောက်ရဲကျေးရွာအနီးမှ ကျေးရွာသူတစ်ဦးက ပြောပြသည်။
ယခင်ကတည်းက အနောက်ရဲကုလားရွာ၏ လူဦးရေမှာ တစ်ခြားရခိုင်ရွာများထက် အဆမတန် များပြားလျက်ရှိပြီး ယခု သူတို့အိမ်များကို သူတို့ မီးရှို့ထွက်ပြေးလာသော ဘင်္ဂလီမူဆလင်များ ရောက်ရှိလာခြင်းကြောင့် ပဋိပက္ခ တစ်ခုခုဖြစ်ပေါ်လာမှာကို ဒေသခံများ စိုးရိမ်နေရခြင်းဖြစ်သည်။
အနောက်ဘက်ဆံတော်ရှင်ကျွန်း စစ်ကဲပြင်ကျေးရွာတွင်လည်း လူဦးရေ စုစုပေါင်း ၅၀၀ ကျော်ခန့်နှင့် ဘုတ်အစီး ၂၀ခန့် ရောက်ရှိနေကြောင်းသိရှိရသည်။
“အခု ဘင်္ဂလီမူဆလင်တွေ ရောက်ရှိနေတဲ့ အနောက်ရဲကုလားရွာမှာတော့ ခမရ ၅၄၁ တပ်ရင်းက စစ်သား ၅၀ခန့် လုံခြုံရေးချထားတယ်။ စစ်ကဲပြင်ကျေးရွာနဲ့ ပြိုင်းတောင်ကျေးရွာအတွက် လုံခြုံရေးအင်အားနည်းတဲ့အတွက် တပ်ရင်းမှူးက စစ်တွေကိုအကြောင်းကြားပြီး လုံခြုံရေးအကူအညီတောင်းထားပါတယ်”ဟု စစ်ကဲပြင်ကျေးရွာသား တစ်ဦးမှ Arakan Times သို့ပြောပြသည်။
ရောက်ရှိနေသော ဘင်္ဂလီမူဆလင်များအား စစ်တပ်မှ စားနပ်ရိက္ခာများထောက်ပံ့ထားပြီး ရခိုင်ရွာများသို့ မသွားရောက်နိုင်ရန်အတွက် လုံခြုံရေးအရ အထူးတင်းကျပ်ထားကြောင်းသိရှိရသည်။ သို့သော်လည်း ဒေသခံပြည်သူများမှာ စိုးရိမ်မကင်း ဖြစ်နေကြဆဲဟု သိရှိရသည်။
Blogger Widgets